Wednesday 2 July 2014

ဥရောပ ရှေးဟောင်း ဟိုတယ် ဝန်ဆောင်မှုများ ရရှိစေမည့် မြန်မာ နိုင်ငံ၏ ပထမဦးဆုံး VINTAGE LUXURY ရေပေါ်သင်္ဘော ဟိုတယ် မကြာမီ ဖွင့်တော့မည်

Photo: မန္တလေး အဓိကရုဏ်း ငါးဦးဒဏ်ရာရပြီး ဈေးဆိုင်နဲ့ ကားတချို့ဖျက်ဆီးခံရ
Wednesday, July 2, 2014

မန္တလေးမြို့မှာ မနေ့ညနေပိုင်းကနေ သန်းခေါင်ကျော်အထိ ဆူပူမှုဖြစ်ပွားလို့ လူငါးဦးခန့် ဒဏ်ရာရပြီး မွတ်စလင်တွေပိုင်တဲ့ ဈေးဆိုင်နဲ့ကားတချို့ ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

မန္တလေးဆေးရုံကြီးမှာ ဒဏ်ရာရသူတစ်ဦး မနေ့ညက အတွင်းလူနာအဖြစ် ကုသမှုခံယူနေရတယ်လို့လည်း မျက်မြင်တစ်ဦးကပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်ပစ်ဖေါက်ပြီး လူစုခွဲခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေမယ့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ရဲ့အတည်ပြုပြောကြားချက်ကို မရရှိသေးပါဘူး။

အဓိကရုဏ်းဖြစ်ပွားခဲ့တဲ့ ၂၆ လမ်းနဲ့ ၂၇ လမ်းကြား၊ လမ်း၈ဝကနေ ၈၆ လမ်း အနီးတ၀ိုက်မှာ ရဲတပ်ဖွဲ့အင်အား ငါးရာခန့် လက်ရှိလုံခြုံရေး ယူထားတယ်လို့လည်းဆိုပါတယ်။ မန္တလေးမြို့ခံတစ်ဦးက လုံခြုံရေးတွေ ထူထူထပ်ထပ်ချထားတာကို မြင်ရကြောင်း RFA ကိုအတည်ပြု ပြောဆိုခဲ့ပါတယ်။

"ဖြစ်တာကတော့ ၈ နာရီဝန်းကျင်လောက်မှာဖြစ်တယ်၊ ၂၇၊ ၂၈ ကြား ဗလီမှာ ဘုန်းကြီးတွေ ဝိုင်းတဲ့ဟာကနေစဖြစ်တာ၊ ဘာ့ကြောင့်ဝိုင်းလဲဆိုတော့ ပြီးခဲ့တဲ့ ၄၊ ၅ ရက်လောက်က သတင်းကိုအခြေခံပြီးတော့ အဲဒီလိုဖြစ်တယ်လို့ကြားရတယ်၊ လူအင်အား ၂ဝဝ၊ ၃ဝဝ လောက်ရှိတယ်၊ ပထမဦးဆုံးစဖြစ်တဲ့ ၂၂ လမ်း၊ ၂၇၊ ၂၈ နေရာမှာတော့ တော်တော်များတယ်ခင်ဗျ၊ ကျနော်တို့ နောက်ဆုံးရတဲ့သတင်းက ကျနော်တို့ ၂၆ လမ်းပေါ့နော် နောက် ၈၆ လမ်းတို့ ဘာတို့မှာ မွတ်စလင်ဆိုင်နဲ့ ပတ်သက်တာတွေတော့ ဖျက်ဆီးတယ်တော့ ကြားနေရတယ်၊ အဲဒီမှာလုံခြုံရေးတွေလာပြီးတော့ သူတို့ တစ်ပြပတ်လည် အကုန်ပိတ်ပစ်လိုက်တယ်၊ ခုလောလောဆယ်တော့ မန္တလေးမှာ လုံခြုံရေး တင်းတင်းကြပ်ကြပ်ချထားပါတယ်"

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မန္တလေးမြို့ ၂၇ လမ်း နဲ့ ၈၂ လမ်းထောင့်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်တဲ့ ဝန်ထမ်းအမျိုးသမီးတစ်ဦးကို ဆိုင်ပိုင်ရှင်ရဲ့သားဖြစ်သူက အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး အင်တာနက်မှာသတင်းတစ်ခု ပေါ်ပေါက်ခဲ့ရာကနေ မနေ့ညနေ ၇ နာရီခန့်မှာ အဓိကရုဏ်းစတင်ခဲ့တာဖြစ်တယ်လို့ မြို့ခံတွေက ပြောဆိုပါတယ်။

