Wednesday 2 July 2014

“မိုင်းတော့ ဖြုတ်မပေးနိုင်ဘူး မကျေနပ်ရင် ဒုက္ခသည်စခန်းလာနေ” ဟု ကေအိုင်အေ မှဆို

Photo: “မိုင်းတော့ ဖြုတ်မပေးနိုင်ဘူး မကျေနပ်ရင် ဒုက္ခသည်စခန်းလာနေ” ဟု ကေအိုင်အေ မှဆို
Wednesday, July 2, 2014

ကေအိုင်အေ အဖွဲ့မှ တပ်ရင်း (၁) တပ်ရင်းမှူး ဖော်ဂျန်ယော်တုံ ရဲ့ ညွှန်ကြားချက်ဟု ဆိုကာ လက်နက်ကိုင် ၁၀ ဦးခန့်သည် လဂျောင် ၊ ပါတော် ကျေးရွာများတ၀ိုက်တွင် ယခင်ထောင်ထားတဲ့ မိုင်းများအပြင် မြေမြှပ်မိုင်း အလုံး (၅၀)ခန့်အား ထိပ်တိုး ဖြည့်တင်းခဲ့ကြောင်း ကြားသိရသည်။

ထိုသို့ မိုင်းများထောင်ထားမှုကြောင့် ကျေးရွာနေဒေသခံပြည်သူ များမှာ တောင်ယာလုပ်ငန်းများသို့ မသွားရောက်နိုင်သဖြင့် စာဝတ်နေရေခက်ခဲလာမှု များရှိနေကြောင်း သိရှိရသည်။ထို အခက်အခဲ အတွက် ကျေးရွာ နှစ်ခုနေ ဒေသခံ ရွာသားများမှ ကေအိုင်အေ သစ်ဆွဲတဲ့ လမ်းကြောင်းတွေဘက်ကို မလာပါဘူး မိမိတို့အနေဖြင့် ဆန်စပါး မစိုက်နိုင်သဖြင့် စားဝတ်နေရေး ခက်ခဲ့မှုရှိ နေပါတယ်။ ထောင်ထားတဲ့ မိုင်းတွေ ကို ဖြုတ်ပေးပါလို့ တောင်းဆိုသော်လည်း ကေအိုင်အေ အဖွဲ့မှ သဘောတူညီမတူပဲ “စားဝတ်နေရေး ခက်ခဲနေရင် ဒုက္ခသည်စခန်းမှာ လာနေကြ”ဟု ဆိုပါသည်။

“ကျွန်တော်တို့က တောင်ယာတွေ လည်းမသွားနိုင် တော့ စားဝတ်နေရေးခက်ခဲလာတယ်။ တကယ်လို့ သူတို့ထောင်ထားတဲ့ မိုင်းကို နင်းမိပြန်ရင်းလည်း သေတာ မသေတာ နောက်မှထား မိုင်းတစ်လုံးဖိုး ၃ သိန်း ကို မိသားစုက ပေးလျှော်ရတယ်။ အဲ့ဒီတော့ ကျွန်တော်တို့မှာ တောင်ယာထဲ မသွားပဲ အငတ်ခံရနေသလိုဖြစ်နေတယ်။ ကျွန်တော် တို့ လူကြီးတွေက မိသာစုနဲ့ယှဉ်လာတော့ ကလေးတွေကိုပဲ အလေးထားပြီး ရှိတဲ့ဆန်လေးကို ပြုတ်ကျွေးနေရတာပေါ့” ဟု လဂျောင်ကျေးရွာနေ ဦးဇောင်းထုံက ဆိုပါတယ်။

