Wednesday 2 July 2014

ရန်ကုန်တွင် ဇွန်လတစ်လအတွင်း ဓာတ်လိုက်မှုကြောင့် လူ ၂၀ ကျော်သေဆုံး

Photo: ရန်ကုန်တွင် ဇွန်လတစ်လအတွင်း ဓာတ်လိုက်မှုကြောင့် လူ ၂၀ ကျော်သေဆုံး
Wednesday, July 2, 2014

ရန်ကုန်တိုင်းဒေသကြီးတွင် ဇွန်လအတွင်း ဓာတ်လိုက်မှုကြောင့် လူ ၂၀ ကျော်သေဆုံးခဲ့ရာ ယင်းသေဆုံးမှုများအနက် လုပ်ငန်းခွင်အတွင်း လျှပ်စစ်ပစ္စည်းများကို ပေါ့ဆစွာ အသုံးပြုခြင်းကြောင့် ဓာတ်လိုက်သေဆုံးမှု အများဆုံး ဖြစ်ကြောင်း ရန်ကုန်တိုင်း မှုခင်းများအရ သိရှိရသည်။

အဆိုပါ လုပ်ငန်းခွင်အတွင်း ဓာတ်လိုက်သေဆုံးမှုများအပြင် ဇွန်လ ၂၁ ရက်နေ့က လူစည်ကားသော လှည်းတန်းဈေး လမ်းမပေါ်သို့ ဗို့အား ၄၀၀ ခန့်ရှိ ဓာတ်ကြိုး ပြတ်ကျရာမှ ဈေးသည်နှစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့မှု ဖြစ်ရပ်ကို ပြည်သူလူထုက လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့များ၏ တာဝန်ယူမှု အားနည်းချက်များကြောင့်ဟု ဝေဖန်မှုများပြုခဲ့ကြောင်း သတင်းမီဒီယာများတွင် ရေးသားဖော်ပြခဲ့သည်။

“ဒီလပိုင်းအစက အင်းစိန်မှာ အိမ်ဆောက်နေတဲ့ လက်သမားဆရာ နှစ်ယောက်က သံဆန်ကာကပ်ဖို့ ဓာတ်ကြိုးနဲ့ မလွတ်တာကို ကိုယ့်သဘောနဲ့ကိုယ်ဖြုတ်ရာက နှစ်ယောက်လုံး ဓာတ်လိုက်ပြီး သေဆုံးတယ်။ ဓာတ်လိုက်သေဆုံးမှု အများဆုံးမှာ လျှပ်စစ်အသုံးပြုသူက လျှပ်စစ်ရုံးတွေ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှု အားနည်းလို့ဖြစ်တာ အများဆုံး တွေ့ရတယ်” ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ဇွန်လ ၃၀ ရက်နေ့က ရန်ကုန်မြို့တော်ရှိ ဗဟန်းမြို့နယ်နှင့် သုဝဏ္ဏမြို့နယ်တို့တွင် ဆောက်လက်စ ကန်ထရိုက်တိုက်တို့တွင် အလုပ်သမားနှစ်ဦး ဓာတ်လိုက် သေဆုံးခဲ့မှု အပါအဝင် ဇွန်လအတွင်း လုပ်ငန်းခွင်တွင်း ဓာတ်လိုက်သေဆုံးမှု ဆယ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး မှုခင်းမှတ်တမ်းများအရ သိရှိရသည်။

“လမ်းထိပ်က ထရန်စဖော်မာဆို ခဏခဏ ထပေါက်တယ်။ မီးတွေပွင့်ပြီး အသံတော်တော်ကျယ်တာ။ လမ်းသွယ်တွေထဲမှာ အိမ်တွေကို သွယ်တန်းထားတဲ့ ဓာတ်ကြိုးတွေဆို ရှုပ်ယှက်ခတ်နေတာ။ အခုလို မိုးတွင်းကာလမှာ လေဒဏ်မိုးဒဏ်နဲ့မို့ လမ်းသွားလမ်းလာတွေအတွက် အရမ်းအန္တရာယ်များတယ်” ဟု ကမာရွတ်မြို့နယ် အမှတ် (၃) ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ရှင်းပြသည်။