ဆူပူမှုမှာပါဝင်သူ တစ်ထာင်နီးပါးရှိခဲ့ပြီး ဂဠုန်နီဆရာတော်ဦးဆောင်တဲ့ သံဃာတွေနဲ့ မွတ်စလင်ခေါင်းဆောင်တွေ အခင်းဖြစ်ပွားရာကို သွားရောက်ကူညီထိန်းသိမ်းခဲ့ပါတယ်။ ဒီနေ့မနက် ၂ နာရီက ဂဠုန်နီဆရာတော်ကို ဆက်သွယ်လျှောက်ထားမေးမြန်းရာမှာ ၂၆ နဲ့ ၂၇ လမ်းကြားက ၈၁ လမ်းပေါ်ရှိ ရွှေတိုက်ဝင်း ဗလီရှေ့မှာ ဗုဒ္ဓဘာသာမြန်မာ ၅ဝ ခန့်စုဝေးနေကြပြီး ဗလီအတွင်းမှာလည်း မူစလင်တချို့ရှိနေဆဲဖြစ်ကာ နှစ်ဖက်အခြေအနေ တင်းမာနေကြလို့ ထိန်းသိမ်းဖို့ကြိုးစားနေကြောင်း RFA ကို မိန့်ကြားပါတယ်။

"ဒကာဒကာမတွေကို ပဋိပက္ခမဖြစ်အောင် အတတ်နိုင်ဆုံးတော့ ထိန်းပေးတာပဲ၊ မီးရှို့တာတွေ အဓိကမဖြစ်အောင် တတ်နိုင်သလောက် သံဃာ ၃ဝ၊ ၄ဝ လောက်နဲ့ လုပ်နေရတာ"

သွေးထိုးလှုံ့ဆော်မှုတွေကြောင့် သာမန်လူမှုရေးပြဿနာတစ်ခုကနေ လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ အဓိကရုဏ်းဖြစ်ခဲ့ရတယ်လို့လည်း ဘာသာရေးခေါင်းဆောင်တွေက ပြောပါတယ်။ ဒီနေ့မနက် နောက်ဆုံး သတင်းအရ မနက် ၄ နာရီမှာ လူစုလူဝေးလုံးဝမရှိတော့ဘူးလို့ သိရပါတယ်။

RFA Burmese
၁၉၂ဝ ပြည့်လွန်နှစ် များက အနောက်ဥရောပ နိုင်ငံများ၏ ရှေးဟောင်း ဟိုတယ် ဝန်ဆောင်မှုစနစ်များ ဖန်တီးကာ ဒီဇိုင်းဆန်းစွာဖြင့် ရန်ကုန်မြို့ ဗိုလ်တထောင် ဆိပ်ကမ်းတွင် တည်ဆောက်ထားသော မြန်မာနိုင်ငံ၏ ပထမဆုံး ရေပေါ်ဟိုတယ် VINTAGE LUXURY သည် အများပြည်သူ များနှင့် နိုင်ငံခြား ခရီးသွားများအား ဝန်ဆောင်မှု ပေးရန် အသင့်ဖြစ်နေပြီ ဖြစ်ရာ မကြာမီ ကာလအတွင်း ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။

''ကျွန်မတို့ ဟိုတယ်ကိုလာတဲ့ ဧည့်သည်တွေ အနေနဲ့ ဟိုတယ်ထဲကို စဝင်လိုက်ပြီး စက္ကန့် ၃ဝ အကြာမှာ ၁၉၂ဝ ပြည့်နှစ်က အင်္ဂလန်၊ ဆွစ်ဇလန်၊ စပိန် အစရှိသည့် အနောက်ဥရောပ နိုင်ငံကြီးတွေရဲ့ ဟိုတယ် ဝန်ဆောင်မှုမျိုး ရရှိသွားသလို ခံစားရမှာ ဖြစ်ပါတယ်။ မီးရောင်တွေက Light Color တွေဖြစ်ပြီး မြင်နေရတဲ့ မြင်ကွင်းတွေ အသုံးအဆောင် ပစ္စည်းတွေ အားလုံးကလည်း နိုင်ငံ ခြား ရှေးဟောင်း ပစ္စည်းတွေကို သုံးစွဲနေရ သလိုမျိုး ခံစားရမှာပါ''ဟု အဆိုပါ ဟိုတယ် မှ Assistant Reservation Manager မထွေးသန္တာဆွေ က ပြောကြားခဲ့သည်။

