Tuesday 17 June 2014

ဘော့စနီးယားကို အနိုင်ရခဲ့သော်လည်း အာဂျင်တီးနား တိုးတက်မှုရှိရန် လိုအပ်နေသေးသည်ဟု မက်ဆီပြော

Photo: ဘော့စနီးယားကို အနိုင်ရခဲ့သော်လည်း အာဂျင်တီးနား တိုးတက်မှုရှိရန် လိုအပ်နေသေးသည်ဟု မက်ဆီပြော
Tuesday, June 17, 2014

ဘော့စနီးယားနှင့် ကစားခဲ့သည့် အုပ်စုအဖွင့် ပွဲစဉ်တွင် အနိုင်ရရှိခဲ့သော်လည်း မိမိတို့အသင်း အနေနှင့် တိုးတက်မှုရှိရန် လိုအပ်နေဆဲ ဖြစ်ကြောင်း အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီက ပြောကြားခဲ့သည်ဟု Daily Mail သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ 

အဆိုပါပွဲစဉ်တွင် မက်ဆီသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အကောင်းဆုံး သွင်းဂိုးများအနက် တစ်ဂိုး အပါအဝင်အဖြစ် သတ်မှတ်နိုင်သော သွင်းဂိုးတစ်ဂိုးကို လှလှပပ သွင်းယူနိုင်ခဲ့သည်။ 

သို့သော် ပထမပိုင်းတွင် အာဂျင်တီးနားအသင်း၏ ကစားပုံမှာ စိတ်ပျက်စရာ ကောင်းနေခဲ့ပြီး အဆုံးသတ်၌ ၂-၁ ဖြင့် အနိုင်ရသောကြောင့် စိတ်သက်သာရာ ရမိသည်ဟု မက်ဆီက ဝန်ခံခဲ့သည်။ 

မက်ဆီက “သုံးမှတ်အပြည့် ယူနိုင်ခဲ့ပြီး တာထွက်ကောင်းခဲ့တာက အရေးကြီးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မဖြစ်မနေ တိုးတက်မှု ရှိအောင် လုပ်ဆောင်ရမယ့် အရာတွေ ရှိနေသေးတယ်။ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ၊ စိုးရိမ်စရာတွေနဲ့ ကစားရတာက မလွယ်ဘူး။ ဒါပေမဲ့ အရေးကြီးတာကတော့ ရလဒ်ပါပဲ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ကစားပုံ ပိုကောင်းလာခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုတွေရော အခွင့်အရေး ဖန်တီးနိုင်မှုတွေပါ ပိုပြီး လုပ်နိုင်ခဲ့ကြတယ်” ဟု ပြောဆိုခဲ့သည်။

The Voice Weekly
ဘော့စနီးယားနှင့် ကစားခဲ့သည့် အုပ်စုအဖွင့် ပွဲစဉ်တွင် အနိုင်ရရှိခဲ့သော်လည်း မိမိတို့အသင်း အနေနှင့် တိုးတက်မှုရှိရန် လိုအပ်နေဆဲ ဖြစ်ကြောင်း အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီက ပြောကြားခဲ့သည်ဟု Daily Mail သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ 

အဆိုပါပွဲစဉ်တွင် မက်ဆီသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အကောင်းဆုံး သွင်းဂိုးများအနက် တစ်ဂိုး အပါအဝင် အဖြစ် သတ်မှတ်နိုင်သော သွင်းဂိုးတစ်ဂိုးကို လှလှပပ သွင်းယူနိုင်ခဲ့သည်။ 

သို့သော် ပထမပိုင်းတွင် အာဂျင်တီးနားအသင်း၏ ကစားပုံမှာ စိတ်ပျက်စရာ ကောင်းနေခဲ့ပြီး အဆုံးသတ်၌ ၂-၁ ဖြင့် အနိုင်ရသောကြောင့် စိတ်သက်သာရာ ရမိသည်ဟု မက်ဆီက ဝန်ခံခဲ့သည်။ 

မက်ဆီက “သုံးမှတ်အပြည့် ယူနိုင်ခဲ့ပြီး တာထွက်ကောင်းခဲ့တာက အရေးကြီးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မဖြစ်မနေ တိုးတက်မှု ရှိအောင် လုပ်ဆောင်ရမယ့် အရာတွေ ရှိနေသေးတယ်။ စိတ်အနှောင့်အယှက် ဖြစ် စရာတွေ၊ စိုးရိမ်စရာတွေနဲ့ ကစားရတာက မလွယ်ဘူး။ ဒါပေမဲ့ အရေးကြီးတာကတော့ ရလဒ်ပါပဲ။ ဒုတိယ ပိုင်းမှာ ကျွန်တော်တို့ ကစားပုံ ပိုကောင်းလာခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုတွေရော အခွင့်အရေး ဖန်တီးနိုင်မှု တွေပါ ပိုပြီး လုပ်နိုင်ခဲ့ကြတယ်” ဟု ပြောဆိုခဲ့သည်။

The Voice Weekly 

No comments:

Post a Comment