Thursday 29 January 2015

ကျောင်းဆရာမနှစ်ဦးအတွက် တပ်က အကူငွေပေးသော်လည်း လက်မခံ

ရှမ်းပြည်နယ်မူဆယ်ခရိုင် ကောင်းခါး ကျေးရွာတွင် အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရသည့် ကချင် ကျောင်း ဆရာမ နှစ်ဦး၏ နာ ရေးတွင် တပ်မတော်က ငွေကြေး အကူအညီလာရောက်ပေးအပ်ခဲ့ သော်လည်း လက်မခံရန် ဆုံးဖြတ်လိုက်ကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ ပြော ရေးဆိုခွင့်ရှိသူ များက ဆိုသည်။

‘‘ဆရာမနှစ်ယောက်အင်မ တန်မှ အနစ်နာခံပြီးတော့ ဒီနေရာ ရောက်လာပြီးတော့ ဒီလိုဖြစ်တဲ့ အတွက် ၀မ်းနည်းတဲ့အကြောင်း ပေါ့။ အထက်က လူကြီးတွေပေး ခိုင်းပါတယ်ဆိုပြီး လာပေးတယ်’’ ဟု KBC ၏ မုံးမောင်းဇုန်နယ်အ တွင်းရေးမှူး ဆရာ ဦးဇော်ရာက ပြောသည်။

တပ်မတော်အရာရှိများလာ ရောက်ပေးအပ်သည့် ငွေကြေးပ မာဏနှင့် မည်သည့်ခေါင်းစဉ် အောက်တွင် လာရောက်ပေးအပ် ကြောင်း တိတိကျကျမသိရှိ ကြောင်း ဆရာဦးဇော်ရာက ပြော သည်။

‘‘ပိုက်ဆံတော့ပါလာတယ်။ ဘယ်လောက်လဲ မသိဘူး။ ပေး တော့ပေးတယ်။ လက်မခံခဲ့ဘူး’’ ဟု ၎င်းက ပြောသည်။

ဆရာမနှစ်ဦးအတွက် တပ် မတော်အရာရှိများက ငွေကြေးလာရောက်ပေးခဲ့ကြောင်းကို ကောင်းခါးရွာမှ ဒေသခံများကလည်း အတည်ပြုပြောကြားခဲ့သည်။

‘‘အကူငွေလို့ ပြောတယ်။ သူတို့နဲ့ ကျွန်တော်တို့ကြားမှာ အဲဒီ ငွေကို လက်မခံသေးဘူး’’ဟု အ မည်မဖော် လို သည့် ကောင်းခါးရွာ သားတစ်ဦးက ပြောသည်။

KBC မှစေလွှတ်လိုက်သည့် အသက် (၂၀)၀န်းကျင်အရွယ် မရန်လုရာနှင့် ခေါန်နန်စင်တို့ သည် ပြီးခဲ့ သည့်နှစ် မေလအတွင်းက ရှမ်းပြည်နယ် မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်ခွဲ နမ့်တောင်းကျေး ရွာအုပ်စု အတွင်းရှိ ကောင်းခါး ကျေးရွာတွင် စေတနာ့ဝန်ထမ်း ဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

အဆိုပါကျောင်းဆရာမငယ်နှစ်ဦးသည် ပြီးခဲ့သည့် ဇန်န၀ါရီ ၁၉ရက်ညပိုင်းတွင် အဓမ္မပြုကျင့် အသတ် ခံခဲ့ရခြင်း ဖြစ်သည်။

7Day DAILY

No comments:

Post a Comment