Tuesday 17 June 2014

သံတွဲပဋိပက္ခတွင် ဖမ်းဆီးစစ်ဆေး ခံရသူများထဲမှ ၁၃ ဦးကို ပြန်လွှတ်

သံတွဲပဋိပက္ခတွင် သံသ ယရှိသူဟု ယူဆ၍ ဖမ်းဆီးစစ် ဆေးခံနေရသူများအနက် ၁၃ ဦး မှာ ဇွန်လ ၁၆ ရက်က တရားသေ လွတ်မြောက်လာကြောင်း သ တင်းရရှိသည်။

စစ်ဆေးခံရသူများအနက် အမျိုးသမီးတစ်ဦး အပါအ၀င် ၁၃ ဦးကို သံတွဲခရိုင်တရားရုံးမှ စွဲချက်မတင် သင့်ကြောင်း ဆုံးဖြတ် ၍ တရားသေလွှတ်ပေးရန် အမိန့် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သံတွဲ ခရိုင်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

စက်တင်ဘာလနှောင်းပိုင်း က သံတွဲမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများတွင် ပါဝင်ပတ် သက်သည်ဟု ယူဆရသူ ၄၀ နီး ပါးကို ပုဒ်မ ၃၀၂၊ ၄၃၆ နှင့် ၃၄ တို့ဖြင့် ဖမ်းဆီးစစ်ဆေးနေခြင်း ဖြစ်သည်။

သံတွဲထောင်တွင် ရှစ်လ ကျော် ဖမ်းဆီးစစ်ဆေးခံနေရသူ များမှာ တရားခံ အစစ်အမှန်များ မဟုတ်ဘဲ ကာလရှည်ကြာစွာ ထောင်တွင်းနေထိုင်ခဲ့ရမှုကြောင့် နစ်နာမှုများရှိကြောင်း ကာယကံ ရှင် မိသားစုဝင်များနှင့် နီးစပ်သူ များက ပြောသည်။

‘‘ဥပဒေရဲ့ အခန်းကဏ္ဍက နည်းနည်းပျော့နေသလားလို့ ခံစားရပါတယ်။ တကယ်မဟုတ် ဘူးဆိုရင်လည်း စောစောပြန် လွှတ်စေချင်ပါတယ်’’ ဟု ရခိုင် လူမှုကွန်ရက် (သံတွဲ) မှ ဦးစိန်ချစ် က ဆိုသည်။

ကျန်ရှိသူ ၁၀ ဦးအနက် ခုနစ် ဦးကို ပုဒ်မ ၄၃၆၊ ၃၄၊ သုံးဦးကို ပုဒ်မ ၃၀၂ နှင့် ၃၄ တို့ဖြင့် စစ် ဆေးနေခြင်းဖြစ်ကြောင်း အထက် ပါပုဂ္ဂိုလ်က ဆိုသည်။

သံတွဲပဋိပက္ခတွင် သံသယ ရှိသူဟု ယူဆပြီး ဖမ်းဆီးခြင်းခံရ သူများအနက် သမ္မတ လွတ်ငြိမ်း ချမ်းသာခွင့် အပါအ၀င် ၂၈ ဦး လွတ်မြောက်ခဲ့ပြီး နှစ်ဦး ပြစ်ဒဏ် ချမှတ်ခြင်းခံရကာ ၁၀ ဦးကျန်ရှိ နေသေးကြောင်း ရခိုင်လူမှု ကွန် ရက် (သံတွဲ)မှ သတင်းရရှိသည်။

ယမန်နှစ် စက်တင်ဘာလ နှောင်းပိုင်းက ဖြစ်ပွားခဲ့သော သံ တွဲပဋိပက္ခများအတွင်း ခုနစ်ဦး သေဆုံးခဲ့ပြီး လူဦးရေ ၅၀၀ နီးပါး အိုးမဲ့အိမ့်မဲ့ဖြစ်ခဲ့ရသည်။

7Day DAILY

No comments:

Post a Comment