Tuesday 17 June 2014

Mobile Money ဝန်ဆောင်မှု ပေးရန် Ooredoo က CB Bank နှင့် ပူးပေါင်းထားကြောင်း ထုတ်ဖော် ပြောဆို

Photo: Mobile Money ဝန်ဆောင်မှု ပေးရန် Ooredoo က CB Bank နှင့် ပူးပေါင်း ထားကြောင်း ထုတ်ဖော် ပြောဆို
Tuesday, June 17, 2014

ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် Ooredoo မြန်မာသည် ၎င်းတို့၏ Mobile Money ဝန်ဆောင်မှု လုပ်ငန်း လည်ပတ်နိုင်ရန် ပြည်တွင်း ဘဏ်တစ်ခုဖြစ်သည့် CB Bank နှင့် လက်တွဲ ပူးပေါင်း ထားကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
 
ဘဏ်စာရင်း မရှိသူများအနေဖြင့် ငွေကြေး လွှဲပြောင်းခြင်း၊ ငွေကြေး လက်ခံခြင်းများ ပြုလုပ်နိုင်ရန် Mobile Money ဝန်ဆောင်မှုကို စီစဉ် ဆောင်ရွက်ခြင်းဖြစ်ပြီး အကောင်အထည် ဖော်ဆောင်ရန်အတွက် ဆက်သွယ်ရေး အော်ပရေတာနှင့် ဘဏ်လုပ်ငန်းများ မဖြစ်မနေ ပူးပေါင်းရန် လိုအပ်ကြောင်း သိရသည်။
 
“Mobile Money ဆိုတာ ဘဏ်နဲ့ဆက်သွယ်စရာ မလိုဘဲ ငွေကြေးတွေ လွှဲနိုင်တယ်။ လက်ခံနိုင်တယ်။ ဈေးဝယ်ခြင်း၊ လခ လက်ခံခြင်းတွေလည်း လုပ်ဆောင်နိုင်တဲ့ ဝန်ဆောင်မှုပါ။ မိုဘိုင်းဖုန်းထဲက ပိုက်ဆံအိတ်လို့လည်း ပြောလို့ရတယ်။ ဒီအတွက် Ooredoo က CB Bank နဲ့လက်တွဲထားပါတယ်” ဟု Ooredoo မှ ပြောရေးဆိုခွင့် ရှိသူ ဒေါ်သီရိကြာညိုက ပြောသည်။
 
CB Bank သည် လက်ရှိအချိန်၌ ဘဏ်နှင့် ပတ်သက်သည့် တိုးချဲ့ လုပ်ကိုင်ခွင့် အများအပြားကို လုပ်ကိုင်ခွင့် ရရှိနေသည့် ပြည်တွင်းအခြေစိုက် ဘဏ်တစ်ခု ဖြစ်ပြီး မကြာမီက Mobile Banking စနစ်ကိုလည်း မိတ်ဆက် ပြသခဲ့သည့် ပထမဦးဆုံး ဘဏ်လည်း ဖြစ်သည်။
 
၎င်းသည် မိုဘိုင်းဖုန်း အသုံးပြု ၍ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နိုင်သည့် ဝန်ဆောင်မှုကို ပေးအပ်နေသည့်အပြင် နိုင်ငံတကာ၌ အသုံးပြုနေသည့် visa ကတ်နှင့် Master ကတ်ဝန်ဆောင်မှုများကို လည်း ပြည်တွင်း၌ ဝန်ဆောင်မှု ပေးအပ်နေသည့် ဘဏ်ဖြစ်သည်။
 
နိုင်ငံခြား ငွေလွှဲလက်ခံသည့် လုပ်ငန်းများ၊ e Banking ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း လုပ်ကိုင်နေပြီး ယခုအခါ၌ ပြည်တွင်းသို့ ဝင်ရောက် လာသည့် အင်အားကြီး ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် Ooredoo နှင့်ပူးပေါင်း၍ Mobile Money ကို ဝန်ဆောင်မှုပေးရန် စတင်ခဲ့ခြင်းဖြစ်သည်။
 
7Day DAILY
ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် Ooredoo မြန်မာသည် ၎င်းတို့၏ Mobile Money ဝန်ဆောင်မှု လုပ်ငန်း လည်ပတ်နိုင်ရန် ပြည်တွင်း ဘဏ်တစ်ခုဖြစ်သည့် CB Bank နှင့် လက်တွဲ ပူးပေါင်း ထားကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

 ဘဏ်စာရင်း မရှိသူများအနေဖြင့် ငွေကြေး လွှဲပြောင်းခြင်း၊ ငွေကြေး လက်ခံခြင်းများ ပြုလုပ်နိုင်ရန် Mobile Money ဝန်ဆောင်မှုကို စီစဉ် ဆောင်ရွက်ခြင်းဖြစ်ပြီး အကောင်အထည် ဖော်ဆောင်ရန်အတွက် ဆက်သွယ်ရေး အော်ပရေတာနှင့် ဘဏ်လုပ်ငန်းများ မဖြစ်မနေ ပူးပေါင်းရန် လိုအပ်ကြောင်း သိရသည်။

“Mobile Money ဆိုတာ ဘဏ်နဲ့ဆက်သွယ်စရာ မလိုဘဲ ငွေကြေးတွေ လွှဲနိုင်တယ်။ လက်ခံနိုင်တယ်။ ဈေးဝယ်ခြင်း၊ လခ လက်ခံခြင်းတွေလည်း လုပ်ဆောင်နိုင်တဲ့ ဝန်ဆောင်မှုပါ။ မိုဘိုင်းဖုန်းထဲက ပိုက်ဆံအိတ်လို့လည်း ပြောလို့ရတယ်။ ဒီအတွက် Ooredoo က CB Bank နဲ့လက်တွဲထားပါတယ်” ဟု Ooredoo မှ ပြောရေးဆိုခွင့် ရှိသူ ဒေါ်သီရိကြာညိုက ပြောသည်။

CB Bank သည် လက်ရှိအချိန်၌ ဘဏ်နှင့် ပတ်သက်သည့် တိုးချဲ့ လုပ်ကိုင်ခွင့် အများအပြားကို လုပ်ကိုင်ခွင့် ရရှိနေသည့် ပြည်တွင်းအခြေစိုက် ဘဏ်တစ်ခု ဖြစ်ပြီး မကြာမီက Mobile Banking စနစ်ကိုလည်း မိတ်ဆက် ပြသခဲ့သည့် ပထမဦးဆုံး ဘဏ်လည်း ဖြစ်သည်။

၎င်းသည် မိုဘိုင်းဖုန်း အသုံးပြု ၍ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နိုင်သည့် ဝန်ဆောင်မှုကို ပေးအပ်နေသည့်အပြင် နိုင်ငံတကာ၌ အသုံးပြုနေသည့် visa ကတ်နှင့် Master ကတ်ဝန်ဆောင်မှုများကို လည်း ပြည်တွင်း၌ ဝန်ဆောင်မှု ပေးအပ်နေသည့် ဘဏ်ဖြစ်သည်။

နိုင်ငံခြား ငွေလွှဲလက်ခံသည့် လုပ်ငန်းများ၊ e Banking ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း လုပ်ကိုင်နေပြီး ယခုအခါ၌ ပြည်တွင်းသို့ ဝင်ရောက်လာသည့် အင်အားကြီး ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် Ooredoo နှင့်ပူးပေါင်း၍ Mobile Money ကို ဝန်ဆောင်မှုပေးရန် စတင်ခဲ့ခြင်းဖြစ်သည်။

7Day DAILY 

No comments:

Post a Comment