Tuesday 17 June 2014

ဥရောပ၏ ရေပန်းအစားဆုံး ဂျာမနီအသင်း သောမတ်စ်မူလာ၏ ဟက်ထရစ် ဂိုးဖြင့် ပေါ်တူဂီကို ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံခြေစွမ်းပြသခဲ့

Photo: ဥရောပ၏ ရေပန်းအစားဆုံး ဂျာမနီအသင်း သောမတ်စ်မူလာ၏ ဟက်ထရစ် ဂိုးဖြင့် ပေါ်တူဂီကို ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံခြေစွမ်းပြသခဲ့
Tuesday, June 17, 2014

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အုပ်စု(ဆ) အဖွင့်ပွဲစဉ်များကို တနင်္လာနေ့က ယှဉ်ပြိုင်ကစားခဲ့ရာ ဥရောပဒေသခံ အသင်းများထဲမှ ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေသည့် ဂျာမနီအသင်းက ပေါ်တူဂီအသင်းကို ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံခြေစွမ်း ပြသခဲ့ကြောင်း သိရှိရသည်။

ပေါ်တူဂီအသင်းသည် အသင်းခေါင်းဆောင် စီရော်နယ်လ်ဒို ပါဝင်ခဲ့သည့်အပြင် နာနီ၊ မေရဲလက်စ်၊ ပီပီ၊ ကွန်ထရာအို၊ မော် တင်ဟို စသည့် ထိပ်တန်းကစားသမားများ ပါဝင်ကစားခဲ့သော်လည်း ဂျာမနီအသင်းကို ယှဉ်နိုင်စွမ်းမရှိခဲ့ပေ။ ဂျာမနီအသင်းက အမာ ခံကစားသမား ရှဝိန်းစတိုင်ဂါ မပါဝင်နိုင်ခဲ့သလို၊ ၀ါရင့်တိုက်စစ်မှူး ကလိုဆေးကို ပွဲထွက်လူစာရင်းမှ ချန်လှပ်ထားခဲ့သော်လည်း ပေါ်တူဂီအသင်းကို အသာစီးယူကစားသွား နိုင်ခဲ့သည်။ သို့သော် အဓိကအဆုံးအဖြတ် ပေးခဲ့သည်မှာ ပွဲချိန်(၃၇)မိနစ်တွင် ပေါ်တူဂီ နောက်ခံလူပီပီ အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ ရခြင်းဖြစ်ပြီး ယင်းကဲ့သို့ တစ်ယောက်အသာ ရခဲ့ခြင်းကြောင့်လည်း ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့ ခြင်းဖြစ်သည်။ ဂျာမနီအသင်းက ပွဲအစ(၁၂) မိနစ်တွင်ပင် ပယ်နယ်တီအခွင့်အရေးရရှိခဲ့ သည်။ ဂျာမနီအသင်းအတွက် ပွဲ(၅၀)ပြည့် အဖြစ် ပါဝင်ကစားခဲ့သည့် တောင်ပံကစား သမားသောမတ်စ်မူလာက ဂေါ့ဇီကြောင့် ရရှိသည့် ပယ်နယ်တီကို ကန်သွင်းခဲ့ခြင်း ဖြစ်ပြီး (၃၂)မိနစ်တွင် နောက်ခံလူဟမ်း မဲလ်စ်က တိုနီကရူးစ်၏ ပေးပို့မှုမှတစ်ဆင့် ဒုတိယဂိုးထပ်မံသွင်းယူခဲ့သည်။ (၃၇)မိနစ်တွင် သောမတ်စ်မူလာကို ခေါင်းဖြင့်တိုက် ခဲ့သည့်အတွက် ပေါ်တူဂီနောက်ခံလူပီပီ ထုတ်ပယ်ခံခဲ့ရသည့်အတွက် ဂျာမနီအသင်း တစ်ယောက်အသာရရှိသွားခဲ့သည်။ ထို့ ကြောင့် လက်ကျန်ပွဲစဉ်များတွင် ဂျာမနီ အသင်း စိတ်ကြိုက်ဖိကစားသွားနိုင်ခဲ့ပြီး ပေါ်တူဂီအသင်းအနေဖြင့် စီရော်နယ်လ်ဒို၏ ဖရီးကစ်များကိုသာ အားကိုးခဲ့ရသည်။ ဂျာ မနီအသင်းအတွက် ကျန်ဂိုး(၂)ဂိုးကို ပထမ ပိုင်းပြီးခါနီး နာကျင်အချိန်ပိုနှင့် (၇၈)မိနစ်တို့ တွင် သောမတ်စ်မူလာကပင် သွင်းယူခဲ့ပြီး ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပထမဆုံးဟက် ထရစ်ဂိုးသွင်းနိုင်သူလည်း ဖြစ်ခဲ့သည်။

