Wednesday 2 July 2014

UWSA “၀” အဖွဲ့မှ ပြည်သူ့စစ်တစ်ဦးအား ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်

Photo: UWSA “၀” အဖွဲ့မှ ပြည်သူ့စစ်တစ်ဦးအား ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်
Wednesday, July 2, 2014 

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ မယ်ပုလုံကျေးရွာအုပ်စု၊ မယ်ကျန့် (၁) ရွာနေ ပြည်သူ့စစ်တစ်ဦး အား ဇွန် ၂၉ ရက်နေ့ ည ၉ နာရီခန့်တွင် UWSA ‘‘ ၀ ’’ အဖွဲ့မှ ဖမ်းဆီးသွားကာ ချုပ်နှောင်ထားကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

UWSA ‘‘ ၀ ’’ အဖွဲ့မှ ဖမ်းဆီးသွားသူမှာ မယ်ပုလုံ ပြည်သူ့စစ် ဦးအယ်ခမ်းမွှေး (ဘ) ဦးဟွေကျုံး၊ အသက် (၃၅) နှစ်၊ လားဟူ/ခရစ်ယာန်၊ ပြည်သူ့စစ်အမာခံအမှတ် တသခ (၀၅၀၇၃) ၊ ကဒ်အမှတ် ၀၂၆၈၁ ကိုင်ဆောင်သူ ဖြစ်ကြောင်း ပြည်သူ့စစ်ခေါင်းဆောင် က ဆိုသည်။

‘‘ ‘ ၀ ’ ’’ အဖွဲ့က သူတို့ပျောက်တဲ့သေနတ်ကို အယ်ခမ်းမွှေးယူတယ်လို့ သံသယရှိတယ်ဆိုပြီး လာဖမ်းသွား တာ၊ သူတို့က အင်အားများတော့ ကျွနတော်လည်း ဘာမှ မပြောလိုက်ဘူး၊ အခုအစိုးရတပ်ဖွဲ့ကိုတော့ သွား သတင်း ပို့ထားပါတယ် ” ဟု ယင်းပြည်သူ့စစ်ခေါင်းဆောင် ဦးအားကိန်က ပြောကြားသွားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မိုင်းဆတ် အခြေစိုက် အစိုးရတပ်အား ဆက်သွယ်မေးမြန်းကြည့်ရာ “ ပြည်သူ့ စစ်တစ်ဦးကို UWSA ‘‘ ၀ ’’ အဖွဲ့က လာဖမ်းသွားတယ်ဆိုပြီး လာသတင်းပို့ထားတာ ရှိပါတယ်၊ သူတို့ ဆက်ဆံ ရေးရုံးတာဝန်ခံကို လှမ်းပြောထားပါတယ်၊ ပြည်သူ့စစ်တစ်ဦးကို ဥပဒေမဲ့ ဖမ်းဆီးသွားတာ ပြန်လွှတ်ပေးဖို့ ပြောထားပါတယ် ” ဟု အရာရှိတစ်ဦးက ပြောသည်။

UWSA ‘‘ ၀ ’’ အဖွဲ့မှ၊ နန့်ကျန်း “၀” ရဲစခန်းမှ ဇွန် ၂၄ ရက်နေ့တွင် AK 47 အမျိုးအစား သေနတ်တစ်လက် ပျောက်ဆုံးသွားမှုနှင့် ပတ်သက်၍ ဦးအယ်ခမ်းမွှေးအား မသင်္ကာသဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကာ ၎င်းရဲစခန်း အချုပ်တွင် ချုပ်နှောင်ထားကြောင်း ပြည်သူ့စစ်တစ်ဦးက ပြောကြားသွားသည်။

UWSA ‘‘ ၀ ’’ အဖွဲ့သည် နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီမှုရရှိထားသော လက်နက်ကိုင်အဖွဲ့ ဖြစ်ပြီး “၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအား “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် ပြောင်းလဲသတ်မှတ် ပေးရန် တောင်းဆိုထားသောကြောင့် ယခုကဲ့သို့ ဥပဒေမဲ့ လုပ်ရပ်များ ကျူးလွန်နေခြင်းက UWSA ‘‘ ၀ ’’ အဖွဲ့ အပေါ် ဒေသခံပြည်သူများမှ ယုံကြည်မှု ပျက်ပြားသွားနိုင်ကြောင်း တရုတ် - မြန်မာနယ်စပ်ရှိ “၀” အရေး လေ့လာ သုံးသပ်သူ သတင်းထောက်တစ်ဦးက ပြောကြားသွားသည်။