The Voice weekly
ရန်ကုန်တိုင်းဒေသကြီးတွင် ဇွန်လအတွင်း ဓာတ်လိုက်မှုကြောင့် လူ ၂၀ ကျော်သေဆုံးခဲ့ရာ ယင်းသေဆုံး မှုများ အနက် လုပ်ငန်းခွင်အတွင်း လျှပ်စစ်ပစ္စည်းများကို ပေါ့ဆစွာ အသုံးပြုခြင်းကြောင့် ဓာတ်လိုက်သေ ဆုံးမှု အများဆုံး ဖြစ်ကြောင်း ရန်ကုန်တိုင်း မှုခင်းများအရ သိရှိရသည်။

အဆိုပါ လုပ်ငန်းခွင်အတွင်း ဓာတ်လိုက်သေဆုံးမှုများအပြင် ဇွန်လ ၂၁ ရက်နေ့က လူစည်ကားသော လှည်းတန်းဈေး လမ်းမပေါ်သို့ ဗို့အား ၄၀၀ ခန့်ရှိ ဓာတ်ကြိုး ပြတ်ကျရာမှ ဈေးသည်နှစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့မှု ဖြစ်ရပ်ကို ပြည်သူလူထုက လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့များ၏ တာဝန်ယူမှု အားနည်း ချက် များကြောင့်ဟု ဝေဖန်မှုများပြုခဲ့ကြောင်း သတင်းမီဒီယာများတွင် ရေးသားဖော်ပြခဲ့သည်။

“ဒီလပိုင်းအစက အင်းစိန်မှာ အိမ်ဆောက်နေတဲ့ လက်သမားဆရာ နှစ်ယောက်က သံဆန်ကာကပ်ဖို့ ဓာတ်ကြိုးနဲ့ မလွတ်တာကို ကိုယ့်သဘောနဲ့ကိုယ်ဖြုတ်ရာက နှစ်ယောက်လုံး ဓာတ်လိုက်ပြီး သေဆုံးတယ်။ ဓာတ်လိုက်သေဆုံးမှု အများဆုံးမှာ လျှပ်စစ်အသုံးပြုသူက လျှပ်စစ်ရုံးတွေ ထုတ်ပြန်ထားတဲ့ ညွှန်ကြား ချက်တွေကို လိုက်နာမှု အားနည်းလို့ဖြစ်တာ အများဆုံး တွေ့ရတယ်” ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ဇွန်လ ၃၀ ရက်နေ့က ရန်ကုန်မြို့တော်ရှိ ဗဟန်းမြို့နယ်နှင့် သုဝဏ္ဏမြို့နယ်တို့တွင် ဆောက်လက်စ ကန် ထရိုက် တိုက်တို့တွင် အလုပ်သမားနှစ်ဦး ဓာတ်လိုက် သေဆုံးခဲ့မှု အပါအဝင် ဇွန်လအတွင်း လုပ်ငန်းခွင် တွင်း ဓာတ်လိုက်သေဆုံးမှု ဆယ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး မှုခင်းမှတ်တမ်းများအရ သိရှိရသည်။

“လမ်းထိပ်က ထရန်စဖော်မာဆို ခဏခဏ ထပေါက်တယ်။ မီးတွေပွင့်ပြီး အသံတော်တော်ကျယ်တာ။ လမ်းသွယ်တွေထဲမှာ အိမ်တွေကို သွယ်တန်းထားတဲ့ ဓာတ်ကြိုးတွေဆို ရှုပ်ယှက်ခတ်နေတာ။ အခုလို မိုးတွင်းကာလမှာ လေဒဏ်မိုးဒဏ်နဲ့မို့ လမ်းသွားလမ်းလာတွေအတွက် အရမ်းအန္တရာယ်များတယ်” ဟု ကမာရွတ်မြို့နယ် အမှတ် (၃) ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ရှင်းပြသည်။

The Voice weekly 

No comments:

Post a Comment