Thursday 29 January 2015

မော်စကိုတွင် ကျင်းပမည့် ဒုတိယ ကမ္ဘာစစ်နိုင်သည့် နှစ်ပတ်လည် အခမ်းအနားသို့ ကင်မ်ဂျုံအန် တက်ရောက်မည်

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံ-အန်သည် ရုရှားနိုင်ငံ မော်စကို၌ လာမည့် မေလတွင် ကျင်းပမည့် ဒုတိယကမ္ဘာစစ် နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း ရုရှားအစိုးရက ဗုဒ္ဓဟူးနေ့ တွင် အတည်ပြု ထုတ်ပြန်ခဲ့သည်။

ရုရှားက ဖိတ်ကြားသည့် ထိုပွဲသို့ ကင်မ် ကိုယ်တိုင် တက်ရောက်မည် ဆိုပါက ယင်းမှာ မြောက်ကိုရီးယား ခေါင်းဆောင်အတွက် အာဏာရပြီး သုံးနှစ်အတွင်း ပထမဆုံး နိုင်ငံခြားခရီးစဉ် ဖြစ်လာမည်ဖြစ်သည် ။

အဆိုပါ ဒုတိယကမ္ဘာစစ်တွင် နာဇီဂျာမနီအား စစ်နိုင်ခဲ့သည့် နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ရန် တရုတ်သမ္မတရှီကျင်းဖျင်ကိုလည်း ဖိတ်ကြားထားကြောင်းသိရသည် ။ 

Messenger News Journal 

No comments:

Post a Comment