Tuesday 17 June 2014

မြန်မာနိုင်ငံရှိ လူဦးရေတစ်သိန်းတွင် လူ(၁၅၀)ကင်ဆာရောဂါဖြစ်နေ

မြန်မာနိုင်ငံတွင် တစ်နေ့တခြား ကင်ဆာရောဂါဖြစ်ပွားသည့်နှုန်းမြင့်တက်နေပြီး ခန့်မှန်းလူဦးရေတစ်သိန်း တွင် ကင်ဆာရောဂါဖြစ်ပွားသူ(၁၅၀)လောက် ရှိသည်ဟု မြန်မာနိုင်ငံဆရာဝန်များအသင်း၊ ကင်ဆာ ရောဂါကုသ ကာကွယ်ရေးအဖွဲ့မှ ပါမောက္ခဆရာဝန်ကြီး တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာရောဂါများ အများဆုံး ဖြစ်ပွား နေပြီး ဆေးကုသမှုစစ်တမ်းများအရ အမျိုးသမီးများက အမျိုးသားများထက်ပိုပြီးဖြစ်ပွားနေသည်ဟု သိရ သည်။

ယခုလိုကင်ဆာရောဂါဖြစ်ပွားရသည့်အကြောင်းအရင်းများအနက် အစား အသောက်ကြောင့်ဖြစ်ပွားရသည့် နှုန်းမှာ(၃၅)ရာခိုင်နှုန်းနှင့် အများဆုံးဖြစ်သည်ဟု သိရသည်။ ထို့အပြင် ဆေးလိပ်နှင့်ဆေးရွက်ကြီးကြောင့်
(၃၀)ရာခိုင်နှုန်းဗိုင်းရပ်စ်ပိုးကြောင့်(၁၀)ရာခိုင်နှုန်း၊ လိင်ဆက်ဆံမှုကြောင့် (၇)ရာခိုင်နှုန်းအသီးသီးရှိနေ သည်ဟု သိရသည်။

မြန်မာနိုင်ငံအပါအ၀င်ကမ္ဘာပေါ်တွင် ဖြစ်ပွားသော ရောဂါများမှာ အဆုတ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အစာ အိမ် နှင့် အူလမ်းကြောင်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာနှင့် ရင်သားကင်ဆာတို့ဖြစ်သည်ဟု သိရသည်။ ကမ္ဘာပေါ်တွင် နှစ်စဉ်ကင်ဆာရောဂါ ဖြစ်ပွားသူ(၃၂ ဒသမ ၆)သန်းခန့်ရှိသည်ဟု သိရသည်။ 

ကမ္ဘာကျန်းမာရေးအဖွဲ့၏ အစီရင်ခံစာအရနှစ်စဉ်ကင်ဆာရောဂါကြောင့် သေဆုံးသူများထဲတွင် အဆုတ် ကင်ဆာကြောင့်သေဆုံးသူအများဆုံးဖြစ်ပြီး တစ်နှစ်လျှင်သေဆုံးသူ (၁ ဒသမ ၅၉)သန်း ရှိသည်ဟု သတင်း ရရှိသည်။

Skynet TV Browser 

No comments:

Post a Comment