Wednesday 2 July 2014

KIA အသုံးချခံ မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် သုံးစွဲသူ KIA တပ်ဖွဲ့(၂)ဦး ဖမ်းမိ

Photo: KIA အသုံးချခံ မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် သုံးစွဲသူ KIA တပ်ဖွဲ့(၂)ဦး ဖမ်းမိ
Wednesday, July 2, 2014

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မပြင်ကျေးရွာနေ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ဒေသခံအမျိုးသမီးတစ်ဦးနှင့် လာရောက်သုံးစွဲနေသော KIA တပ်ဖွဲ့ဝင်(၂)ဦးအား ဇူ ၁ ရက် နံနက် ၂ နာရီခွဲခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

“ မနက်အစောကြီး အစိုးရတပ်နဲ့ ရဲတွေ လာတာတွေ့တယ်၊ ပြီးတော့ ဒေါ်မရှည် နဲ့ အရပ်ဝတ် ၀တ်ထားတဲ့ KIA စစ်သားနှစ်ယောက်ကို ဖမ်းခေါ်သွားတာတွေ့တယ် ” ဟု မျက်မြင်ရွာသားတစ်ဦးက ဆိုသည်။

အဆိုပါဖြစ်စဉ်မှာ KIA အဖွဲ့မှ ဒေသခံအမျိုးသမီးတစ်ဦးအား မူးယစ်ဆေးဝါး ရောင်းခိုင်းပြီး ၎င်းတို့ ကိုယ်တိုင် လည်း လာရောက်သုံးစွဲနေကြောင်း သတင်းရရှိသဖြင့် လုံးတုံရှေ့တန်းတပ်စခန်းနှင့် လုံးတုံရဲစခန်းတို့မှ ပူးပေါင်း ရှာဖွေရာ မူးယစ်ဆေးဝါးများနှင့်အတူ ဒေါ်မရှည်နှင့် KIA တပ်ဖွဲ့ဝင်(၂)ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းရှေ့တန်းစခန်းမှ အရာရှိတစ်ဦးက “ ရဲစခန်းက လာအကူအညီတောင်းတာနဲ့ ပူးပေါင်းကူညီခဲ့တာပါ၊ KIA တပ်ဖွဲ့ဝင်တွေ အမြဲဝင်ထွက်နေတော့ ပစ်ခတ်မှုဖြစ်ရင် ကာကွယ်ပေးလို့ ရအောင်ပါ၊ KIA တပ်ဖွဲ့ဝင်(၂)ဦး ဆီက ပစ္စတိုသေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ပါတယ် ” ဟု ပြောကြားသည်။

မူးယစ်ဆေးဝါး လာရောက်သုံးစွဲမှုကြောင့် ဖမ်းဆီးမိသော KIA တပ်ဖွဲ့ဝင်(၂)ဦးမှာ ဗိုလ်အဆင့်ရှိ မရစ်ဘရန်ရှောင် (၅၆)နှစ်၊ (ဘ) ဦးမရစ်ဂမ်နှင့် တပ်သားအဆင့်ရှိ အောင်ထွန်းလေး တို့ ဖြစ်ကြောင်း သိရသည်။

“ ဒေါ်မရှည် ရဲ့ လယ်တဲထဲမှာ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြားတွေနဲ့ ဘိန်းဖြူတွေ ဖမ်းဆီးရမိခဲ့ပါ တယ်၊ ကာလတန်ဖိုးကတော့ သိန်း(၂၀)ကျော်တာပေါ့၊ အခု သူ့ကို ရဲစခန်းမှာ အမှုဖွင့်အရေးယူထားပါတယ် ” ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

မိုးညှင်းမြို့ခံတစ်ဦးက “ ဒေါ်မရှည်က နှစ်ခါနာတာပေါ့၊ KIA အဖွဲ့က မူးယစ်ဆေးရောင်းခိုင်းလို့ ရောင်းပေးရ တာ၊ သူ့အကျိုးစီးပွား တစ်ပြားမှ မရဘူး၊ ရောင်းမပေးရင် သတ်မှာကြောက်လို့ ရောင်းပေးရတာလို့ ကြားတယ်၊ အခု အဖမ်းခံရတယ်၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ထောင်ကျတော့မယ်၊ ဒီနယ်မြေမှာ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားရတာ မလွယ်ပါဘူး၊ အဲဒီလို သူထောင်ကျတော့မယ့် ကိစ္စကို အခုတော့ KIA အဖွဲ့က မသိချင်ယောင် ဆောင်သွားပြီလေ ” ဟု ပြောကြားသွားခဲ့သည်။

