Wednesday 2 July 2014

ပြင်သစ်နိုင်ငံနှင့်ပူးပေါင်းကာ ပြည်တွင်း၌ လေယာဉ်အကြီးစား ပြင်ဆင်ရေးလုပ်ငန်း ဆောင် ရွက်မည်

ရန်ကုန်၊ ဇူလိုင် ၁- နိုင်ငံတကာ အဆင့်ရှိ လေယာဉ်အကြီးစားပြင် ဆင် ရေးလေ ယာဉ်လုပ်ငန်းကို ပြင်သစ် နိုင်ငံနှင့် ပူးပေါင်းကာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြန် မာ့လေကြောင်းမှ သိရသည်။

အဆိုပါ အကြီးစားပြင်ဆင်ရေး လေယာဉ်ရုံကို ပြည်ပနိုင်ငံများမှ လေယာဉ်များ လာရောက်ပြုပြင်နိုင် သည်အထိ ဆောင်ရွက်သွားမည်ဖြစ် ပြီး နိုင်ငံတကာအသိအမှတ်ပြု Approval ရသည်အထိ ပြင်သစ် နိုင်ငံမှ ATR လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီ၏အကူအညီဖြင့် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လေကြောင်းမှ အင်ဂျင် နီယာချုပ်ဦးမြင့်အောင် က'' လက်ရှိ လေကြောင်း လိုင်းတွေအနေနဲ့ အသေး စားပြင်ဆင်တာတွေကို ကိုယ့်ဘာသာ ကိုယ်ဆောင် ရွက်နေပေမယ့် အကြီး စား ပြင်ဆင်မှုတွေကို ပြည်ပမှာ သွား ရောက်ပြုပြင်နေ ရတယ်။ နောက်ဆို ရင်ကိုယ့်ပြည်တွင်းမှာ ပဲ ပြုပြင်နိုင် အောင် ဆောင်ရွက် မှာပါ''ဟုဆိုသည်။

အဆိုပါအကြီးစားပြင်ဆင်ရေး လေယာဉ်ရုံကို ရန်ကုန်လေဆိပ်တွင် စတင်ဆောင်ရွက်လျက်ရှိပြီး လာမည့် သုံးနှစ် အတွင်း ပြည်ပ မှလေယာဉ် အကြီးစားပြုပြင်မှုများကို လက်ခံဆောင် ရွက်ပေးနိုင်မည့် နိုင်ငံတကာအသိ အမှတ်ပြုအကြီးစားပြင် ဆင်ရေး လေယာဉ်ရုံဖြစ်အောင် အကောင် အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဦးမြင့်အောင်က '' ဒီအလုပ်ရုံ မှာ ATR သုံးစီးလောက်ကို စစ်ဆေး တာ၊ ပြင်ဆင်တာတွေဆောင်ရွက် နိုင်မယ်၊ ပြည်တွင်း မှာအောင်မြင် အောင်ဆောင် ရွက်နိုင်ပြီဆိုရင် ပြည်ပ ဈေးကွက်ကိုရှာရမှာပါ။ နိုင်ငံ တကာ အသိအမှတ်ပြုလက်မှတ်ရ ရင်တော့ ပြည်ပလေကြောင်း လိုင်းတွေကလဲ လာကြမှာပါ'' ဟုဆိုသည်။

လက်ရှိ ပြည်တွင်းလေကြောင်း လိုင်းများအနေဖြင့် လေယာဉ်အကြီး စားပြုပြင်မှုများ ဆောင်ရွက်ရန်အ တွက်စင်ကာပူနိုင်ငံတွင် အများဆုံး သွားရောက်ဆောင်ရွက်နေရကြောင်း မြန်မာ့လေကြောင်းမှ သိရသည်။

ပုဂ္ဂလိကလေကြောင်းလိုင်းတစ် ခုမှ အင်ဂျင်နီယာတစ်ဦး က'' အခု လေ ယာဉ်ပြုပြင်ရေး လုပ်ငန်းဆိုတာ ကလဲ အသေးစားလုပ် ငန်းလေးတွေ လောက် ပဲလုပ်နိုင်သေးတယ်။ တကယ့် အကြီးကြီးတွေဆိုရင် နိုင်ငံခြား ကိုထွက် ပြီး ပြင်ဆင်မှုတွေလုပ်ရတယ်။ ကိုယ့် ပြည်တွင်း မှာသာလုပ်ကိုင်နိုင် ရင်တော့ လေကြောင်းကဏ္ဍက အခုထက် ကိုပိုပြီး တိုးတက်လာနိုင်မယ်လို့ ထင် တယ်''ဟုဆိုသည်။ 

Yangon Media Group 

No comments:

Post a Comment