Eleven Media Group 

ဂျာမနီအသင်းအတွက် ဟက်ထရစ်သွင်းယူပေးခဲ့သည့် သောမတ်စ်မူလာ၏ ဂိုးကန်သွင်းမှု (Photo - AFP)

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အုပ်စု(ဆ) အဖွင့်ပွဲစဉ်များကို တနင်္လာနေ့က ယှဉ်ပြိုင်ကစားခဲ့ရာ ဥရောပ ဒေသခံ အသင်းများထဲမှ ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေသည့် ဂျာမနီအသင်းက ပေါ်တူဂီအသင်းကို ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံခြေစွမ်း ပြသခဲ့ကြောင်း သိရှိရသည်။

ပေါ်တူဂီအသင်းသည် အသင်းခေါင်းဆောင် စီရော်နယ်လ်ဒို ပါဝင်ခဲ့သည့်အပြင် နာနီ၊ မေရဲလက်စ်၊ ပီပီ၊ ကွန်ထရာအို၊ မော် တင်ဟို စသည့် ထိပ်တန်းကစားသမားများ ပါဝင်ကစားခဲ့သော်လည်း ဂျာမနီအသင်းကို ယှဉ်နိုင်စွမ်းမရှိခဲ့ပေ။ ဂျာမနီအသင်းက အမာ ခံကစားသမား ရှဝိန်းစတိုင်ဂါ မပါဝင်နိုင်ခဲ့သလို၊ ၀ါရင့်တိုက်စစ်မှူး ကလိုဆေးကို ပွဲထွက်လူစာရင်းမှ ချန်လှပ်ထားခဲ့သော်လည်း ပေါ်တူဂီအသင်းကို အသာစီးယူကစားသွား နိုင်ခဲ့သည်။ သို့သော် အဓိကအဆုံးအဖြတ် ပေးခဲ့သည်မှာ ပွဲချိန်(၃၇)မိနစ်တွင် ပေါ်တူဂီ နောက်ခံလူပီပီ အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ ရခြင်းဖြစ်ပြီး ယင်းကဲ့သို့ တစ်ယောက်အသာ ရခဲ့ခြင်းကြောင့်လည်း ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့ ခြင်းဖြစ်သည်။ ဂျာမနီအသင်းက ပွဲအစ(၁၂) မိနစ်တွင်ပင် ပယ်နယ်တီအခွင့်အရေးရရှိခဲ့ သည်။ ဂျာမနီအသင်းအတွက် ပွဲ(၅၀)ပြည့် အဖြစ် ပါဝင်ကစားခဲ့သည့် တောင်ပံကစား သမားသောမတ်စ်မူလာက ဂေါ့ဇီကြောင့် ရရှိသည့် ပယ်နယ်တီကို ကန်သွင်းခဲ့ခြင်း ဖြစ်ပြီး (၃၂)မိနစ်တွင် နောက်ခံလူဟမ်း မဲလ်စ်က တိုနီကရူးစ်၏ ပေးပို့မှုမှတစ်ဆင့် ဒုတိယဂိုးထပ်မံသွင်းယူခဲ့သည်။ (၃၇)မိနစ်တွင် သောမတ်စ်မူလာကို ခေါင်းဖြင့်တိုက် ခဲ့သည့်အတွက် ပေါ်တူဂီနောက်ခံလူပီပီ ထုတ်ပယ်ခံခဲ့ရသည့်အတွက် ဂျာမနီအသင်း တစ်ယောက်အသာရရှိသွားခဲ့သည်။ ထို့ ကြောင့် လက်ကျန်ပွဲစဉ်များတွင် ဂျာမနီ အသင်း စိတ်ကြိုက်ဖိကစားသွားနိုင်ခဲ့ပြီး ပေါ်တူဂီအသင်းအနေဖြင့် စီရော်နယ်လ်ဒို၏ ဖရီးကစ်များကိုသာ အားကိုးခဲ့ရသည်။ ဂျာ မနီအသင်းအတွက် ကျန်ဂိုး(၂)ဂိုးကို ပထမ ပိုင်းပြီးခါနီး နာကျင်အချိန်ပိုနှင့် (၇၈)မိနစ်တို့ တွင် သောမတ်စ်မူလာကပင် သွင်းယူခဲ့ပြီး ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပထမဆုံးဟက် ထရစ်ဂိုးသွင်းနိုင်သူလည်း ဖြစ်ခဲ့သည်။

Eleven Media Group 

No comments:

Post a Comment