Thursday 29 January 2015

ကျောင်းသားများ လမ်းလျှောက် ဆန္ဒပြပွဲတွင် ဖောက်ခွဲရေးပြုလုပ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သတင်းများ ထွက်ပေါ်


KIA အဖွဲ့နှင့် မွတ်စလင်အဖွဲ့များက မြန်မာ့တပ်မတော်သုံးမိုင်းနှင့် အခြားဆက် စပ်ဖောက်ခွဲရေးပစ္စည်းများ ရှာဖွေ စုဆောင်း ကာ ကျောင်းသားများ ချီတက်ရာ လမ်းတစ်လျှောက် လူစုလူဝေးရှိသည့်နေရာများတွင် ဖောက်ခွဲရန်စီစဉ်လျက် ရှိကြောင်းနှင့် ပေါက်ကွဲမှုဖြစ်ပွားပါက လူထုအတွင်း ထိခိုက်ဒဏ်ရာရရှိပြီး တပ်မတော်မှ ပြုလုပ်သည်ဟု အချိန်ကိုက် ၀ါဒဖြန့်သတင်းလွှင့်ရန် ကြံစည်နေေ ကြာင်း သိရှိရသည်။

``ဟုတ်တယ်..ကျွန်တော်တို့လည်း သတင်းကြားတယ်၊ KIA နဲ့ မွတ်စလင် အဖွဲ့တွေ ကျောင်းသားတွေချီတက်လာတဲ့ လမ်း ဘေးတစ်လျှောက်က ပြည်သူေ တွကို ထိခိုက်အောင် ဖောက်ခွဲရေးလုပ်မယ်ဆိုပြီး ပြောတာကြားမိတယ်၊ သူတို့ ရည်ရွယ်ချက် ကတော့ တကယ်လို့ ဖြစ်လာပြီး ကျောင်းသားပြည်သူတွေ ထိခိုက် ဒဏ်ရာရလာရင် တပ်မတော်နဲ့ ကျောင်းသားပြည်သူကို ရန်တိုက်ဖို့ ရည်ရွယ် တာပေါ့ဗျာ´´ ဟု မြင်းခြံမြို့မှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ကိုအေးငြိမ်း မှ ပြောဆိုခဲ့သည်။
ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း၌ KIA အဖွဲ့မှ မိုင်းခွဲတိုက်ခိုက်မှုများ ဆက်တိုက်ပြု လုပ်လျက် ရှိရာ ရဲစခန်း ၊ ရဲကင်း ၊ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီများ ၊ အများပြည်သူသုံး လမ်းတံတားများ ၊ မြို့ပေါ် ရပ်ကွက်များ၌ ပြုလုပ်ခဲ့ရာ ရဲဝန်ထမ်းမိသားစုများနှင့် ဒေသခံပြည်သူများ ထိခိုက် ဒဏ်ရာရရှိခဲ့သလို လမ်းတံတားများလည်း မီးလောင်ပျက်စီးခဲ့ရပါသည်။
ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ယမန်နှစ် အတွင်းက အကြမ်းဖက်သမားများနှင့် ပတ်သက် ဆက်နွှယ်သူ မွတ်စလင် ဘာသာဝင် ၃၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဖောက်ခွဲရေး လုပ်ငန်းများ၌ အသုံးပြုနိုင်သည့် ဆိုဒီယမ်နိုက်ထရိတ်ခေါ် ယမ်းစိမ်း များ လျှို့ဝှက်သိုလှောင်ထားသူများကို ဖမ်းဆီးရမိခဲ့သည့် သတင်းကို ပြီးခဲ့တဲ့လက ထုတ်ဝေသည့် 7 Day Journal တွင် ဖော်ပြထားသည်။
ယခုဆန္ဒပြလမ်းလျှောက်နေသော ကျောင်းသားအဖွဲ့များအား အားပေးသည့် ပြည်သူများကို ပစ်မှတ်ထား မိုင်းထောင် ဖောက်ခွဲမည့်သတင်းသည် Online ပေါ်တွင်လည်း ပျံ့နှံ့လျက်ရှိရာ ဒေသခံပြည်သူများအနေဖြင့် လုံခြုံရေးအတွက် စိုးရိမ် ပူပန်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment