Wednesday 2 July 2014

ဆရာစံလမ်းရှိ မြေကွက်ကျယ်တစ်ခုအား မြေငှားခ အဆမတန် နည်းသောဈေးနှုန်းဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက စိန်ဟင်းကုမ္ပဏီသို့ နှစ်ရှည်ငှားရန်စီစဉ်

အမှတ် ၆၅၊ ဆရာစံလမ်းပေါ်ရှိ ပြည်ထဲရေးဝန်ကြီးဌာနပိုင် ၁ ဒသမ ၆၅၂ ဧက ကျယ်ဝန်းသည့်မြေနေရာ အား တွေ့ရစဉ်
ရန်ကုန်မြို့ရှိ အချက်အချာကျနေရာတစ်ခုဖြစ်သည့် ဆရာစံလမ်းပေါ်ရှိ ၁ ဒသမ ၆၅၂ ဧကကျယ်ဝန်းသည့် ပြည်ထဲရေးဝန်ကြီး ဌာနပိုင်မြေကွက်ကျယ်ကို စိန်ဟင်းကုမ္ပဏီသို့ နည်းပါးလွန်းသည့် ငှားရမ်းခဈေးဖြင့် နှစ်ရှည် ငှားရမ်းရန် ပြည်ထဲရေးဝန်ကြီးဌာနက စီစဉ်လျက်ရှိသည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အသိုင်း အ၀ိုင်း မှ သတင်းရရှိသည်။

အမှတ် ၆၅၊ ဆရာစံလမ်းပေါ်ရှိ ပြည်ထဲရေးဝန်ကြီးဌာနပိုင် ၁ ဒသမ ၆၅၂ ဧက ကျယ်ဝန်းသည့်မြေနှင့် အဆောက် အအုံကို ဟိုတယ်လုပ်ငန်းလုပ်ကိုင်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနမှ စိန်ဟင်းကုမ္ပဏီ လီမိ တက် သို့ BOT စနစ်ဖြင့် ငှားရမ်းရန်စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
    
မြေငှားရမ်းခအဖြစ် တစ်စတုရန်းပေလျှင် တစ်လကျပ် ၇၀ နှုန်း(တစ်နှစ်ကျပ် ၈၀၀ ကျော်)ဖြင့် ငှား ရမ်းပေး ရန် စီစဉ်ထားကြောင်း သိရှိရသည်။
    
မူလက တစ်စတုရန်းပေလျှင် ၂၈ ကျပ်နှုန်းဖြင့်သာ ငှားရမ်းရန် စီစဉ်ထားခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ငှားရမ်းခကို ပြန်လည်စိစစ်ခိုင်းသည့်အတွက်လည်း မြေငှားရမ်းခအဖြစ် တစ်စတုရန်းပေ တစ်ပေလျှင် ကျပ် ၇၀ အထိရလာခဲ့ခြင်းလည်းဖြစ်သည်။
    
ငှားရမ်းခ တစ်စတုရန်းပေ တစ်လ ကျပ် ၇၀ ဖြစ်သည့်အတွက် ၁ ဒသမ ၆၅၂ ဧက(၇၁၉၆၁ စတုရန်းပေ) ကျယ်ဝန်းသောမြေကွက်နှင့် အဆောက်အအုံအတွက် တစ်လငှားရမ်းခ စုစုပေါင်း တစ်လကျပ်သိန်း ၅၀ သာ နိုင်ငံတော်မှရမည်ဖြစ်သည်။
    
ဆရာစံလမ်းပေါ်တွင် ယခုအခါ (ပေ ၁၀၀ ပတ်လည်) ၁၀၀၀၀ စတုရန်းပေရှိသည့် မြေကွက်ဆိုလျှင်ပင် တစ်လငှားရမ်းခမှာ ကျပ် ၁၃၅ သိန်းအထိပေးရကြောင်း၊ ယခု ၇၁၉၆၁ စတုရန်းပေကျယ်သည့် မြေကွက် ငှားရမ်းခမှာ တစ်လကျပ်သိန်း ၅၀ သာရှိရာ ကာလပေါက်ဈေးထက် များစွာနည်းသည့် ဈေးဖြစ်နေကြောင်း၊ နိုင်ငံပိုင်မြေကွက်နှင့် အဆောက်အအုံများကို လေလံတင်ပြီးမှ ပုဂ္ဂလိကသို့ချထားပေးသင့်ကြောင်း ဆရာစံလမ်းပေါ်တွင် မြေကွက်ငှားရမ်း၍ စီးပွားရေးလုပ်ကိုင်သူ လုပ်ငန်းရှင်တစ်ဦးက ထောက်ပြခဲ့သည်။
    
"ကျွန်တော် ဆရာစံလမ်းမှာ ပေ ၁၀၀ ပတ်လည်လောက်ငှားတာတောင် တစ်လ ကျပ် ၁၃၅ သိန်းပေးရ တယ်။ အခုခေတ်က လေလံတင်ပြီးမှ နိုင်ငံပိုင်တွေကိုလွှဲတဲ့ခေတ်ဖြစ်လို့ လေလံတင်ပြီး ယှဉ်ပြိုင်လုပ် ကိုင်တာ အကောင်းဆုံးပါ" ဟု ပြောပြခဲ့သည်။
    
ဆရာစံလမ်းပေါ်တွင် လက်ရှိငှားရမ်းခနှုန်းများဖြင့်တွက်ပါက ပြည်ထဲရေးဝန်ကြီးဌာနမှ ငှားရမ်းပေးမည့် မြေငှား ခမှာ ပေါက်ဈေးထက် ၁၅ ဆကျော်အထိ နည်းပါးသည့် ဈေးဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင် များက ထောက်ပြခဲ့သည်။     

Eleven Media Group 

No comments:

Post a Comment