Thursday 29 January 2015

ကွန်ဒုံးအများအပြား ပိုင်ဆိုင်တဲ့ အမျိုးသမီးကို ရဲက တရားစွဲ

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်က အမျိုးသမီးတဦးဟာ ၁.၅ တန်အလေးချိန်ရှိတဲ့ အရည်အသွေးမပြည့် မီသော ကွန်ဒုံးတွေကို ပြန်လည်သန့်စင်အသုံးပြုဖို့ရန် ၀ယ်ယူထားပြီး နေလှန်ထားတုန်းမှာ မီးလောင်ခဲ့ပါတယ်တဲ့။

အသက် ၃၈ နှစ်အရွယ်ရှိတဲ့ Naphat Menthong ဆိုသူအမျိုးသမီးဟာ သူမပိုင်ဆိုင်တဲ့ မြေပေါ်မှာ ၁. ၅ တန်ရှိတဲ့ အရည်အသွေး မမီတဲ့ ကွန်ဒုံးတွေကို နေလှန်းထားခဲ့ရာက မီးလောင်သွားတဲ့အတွက် ရဲစခန်းကို လာရောက်တိုင်ချက်ဖွင့်ခဲ့တယ်လို့ သတင်းကဆိုပါတယ်။ သူမကို ရဲများက တရားမ၀င် အန္တရာယ်ရှိတဲ့ အမှိုက်များ သိမ်းဆည်းထားမှုနဲ့ ပြန်လည်တရားစွဲခဲ့တာပါ။

အယုဒ္ဓယခရိုင် Bang Pa မှ အဲ့ဒီအမျိုးသမီးဟာ Bang Ban ခရိုင်တွင်းရှိ မြေကွက်လပ်ထဲမှာ နေရောင်နဲ့ ခြောက်သွေ့အောင် ထားထားတဲ့ ကွန်ဒုံးတွေကို သူပိုင်ဆိုင်ကြောင်း အတည်ပြုရန် ရဲများနဲ့ Bang Ban ရဲစခန်းမှာ တွေ့ဆုံခဲ့တာပါ။ ကွန်ဒုံးအပုံကြီးရဲ့ တစိတ်တပိုင်းကတော့ မီးလောင်ကျွမ်းသွား ခဲ့ပါတယ်။

သူမရဲ့ ရဲစခန်းကို ထွက်ဆိုချက်အရ အဲ့ဒီကွန်ဒုံးတွေကို တတန်လျှင် ဘတ် ၂၀ နှုန်းနဲ့ စုစုပေါင်း ဘတ် ၃ သောင်းဖိုးကို Navanakorn Industrial Estate ကနေ ၀ယ်ယူခဲ့တယ်လို့ဆိုပါတယ်။

နောက် သူမပိုင်မြေပေါ်မှာ သိမ်းဆည်းထားပြီး စမွတ်စခွန် ခရိုင်ရှိ စွန့်ပစ်ပစ္စည်းများ ပြန်လည် သန့်စင် အသုံးပြုမယ့်စက်ရုံသို့ ရောင်းချရန် စောင့်ဆိုင်းနေတာလည်းဖြစ်တယ်လို့ ဆိုပါတယ်။

သူမရဲ့တိုင်ကြားချက်ကို ရဲစခန်းက အမှုဖွင့်ပေးခဲ့ပေမယ့်လည်း Maha Phram ဒေသ မှ ကျန်းမာရေး ဒါရိုက်တာ Suphat Satrukhram က ပြည်နယ်အတွင်းသို့ တရားမ၀င် အန္တရာယ်ရှိသော အမှိုက်များ သယ်ဆောင် လာမှုနဲ့ ပြန်လည် တရားစွဲဆို ထားပါ တယ်တဲ့။

ဧရာဝတီ

No comments:

Post a Comment