Tuesday 17 June 2014

လန်ပိအဏ္ဏ၀ါအမျိုးသား ဥယျာဉ်လုပ်ကိုင်လိုသော လုပ်ငန်းရှင်လေးဦး လျှောက်ထား

လန်ပိအဏ္ဏ၀ါ ဥယျာဉ် တွင် အပန်းဖြေစခန်း တည် ဆောက်ခွင့်နှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ် တောရေးရာ     ၀န်ကြီးဌာနမှ လျှောက်လွှာဝယ်ယူသူ ၂၂ ဦးရှိ ခဲ့သော်လည်း 
လျှောက် ထားသူ မှာ ပြည်တွင်း၊ ပြည်ပ လုပ်ငန်း ရှင်လေးဦးရှိကြောင်း သစ်တော ဦးစီးဌာနမှ သတင်းရရှိသည်။

‘‘ဒီနေ့ အဲဒီလုပ်ငန်းရှင် လေး ဦးကို မှတ်ပုံတင်တော့မှာပါ။ လုပ် ကိုင်ခွင့်ကိုတော့ ဒီလေးဦးထဲက တစ်ဦးကို ရွေးချယ်မှာပါ’’ ဟု သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လန်ပိအဏ္ဏ၀ါ အမျိုးသား ဥယျာဉ်ဧရိယာအတွင်းရှိ ၀ါးလယ် ကျွန်းတွင်   သဘာဝအခြေခံခရီး သွားလုပ်ငန်း စတင်ရန်အတွက် ပတ်ဝန်းကျင်မထိခိုက်နိုင်သည့် တည်းခိုနိုင်သော    အပန်းဖြေ စခန်းတည်ဆောက်ခွင့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနက ဧပြီ ၂၅ ရက်တွင် တင်ဒါခေါ်ယူ ခဲ့သည်။  အပန်းဖြေစခန်းကို  ၀ါး လယ်ကျွန်းတွင် တည်ဆောက်ရန် ခွင့်ပြုထားသော်လည်း ပေ ၃၀၀ ကျယ်ဝန်းသည့် ကမ်းခြေတစ် လျှောက်၌သာ တည်ဆောက်ခွင့် ပြုမည်ဖြစ်ကြောင်း၊ အပန်းဖြေ စခန်းတွင် လာရောက်လေ့လာသူ များ တည်းခိုနိုင်သည့် ဘန်ဂလို အသေးစားများတည်ဆောက်ခွင့် ကိုလည်း ခွင့်ပြုထားကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သား ငှက်ထိန်းသိမ်းရေးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

တည်ဆောက်ခွင့် ရရှိမည့် သူသည် နှစ်ပေါင်းခြောက်ဆယ် ခန့် နှစ်ရှည် မြေငှားရမ်းလုပ်ကိုင် ခွင့်ရရှိမည် ဖြစ်သည်။ နှစ်ရှည်ငှား ရမ်းလုပ်ကိုင်ခွင့်ပေးထားသော် လည်း လွှဲပြောင်းရောင်းချခွင့်ရှိ မည်မဟုတ်သောကြောင့် ဆက် လက်လုပ်ကိုင်လိုခြင်း မရှိပါက အစိုးရထံ ပြန်လည်အပ်နှံရမည် ဖြစ်သည်။

တည်ဆောက်ခွင့်ရရှိမည့်သူ သည် လုပ်ငန်းအာမခံကြေး ကျပ် သိန်း ၃၀၀ ထားရှိရမည်ဖြစ်ပြီး ပတ်ဝန်းကျင် ထိခိုက်မှုစစ်တမ်း ကိုလည်း ပြုလုပ်ရမည်ဖြစ်သည်။

လန်ပိအဏ္ဏ၀ါ အမျိုးသား ဥယျာဉ်သည်    တနင်္သာရီတိုင်း ဒေသကြီး ဘုတ်ပြင်းမြို့နယ် 
တွင် တည်ရှိပြီး ရေချို၊ ရေငံစပ် သစ် တောများပေါက်ရောက်သည်။ လူနေအရောက်ပေါက်နည်းပြီး ပျက်စီးမှုနည်းပါးသော အမျိုး သားဥယျာဉ်ကြီးတစ်ခုဖြစ်၍ သဘာဝအခြေခံ   ခရီးသွားလုပ် ငန်းအတွ
က်    ကောင်းမွန်သော နေရာဖြစ်ကြောင်း ရောက် ရှိဖူးသူ အချို့ကပြောသည်။

7Day DAILY 

No comments:

Post a Comment