အမေရိကန်နိုင်ငံ မြောက်ကယ်လီဖိုးနီးယားပြည်နယ်မှာနေထိုင်တဲ့ ၁ဝနှစ်သား အရွယ် ကောင်လေး တစ်ယောက်ဟာ အထက်တန်းကျောင်းကနေ ဒီပလိုမာဘွဲ့ရရှိခဲ့တယ် လို့ AP သတင်းဌာနက ရေးသား ဖော်ပြ ခဲ့ ပါတယ်။
အဆိုပါမြောက်ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ အထက်တန်းကျောင်းတစ်ကျောင်းမှ ယင်း၁ဝနှစ်သား အရွယ် ကောင်လေး ကတော့ ဒီပလိုမာဘွဲ့ရရှိခဲ့လို့ အခမ်းအနား ပွဲတွေ ကျင်းပခဲ့ပါတယ်။ ¤င်း ၁ဝနှစ်သား ကောင်လေးဟာ Tanishq Abraham လို့ အမည်ရှိပြီး အထက်တန်းကျောင်းမှ အသက် ငယ်ရွယ်ဆုံး ဘွဲ့ရရှိသူတစ်ဦး ဖြစ်လာခဲ့ပါ တယ်။
၁ဝနှစ်သားအရွယ်သာရှိသော်လည်း အထက်တန်းကျောင်းကနေ ထူးထူးချွန်ချွန် ဒီပလိုမာဘွဲ့ကိုရရှိခဲ့လို့ အိမ်ဖြူတော်ကနေ တောင်မှ ချီးကျူးဂုဏ်ပြုတဲ့စာရရှိခဲ့ပါသေးတယ်။
''ကျွန်တော့်ရဲ့ဦးနှောက်က Topic တွေကို နှုတ်တိုက်ကျက်လာခဲ့တာပါ။ ကျွန်တော် ဘာတစ်ခုကိုမှ အတိ အကျ မသိပါဘူး''လို့ Tanishq က ဆိုခဲ့ပါတယ်။
Ref: AP
Yangon Media Group
No comments:
Post a Comment