“ဒီလိုပဲ သူတို့တွေ တရုတ်ကုန်သည်တွေနဲ့ ဖြတ်သန်းမယ့် လမ်းကြောင်းတွေ ၊ သစ်ထုတ်မယ့်လမ်းကြောင်းတွေဆို ဟိုးအရင်ကတည်းက ရွာသားတွေ အနားမကပ်နီိုင်အောင် ပတ်ပတ်လည်တွေမှာ မိုင်းတွေထောင်ကြတယ်။ ပြီးတော့ ရွာသားတွေကို မိုင်းထောင်ထားတဲ့ ဘယ်သူမှ ယာထဲ မသွားရအမိန့်ထုတ်တယ်။ အခုတစ်ခေါက်က မိုင်းပိုများတယ် ပြောတယ်။ ကျွန်တော်တို့လည်း သွားရင်လည်း အသက်နဲ့ရင်းရမယ် ၊ မိုင်းနင်းမိလို့ ခြေပြတ်လက်ပြတ်ဖြစ်ပြီး ဒုက္ခိတဖြစ်တော့ ဒီကလေးတွေအတွက် ပိုဆိုးကုန်မှာသိနေတော့ ဘယ်သူမှ မသွားရဲကြဘူးပေါ့။” ဟု ဆိုကာ ပါတော်နေ ကျေးရွာသားတစ်ဦးဖြစ်သူ ဦး ဖော်လငွန် က မိမိတို့ကြုံတွေ နေရသည့်အခက်အခဲကို ရင်ဖွင့်ပြောဆိုသည်။

ကေအိုင်အေ အဖွဲ့သည် ယခင်ကလည်း ယခု ကဲ့သို့ မိုင်းထောင်ခြင်းများ ရှိသော်လည်း ယခုမှာမူ ပို၍ များကြောင်း ရွာသားများ၏ ပြောဆိုမှုအရ သိရသည်။ထို့အပြင် ယခု လို မိုးရာသီ ရေစီးကောင်းသည့်အချိန်များတွင် ကျွန်းသစ်များ ၊ တလမန်း သစ်များကို တရုတ်ပြည်သို့ ပို့ဆောင်ပြီး လက်နက်နဲ့ ရိက္ခာများ လဲလှယ်လျှက်ရှိကြောင်း သတင်းရရှိသည်။

Credit To:ဇောင်ထန်းငွန်

ကေအိုင်အေ စီမံမှုဖြင့် လိုင်ဇာမှ တဆင့် တရုတ်ပြည်သို့ ကားစီးသွားတော့ သစ်များ
ကေအိုင်အေ စီမံမှုဖြင့် လိုင်ဇာမှ တဆင့် တရုတ်ပြည်သို့ ကားစီးသွားတော့ သစ်များ
ကေအိုင်အေ အဖွဲ့မှ တပ်ရင်း (၁) တပ်ရင်းမှူး ဖော်ဂျန်ယော်တုံ ရဲ့ ညွှန်ကြားချက်ဟု ဆိုကာ လက်နက်ကိုင် ၁၀ ဦးခန့်သည် လဂျောင် ၊ ပါတော် ကျေးရွာများတ၀ိုက်တွင် ယခင်ထောင်ထားတဲ့ မိုင်းများအပြင် မြေမြှပ်မိုင်း အလုံး (၅၀)ခန့်အား ထိပ်တိုး ဖြည့်တင်းခဲ့ကြောင်း ကြားသိရသည်။
ထိုသို့ မိုင်းများထောင်ထားမှုကြောင့် ကျေးရွာနေဒေသခံပြည်သူ များမှာ တောင်ယာလုပ်ငန်းများသို့ မသွားရောက်နိုင်သဖြင့် စာဝတ်နေရေခက်ခဲလာမှု များရှိနေကြောင်း သိရှိရသည်။ထို အခက်အခဲ အတွက် ကျေးရွာ နှစ်ခုနေ ဒေသခံ ရွာသားများမှ ကေအိုင်အေ သစ်ဆွဲတဲ့ လမ်းကြောင်းတွေဘက်ကို မလာပါဘူး မိမိတို့အနေဖြင့် ဆန်စပါး မစိုက်နိုင်သဖြင့် စားဝတ်နေရေး ခက်ခဲ့မှုရှိ နေပါတယ်။ ထောင်ထားတဲ့ မိုင်းတွေ ကို ဖြုတ်ပေးပါလို့ တောင်းဆိုသော်လည်း ကေအိုင်အေ အဖွဲ့မှ သဘောတူညီမတူပဲ “စားဝတ်နေရေး ခက်ခဲနေရင် ဒုက္ခသည်စခန်းမှာ လာနေကြ”ဟု ဆိုပါသည်။