နေလွှမ်းနိုင်(မိုးညှင်း)
Kachin Daily News
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မပြင်ကျေးရွာနေ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ဒေသခံအမျိုးသမီး တစ် ဦးနှင့် လာရောက်သုံးစွဲနေသော KIA တပ်ဖွဲ့ဝင်(၂)ဦးအား ဇူ ၁ ရက် နံနက် ၂ နာရီခွဲခန့်တွင် ဖမ်းဆီးရမိ ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

“ မနက်အစောကြီး အစိုးရတပ်နဲ့ ရဲတွေ လာတာတွေ့တယ်၊ ပြီးတော့ ဒေါ်မရှည် နဲ့ အရပ်ဝတ် ၀တ်ထားတဲ့ KIA စစ်သားနှစ်ယောက်ကို ဖမ်းခေါ်သွားတာတွေ့တယ် ” ဟု မျက်မြင်ရွာသားတစ်ဦးက ဆိုသည်။

အဆိုပါဖြစ်စဉ်မှာ KIA အဖွဲ့မှ ဒေသခံအမျိုးသမီးတစ်ဦးအား မူးယစ်ဆေးဝါး ရောင်းခိုင်းပြီး ၎င်းတို့ ကိုယ် တိုင် လည်း လာရောက်သုံးစွဲနေကြောင်း သတင်းရရှိသဖြင့် လုံးတုံရှေ့တန်းတပ်စခန်းနှင့် လုံးတုံရဲစခန်းတို့မှ ပူးပေါင်း ရှာဖွေရာ မူးယစ်ဆေးဝါးများနှင့်အတူ ဒေါ်မရှည်နှင့် KIA တပ်ဖွဲ့ဝင်(၂)ဦးအား ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းရှေ့တန်းစခန်းမှ အရာရှိတစ်ဦးက “ ရဲစခန်းက လာအကူအညီတောင်းတာနဲ့ ပူးပေါင်းကူညီခဲ့တာပါ၊ KIA တပ်ဖွဲ့ဝင်တွေ အမြဲဝင်ထွက်နေတော့ ပစ်ခတ်မှုဖြစ်ရင် ကာကွယ်ပေးလို့ ရအောင်ပါ၊ KIA တပ်ဖွဲ့ ၀င်(၂)ဦး ဆီက ပစ္စတိုသေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ပါတယ် ” ဟု ပြောကြားသည်။

မူးယစ်ဆေးဝါး လာရောက်သုံးစွဲမှုကြောင့် ဖမ်းဆီးမိသော KIA တပ်ဖွဲ့ဝင်(၂)ဦးမှာ ဗိုလ်အဆင့်ရှိ မရစ်ဘရန်ရှောင် (၅၆)နှစ်၊ (ဘ) ဦးမရစ်ဂမ်နှင့် တပ်သားအဆင့်ရှိ အောင်ထွန်းလေး တို့ ဖြစ်ကြောင်း သိရသည်။

“ ဒေါ်မရှည် ရဲ့ လယ်တဲထဲမှာ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြားတွေနဲ့ ဘိန်းဖြူတွေ ဖမ်းဆီးရမိခဲ့ပါ တယ်၊ ကာလတန်ဖိုးကတော့ သိန်း(၂၀)ကျော်တာပေါ့၊ အခု သူ့ကို ရဲစခန်းမှာ အမှုဖွင့်အရေးယူထားပါတယ် ” ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

မိုးညှင်းမြို့ခံတစ်ဦးက “ ဒေါ်မရှည်က နှစ်ခါနာတာပေါ့၊ KIA အဖွဲ့က မူးယစ်ဆေးရောင်းခိုင်းလို့ ရောင်းပေးရ တာ၊ သူ့အကျိုးစီးပွား တစ်ပြားမှ မရဘူး၊ ရောင်းမပေးရင် သတ်မှာကြောက်လို့ ရောင်းပေးရတာလို့ ကြား တယ်၊ အခု အဖမ်းခံရတယ်၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ထောင်ကျတော့မယ်၊ ဒီနယ်မြေမှာ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားရတာ မလွယ်ပါဘူး၊ အဲဒီလို သူထောင်ကျတော့မယ့် ကိစ္စကို အခုတော့ KIA အဖွဲ့က မသိ ချင်ယောင် ဆောင်သွားပြီလေ ” ဟု ပြောကြားသွားခဲ့သည်။

နေလွှမ်းနိုင်(မိုးညှင်း)
Kachin Daily News

No comments:

Post a Comment