Tuesday 17 June 2014

စက်သုံးဆီအရောင်းဆိုင်နှင့် သိုလှောင်ကန်များ တည်ဆောက်ခွင့်လိုင်စင် လျှောက်ထားမှုနှင့်ပတ်သက်၍ ဖြေလျှော့ပေး

Photo: စက်သုံးဆီအရောင်းဆိုင်နှင့် သိုလှောင်ကန်များ တည်ဆောက်ခွင့်လိုင်စင် လျှောက်ထားမှုနှင့်ပတ်သက်၍ ဖြေလျှော့ပေး
Tuesday, June 17, 2014 

ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်တွင် စက်သုံးဆီဖြည့်နေသော ကားများကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
စက်သုံးဆီအရောင်းဆိုင် များနှင့် သိုလှောင်ကန်စခန်းများ တည်ဆောက်ခွင့် လိုင်စင်လျှောက် ထားရာတွင် မလိုအပ်သော အ ချက်နှစ်ချက်ကို  စွမ်းအင်ဝန်ကြီး ဌာနက စတင်ဖြေလျှော့လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

 ယခင်က စက်သုံးဆီ အ ရောင်းဆိုင်နှင့် သိုလှောင်ကန် စခန်း တည်ဆောက်ရာတွင် လျှောက်ထားသော လုပ်ငန်းရှင် က တည်ဆောက်မည့်နေရာ၏ မြေယာပိုင်ဆိုင်မှု၊ စာချုပ်စာတမ်း များ၊ စက်သုံးဆီ ၀ယ်ယူသည့် ကုမ္ပဏီ၏ စာချုပ်စာတမ်းများနှင့် ထောက်ခံချက်များကို စွမ်းအင်ဝန်ကြီးဌာနသို့ ပူးတွဲတင်ပြရသည်။

‘‘တချို့အချက်အလက်တွေ က မလိုအပ်ဘဲ ပါနေတာတွေ ရှိ တယ်။ တကယ့်လက်တွေ့မှာ သူ တို့အတွက် မကိုက်ဘူး။ စက်သုံး ဆီဝယ်ယူရတဲ့ ကုမ္ပဏီရဲ့ ထောက် ခံချက်ကိုတောင်းတော့ နောက် ပိုင်း အဲဒီကုမ္ပဏီက မ၀ယ်တော့ ဘူးဆိုရင် လိုင်စင်ကိစ္စမှာ ပြဿ နာတက်တော့ အဲဒီအချက်ကို ပယ်ဖျက်လိုက်တာပါ။ အဲဒီအစား လိုအပ်တာတွေ အသေးစိတ် ထပ်လုပ်လိုက်တယ်’’ ဟု မြန်မာ့ ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အသစ်ပြင်ဆင်လိုက်သည့် စက်သုံးဆီ အရောင်းဆိုင်လိုင်စင် လျှောက်ထားမှု ပုံစံသစ်သည် လျှောက်ထားသူ၏ အမည်၊ မှတ် ပုံတင်၊ ကုမ္ပဏီအမည်၊ မှတ်ပုံ တင်၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်း နံပါတ်၊ တည်နေရာနှင့် အကျယ် အ၀န်း၊ လျှောက်ထားလိုသည့် လုပ်ငန်းလိုင်စင်အမျိုးအစား၊ သို လှောင်ဖြန့်ဖြူးရောင်းချမည့် စက် သုံးဆီအမျိုးအစားနှင့် ၀င်ဆံ့နိုင် သည့် ဆီဂါလန်ပမာဏ၊ အရောင်း ဆိုင်၊ သိုလှောင်စခန်း၏ဒီဇိုင်းပုံစံ၊ အကွက်ပုံစံ၊ ပြည်နယ်နှင့် တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ထောက်ခံချက်စသည်တို့ ပါဝင်သည်။

၂၀၁၀ ပြည့်နှစ်မှစတင်၍ ၂၀၁၄ ခုနှစ်အထိ ပုဂ္ဂလိက စက် သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ခွင့် လျှောက်ထားသော ဆိုင် ၁၃၀၀ နီးပါးရှိရာမှ ၂၀၁၃ နှစ်ကုန်ပိုင်း တွင် ဆိုင်ပေါင်း ၈၀၁ ဆိုင် လိုင် စင်ချထားခဲ့သည်။ ယခု နှစ်ဆန်း ပိုင်းတွင် ပြည်နယ်နှင့် တိုင်းဒေသ ကြီးများတွင် စက်သုံးဆီအရောင်း ဆိုင်ဖွင့်လှစ်ရန် ဆိုင်ပေါင်း ၆၁ ဆိုင်ကို ထပ်မံခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယခုအခါ မြန်မာတစ်နိုင်ငံ လုံးတွင် စွမ်းအင်ဝန်ကြီးဌာနက ခွင့်ပြုထားသည့် ပုဂ္ဂလိက စက် သုံးဆီဆိုင်ပေါင်း ၁၁၃၂ ဆိုင်ရှိ  ပြီး ပုဂ္ဂလိက စက်သုံးဆီသိုလှောင် စခန်း ခုနစ်ခုရှိလာပြီဟု သတင်း ရရှိသည်။

စက်သုံးဆီ ရောင်းချခြင်းကို စွမ်းအင်ဝန်ကြီးဌာနက လုပ် ဆောင်ခဲ့ရာမှ ၂၀၁၀ ပြည့်နှစ် တွင် ပုဂ္ဂလိကသို့ စတင်လုပ်ကိုင် ခွင့်ပေးခဲ့သည်။ ယခင် စွမ်းအင် ၀န်ကြီးဌာနက ရောင်းချနေသည့် စက်သုံးဆီဆိုင်  ၂၆၁  ဆိုင်ကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် လွှဲ ပြောင်းပေးခဲ့သည့်အပြင် စက်သုံး ဆီဆိုင် အသစ်ရောင်းချလိုသူများ လိုင်စင်လျှောက်ခွင့်ကိုလည်း ခွင့် ပြုခဲ့သည်။