“ကျွန်တော်တို့က တောင်ယာတွေ လည်းမသွားနိုင် တော့ စားဝတ်နေရေးခက်ခဲလာတယ်။ တကယ်လို့ သူတို့ထောင်ထားတဲ့ မိုင်းကို နင်းမိပြန်ရင်းလည်း သေတာ မသေတာ နောက်မှထား မိုင်းတစ်လုံးဖိုး ၃ သိန်း ကို မိသားစုက ပေးလျှော်ရတယ်။ အဲ့ဒီတော့ ကျွန်တော်တို့မှာ တောင်ယာထဲ မသွားပဲ အငတ်ခံရနေသလိုဖြစ်နေတယ်။ ကျွန်တော် တို့ လူကြီးတွေက မိသာစုနဲ့ယှဉ်လာတော့ ကလေးတွေကိုပဲ အလေးထားပြီး ရှိတဲ့ဆန်လေးကို ပြုတ်ကျွေးနေရတာပေါ့” ဟု လဂျောင်ကျေးရွာနေ ဦးဇောင်းထုံက ဆိုပါတယ်။

“ဒီလိုပဲ သူတို့တွေ တရုတ်ကုန်သည်တွေနဲ့ ဖြတ်သန်းမယ့် လမ်းကြောင်းတွေ ၊ သစ်ထုတ်မယ့် လမ်းကြော င်းတွေဆို ဟိုးအရင်ကတည်းက ရွာသားတွေ အနားမကပ်နီိုင်အောင် ပတ်ပတ်လည်တွေမှာ မိုင်းတွေထောင်ကြတယ်။ ပြီးတော့ ရွာသားတွေကို မိုင်းထောင်ထားတဲ့ ဘယ်သူမှ ယာထဲ မသွားရအမိန့်ထုတ်တယ်။ အခုတစ်ခေါက်က မိုင်းပိုများတယ် ပြောတယ်။ ကျွန်တော်တို့လည်း သွားရင် လည်း အသက်နဲ့ရင်းရမယ် ၊ မိုင်းနင်းမိလို့ ခြေပြတ်လက်ပြတ်ဖြစ်ပြီး ဒုက္ခိတဖြစ်တော့ ဒီကလေးတွေအတွက် ပိုဆိုးကုန်မှာသိနေတော့ ဘယ်သူမှ မသွားရဲကြဘူးပေါ့။” ဟု ဆိုကာ ပါတော်နေ ကျေးရွာသားတစ်ဦးဖြစ်သူ ဦး ဖော်လငွန် က မိမိတို့ကြုံတွေ နေရသည့်အခက်အခဲကို ရင်ဖွင့်ပြောဆိုသည်။

ကေအိုင်အေ အဖွဲ့သည် ယခင်ကလည်း ယခု ကဲ့သို့ မိုင်းထောင်ခြင်းများ ရှိသော်လည်း ယခုမှာမူ ပို၍ များကြောင်း ရွာသားများ၏ ပြောဆိုမှုအရ သိရသည်။ထို့အပြင် ယခု လို မိုးရာသီ ရေစီးကောင်းသည့် အချိန်များတွင် ကျွန်းသစ်များ ၊ တလမန်း သစ်များကို တရုတ်ပြည်သို့ ပို့ဆောင်ပြီး လက်နက်နဲ့ ရိက္ခာများ လဲလှယ်လျှက်ရှိကြောင်း သတင်းရရှိသည်။

Credit To:ဇောင်ထန်းငွန်

No comments:

Post a Comment