နန်းနု (ကျိုင်းတုံ)
Shan News
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ မယ်ပုလုံကျေးရွာအုပ်စု၊ မယ်ကျန့် (၁) ရွာနေ ပြည်သူ့စစ် တစ်ဦး အား ဇွန် ၂၉ ရက်နေ့ ည ၉ နာရီခန့်တွင် UWSA ‘‘ ၀ ’’ အဖွဲ့မှ ဖမ်းဆီးသွားကာ ချုပ်နှောင် ထားကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

UWSA ‘‘ ၀ ’’ အဖွဲ့မှ ဖမ်းဆီးသွားသူမှာ မယ်ပုလုံ ပြည်သူ့စစ် ဦးအယ်ခမ်းမွှေး (ဘ) ဦးဟွေကျုံး၊ အသက် (၃၅) နှစ်၊ လားဟူ/ခရစ်ယာန်၊ ပြည်သူ့စစ်အမာခံအမှတ် တသခ (၀၅၀၇၃) ၊ ကဒ်အမှတ် ၀၂၆၈၁ ကိုင်ဆောင်သူ ဖြစ်ကြောင်း ပြည်သူ့စစ်ခေါင်းဆောင် က ဆိုသည်။

‘‘ ‘ ၀ ’ ’’ အဖွဲ့က သူတို့ပျောက်တဲ့သေနတ်ကို အယ်ခမ်းမွှေးယူတယ်လို့ သံသယရှိတယ်ဆိုပြီး လာဖမ်းသွား တာ၊ သူတို့က အင်အားများတော့ ကျွနတော်လည်း ဘာမှ မပြောလိုက်ဘူး၊ အခုအစိုးရတပ်ဖွဲ့ကိုတော့ သွား သတင်း ပို့ထားပါတယ် ” ဟု ယင်းပြည်သူ့စစ်ခေါင်းဆောင် ဦးအားကိန်က ပြောကြားသွားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မိုင်းဆတ် အခြေစိုက် အစိုးရတပ်အား ဆက်သွယ်မေးမြန်းကြည့်ရာ “ ပြည်သူ့ စစ်တစ်ဦးကို UWSA ‘‘ ၀ ’’ အဖွဲ့က လာဖမ်းသွားတယ်ဆိုပြီး လာသတင်းပို့ထားတာ ရှိပါတယ်၊ သူတို့ ဆက်ဆံ ရေးရုံးတာဝန်ခံကို လှမ်းပြောထားပါတယ်၊ ပြည်သူ့စစ်တစ်ဦးကို ဥပဒေမဲ့ ဖမ်းဆီးသွားတာ ပြန်လွှတ်ပေးဖို့ ပြောထားပါတယ် ” ဟု အရာရှိတစ်ဦးက ပြောသည်။

UWSA ‘‘ ၀ ’’ အဖွဲ့မှ၊ နန့်ကျန်း “၀” ရဲစခန်းမှ ဇွန် ၂၄ ရက်နေ့တွင် AK 47 အမျိုးအစား သေနတ်တစ်လက် ပျောက်ဆုံးသွားမှုနှင့် ပတ်သက်၍ ဦးအယ်ခမ်းမွှေးအား မသင်္ကာသဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကာ ၎င်းရဲစခန်း အချုပ်တွင် ချုပ်နှောင်ထားကြောင်း ပြည်သူ့စစ်တစ်ဦးက ပြောကြားသွားသည်။

UWSA ‘‘ ၀ ’’ အဖွဲ့သည် နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီမှုရရှိထားသော လက်နက်ကိုင် အဖွဲ့ ဖြစ်ပြီး “၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအား “၀” ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရပြည်နယ်အဖြစ် ပြောင်းလဲ သတ်မှတ် ပေးရန် တောင်းဆိုထားသောကြောင့် ယခုကဲ့သို့ ဥပဒေမဲ့ လုပ်ရပ်များ ကျူးလွန်နေခြင်းက UWSA ‘‘ ၀ ’’ အဖွဲ့ အပေါ် ဒေသခံပြည်သူများမှ ယုံကြည်မှု ပျက်ပြားသွားနိုင်ကြောင်း တရုတ် - မြန်မာနယ်စပ်ရှိ “၀” အရေး လေ့လာ သုံးသပ်သူ သတင်းထောက်တစ်ဦးက ပြောကြားသွားသည်။

နန်းနု (ကျိုင်းတုံ)
Shan News 

No comments:

Post a Comment