အိပ်ခန်းများတွင် ထားရှိသော ရေခဲသေတ္တာ၊ မှန်တင်ခုံ၊ တီဗွီစင်၊ နာရီ၊ ဗီရိုနှင့် အဆိုပါ ရေပေါ်ဟိုတယ်ရှိ အခြားအသုံးအဆောင် ပစ္စည်းများသည် (၁၉၂ဝ-၁၉၃ဝ) ပြည့်နှစ်ကို ရောက်သွားသလိုမျိုး ခံစားရမှာ ဖြစ်ကြောင်း၊ ဈေးနှုန်းနှင့် ဖွင့်ပွဲကျင်းပမည့် ရက်ကို ညှိနှိုင်း ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း၊ မကြာမီ Email: info @vintageluxuryhotel.com ၊www.vintageluxuryhotel.com နှင့် အခြား website များတွင် ကြော်ငြာသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြား ခဲ့သည်။

ထိုရေပေါ်ဟိုတယ် သင်္ဘောကြီးသည် ဖင်လန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်ပြီး တန်ချိန် ၂၂ဝဝ ရှိသည်။ သင်္ဘောမှာ အဖြူရောင်ဖြစ်ပြီး အလွှာငါးလွှာနှင့် ဖွဲ့စည်း ထားသည်။ ပထမအလွှာတွင် နှစ်ယောက် အိပ်ခန်း ၃၄ ခန်းပါဝင်ပြီး၊ ဒုတိယ အလွှာတွင် နှစ်ယောက်အိပ်ခန်း ၃၃ ခန်းပါဝင်ကာ ယင်းနှစ်လွှာတွင် ရုပ်ရှင်ရုံ တစ်ခု၊ Information ကောင်တာတစ်ခု၊ အစည်းအဝေး ခန်းမနှင့် ဖျော်ဖြေရေး အခန်းများ ပါဝင်သည်။ တတိယ အလွှာတွင် Victoria Bar & Lobby Will

make your faw Drop နှင့် Spaခေါ် အလှ ပြင်ခန်းများ၊ ကျန်းမာရေး အနှိပ်ခန်းများနှင့် အိပ်ခန်း ၂၁ ခန်း ပါဝင်ကြောင်း သိရသည်။

ဟိုတယ်၏ စတုတ္ထအလွှာတွင် ရန်ကုန်၊ လန်ဒန်ဟု ခေါ်သော Meeting Room ခန်းမ နှစ်ခုပါဝင်သည်။ လာရောက်သော စီးပွားရေး လုပ်ငန်းရှင် ဧည့်သည်များ အတွက် Internet ၊ Computer ၊ ဘာသာပြန် စသည့် Business Center တစ်ခု ပါဝင်သည်။ ထို့ပြင် 1920 Industrial Restaurant Gastronomy Redefien စသည့် စားသောက်ခန်းများ Double UncompromisedLuxury Lero Grauity Bed အိပ်ခန်း ၁၆ ခန်း ပါဝင်ကြောင်း သိရှိသည်။

ငါးလွှာတွင် Pirate Restaurant & Robinson Grusoe Bar စားသောက်ခန်း နှစ်ခု ပါဝင်သည်။ နံနက်စာ၊ နေ့လယ်စာ၊ ညစာများ သုံးဆောင်နိုင်မည် ဖြစ်သည့်အပြင် ရန်ကုန်မြို့၏ ဆိပ်ကမ်းအလှ ရှုခင်းများနှင့် ရန်ကုန်မြစ်ဖက်ခြမ်း ရှုခင်းများအား ခံစားနိုင်မည် ဖြစ်သည်။ ကျန်းမာရေး အတွက် အိပ် ခန်းများတွင် သက်သောင့်သက်သာ ရှိစေရန် ခုတင်များအား နည်းပညာဖြင့် ဆောင်ရွက် ထားကြောင်း သိရသည်။

အိပ်ခန်းပေါင်း ၁ဝ၄ ခန်း ပါဝင်ပြီး ဟိုတယ်၏ ဦးပိုင်းတွင် ကျန်းမာရေး အနှိပ်ခန်းများ၊ အလှပြင်ခန်းများ ပါဝင်သည်။ ဆေးလိပ် သောက်လိုသူများအတွက Smoking Room များ ပါရှိသည်။ ပဲ့ပိုင်းတွင် Feel the Sunset အား ခံစားနိုင်မည်ဖြစ်သည်။ ထို့ပြင် အတွင်းပိုင်း၌ Edison Museum on King Pier ကောင်တာနှင့် ဧည့်ခန်းများ ပါဝင်ကြောင်း သိရသည်။

ရေပေါ်ဟိုတယ် VINTAGE LUXURY တွင် ဝန်ထမ်းအင်အား အနေဖြင့် နိုင်ငံခြားသား Operator များအပါအဝင် စုစုပေါင်း အင်အား ၁၅ဝ ဝန်းကျင်ခန့် ရှိကြောင်း သိရသည်။

မြ၀တီ 

No comments:

Post a Comment