7Day DAILY
ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်တွင် စက်သုံးဆီဖြည့်နေသော ကားများကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
စက်သုံးဆီအရောင်းဆိုင် များနှင့် သိုလှောင်ကန်စခန်းများ တည်ဆောက်ခွင့် လိုင်စင်လျှောက် ထားရာတွင် မလိုအပ်သော အ ချက်နှစ်ချက်ကို  စွမ်းအင်ဝန်ကြီး ဌာနက စတင်ဖြေလျှော့လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။


 ယခင်က စက်သုံးဆီ အ ရောင်းဆိုင်နှင့် သိုလှောင်ကန် စခန်း တည်ဆောက်ရာတွင် လျှောက်ထားသော လုပ်ငန်းရှင် က တည်ဆောက်မည့်နေရာ၏ မြေယာပိုင်ဆိုင်မှု၊ စာချုပ်စာတမ်း များ၊ စက်သုံးဆီ ၀ယ်ယူသည့် ကုမ္ပဏီ၏ စာချုပ်စာတမ်းများနှင့် ထောက်ခံချက်များကို စွမ်းအင်ဝန်ကြီးဌာနသို့ ပူးတွဲတင်ပြရသည်။

‘‘တချို့အချက်အလက်တွေ က မလိုအပ်ဘဲ ပါနေတာတွေ ရှိ တယ်။ တကယ့်လက်တွေ့မှာ သူ တို့အတွက် မကိုက်ဘူး။ စက်သုံး ဆီဝယ်ယူရတဲ့ ကုမ္ပဏီရဲ့ ထောက် ခံချက်ကိုတောင်းတော့ နောက် ပိုင်း အဲဒီကုမ္ပဏီက မ၀ယ်တော့ ဘူးဆိုရင် လိုင်စင်ကိစ္စမှာ ပြဿ နာတက်တော့ အဲဒီအချက်ကို ပယ်ဖျက်လိုက်တာပါ။ အဲဒီအစား လိုအပ်တာတွေ အသေးစိတ် ထပ်လုပ်လိုက်တယ်’’ ဟု မြန်မာ့ ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အသစ်ပြင်ဆင်လိုက်သည့် စက်သုံးဆီ အရောင်းဆိုင်လိုင်စင် လျှောက်ထားမှု ပုံစံသစ်သည် လျှောက်ထား သူ၏ အမည်၊ မှတ် ပုံတင်၊ ကုမ္ပဏီအမည်၊ မှတ်ပုံ တင်၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်း နံပါတ်၊ တည်နေရာနှင့် အကျယ် အ၀န်း၊ လျှောက်ထားလိုသည့် လုပ်ငန်းလိုင်စင်အမျိုးအစား၊ သို လှောင်ဖြန့်ဖြူးရောင်းချမည့် စက် သုံးဆီအမျိုးအစားနှင့် ၀င်ဆံ့နိုင် သည့် ဆီဂါလန်ပမာဏ၊ အရောင်း ဆိုင်၊ သိုလှောင်စခန်း၏ဒီဇိုင်းပုံစံ၊ အကွက်ပုံစံ၊ ပြည်နယ်နှင့် တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ထောက်ခံချက်စသည်တို့ ပါဝင်သည်။

၂၀၁၀ ပြည့်နှစ်မှစတင်၍ ၂၀၁၄ ခုနှစ်အထိ ပုဂ္ဂလိက စက် သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ခွင့် လျှောက် ထားသော ဆိုင် ၁၃၀၀ နီးပါးရှိရာမှ ၂၀၁၃ နှစ်ကုန်ပိုင်း တွင် ဆိုင်ပေါင်း ၈၀၁ ဆိုင် လိုင် စင်ချထားခဲ့သည်။ ယခု နှစ်ဆန်း ပိုင်းတွင် ပြည်နယ်နှင့် တိုင်းဒေသ ကြီးများတွင် စက်သုံးဆီအရောင်း ဆိုင်ဖွင့်လှစ်ရန် ဆိုင်ပေါင်း ၆၁ ဆိုင်ကို ထပ်မံခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယခုအခါ မြန်မာတစ်နိုင်ငံ လုံးတွင် စွမ်းအင်ဝန်ကြီးဌာနက ခွင့်ပြုထားသည့် ပုဂ္ဂလိက စက် သုံးဆီဆိုင်ပေါင်း ၁၁၃၂ ဆိုင်ရှိ  ပြီး ပုဂ္ဂလိက စက်သုံးဆီသိုလှောင် စခန်း ခုနစ်ခုရှိလာပြီဟု သတင်း ရရှိသည်။

စက်သုံးဆီ ရောင်းချခြင်းကို စွမ်းအင်ဝန်ကြီးဌာနက လုပ် ဆောင်ခဲ့ရာမှ ၂၀၁၀ ပြည့်နှစ် တွင် ပုဂ္ဂလိကသို့ စတင်လုပ်ကိုင် ခွင့်ပေးခဲ့သည်။ ယခင် စွမ်းအင် ၀န်ကြီးဌာနက ရောင်းချနေသည့် စက်သုံးဆီဆိုင်  
၂၆၁  ဆိုင်ကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် လွှဲ ပြောင်းပေးခဲ့သည့်အပြင် စက်သုံး ဆီဆိုင် အသစ်ရောင်းချလိုသူများ လိုင်စင်လျှောက်ခွင့်ကိုလည်း ခွင့် ပြုခဲ့သည်။

7Day DAILY 

No comments:

Post a Comment