Wednesday 2 July 2014

ရန်ကုန် မြို့ပတ်ရထားလက်မှတ်တွေ ကွန်ပျူတာစနစ်နဲ့ ရောင်းမယ်

Photo: ရန်ကုန် မြို့ပတ်ရထားလက်မှတ်တွေ ကွန်ပျူတာစနစ်နဲ့ ရောင်းမယ်
Wednesday, July 2, 2014 

ရန်ကုန် မြို့ပတ်ရထား လက်မှတ်တွေကို ကွန်ပျူတာစနစ်နဲ့ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ အခြေခံလူတန်းစားတွေအတွက် အဆင်မပြေ ဖြစ်မှာကိုလည်း စိုးရိမ်နေကြပါတယ်။

ဘူတာရုံများကို အဆင့်မြင့်တင်တဲ့ ခြေလှမ်းတစ်ရပ် အနေနဲ့ ရန်ကုန်ဘူတာကြီး အပါအဝင် ရန်ကုန်မြို့ပတ် ဘူတာ ၁၅ ခုမှာ ကွန်ပျူတာစနစ်သုံးပြီး လက်မှတ်ရောင်းချဖို့ စီစဉ်နေတာလို့ နေပြည်တော်၊ မြန်မာမီးရထားရုံးချုပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီစနစ်ကို အကောင်ထည်ဖော်ဖို့အတွက် အစိုးရနဲ့ အကျိုးတူးပူးပေါင်းဖို့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ဇွန်လ ၂၉ ရက်ကနေ ဇူလိုင်လ ၁၄ ရက်ထိ တင်ဒါခေါ်ထားပါတယ်။ ကနဦးမှာတော့ သုံးနှစ်လုပ်ကိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
“အခုလုပ်တဲ့ စနစ်က ရှေ့ပြေးပါ။ အောင်မြင်ရင်တော့ ဘူတာတိုင်းကို လုပ်ဖို့ရှိပါတယ်” မြန်မာမီးရထားရုံးချုပ် တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ရထား လက်မှတ်တွေကို code နဲ့ ထိန်းချုပ်ထားမှာ ဖြစ်ပါတယ်။

လက်မှတ်ဈေးနှုန်း သတ်မှတ်ချက် အပေါ်မူတည်ပြီးတော့ တင်ဒါကို ဆုံးဖြတ်မှာ ဖြစ်ပေမယ့် လတ်တလောမှာတော့ လက်မှတ်ဈေးနှုန်းတွေ ပြောင်းလဲမှာ မဟုတ်ဘူးလို့ မြန်မာ့မီးရထား ရန်ကုန်ဘူတာကြီးက တိုင်းမန်နေဂျာ ဦးကျော်စိုးလင်းက ပြောပါတယ်။

လျှပ်စစ်လို အခြေခံအဆောက်အဦကိုတော့ မြန်မာ့မီးရထားက အထောက်အကူပြုမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ရထားစီးခရီးသည် အများစုဟာ အခြေခံလူတန်းစားတွေ ဖြစ်တဲ့အတွက် သူတို့တွေအတွက် အဆင်ပြေမယ့် စနစ်ဖြစ်ဖို့ ဆောင်ရွက် ပေးသင့်တယ်လို့ ပထမဆုံး ကွန်ပျူတာစနစ်နဲ့ ရောင်းချမည် ဘူတာ ၁၅ ခုက တစ်ခုဖြစ်တဲ့ပုရွတ်ဆိတ်ကုန်း ဘူတာက ပုံမှန်ရ ထားစီးနင်းသူတစ်ဦးက ပြောပါတယ်။

မြန်မာ့မီးရထားအနေနဲ့ ဒီနှစ်ပိုင်းမှာ ရန်ကုန်မြို့ပတ် ဘူတာရုံတွေမှာ ခြံစည်းရိုးခတ်တာ၊ ဂုံးကျော်တံတား ပြုပြင်တည်ဆောက်တာတွေ ရှိပေမယ့် ဘူတာတချို့နဲ့ သံလမ်းပိုင်းတချို့မှာ မိုးသည်းထန်စွာရွာရင် ရေကျော်တယ်လို့ ဘူတာဝန်းကျင်မှာ နေထိုင်သူတွေနဲ့ ရထားစီး ခရီးသည်တွေက ပြောဆိုကြပါတယ်။

The Voice Weekly
ရန်ကုန်မြို့ပတ်ရထား လက်မှတ်တွေကို ကွန်ပျူတာစနစ်နဲ့ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ အခြေခံ လူ တန်း စားတွေ အတွက် အဆင်မပြေ ဖြစ်မှာကိုလည်း စိုးရိမ်နေကြပါတယ်။

ဘူတာရုံများကို အဆင့်မြင့်တင်တဲ့ ခြေလှမ်းတစ်ရပ် အနေနဲ့ ရန်ကုန်ဘူတာကြီး အပါအဝင် ရန်ကုန်မြို့ပတ် ဘူတာ ၁၅ ခုမှာ ကွန်ပျူတာစနစ်သုံးပြီး လက်မှတ်ရောင်းချဖို့ စီစဉ်နေတာလို့ နေပြည်တော်၊ မြန်မာမီးရထားရုံးချုပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီစနစ်ကို အကောင်ထည်ဖော်ဖို့အတွက် အစိုးရနဲ့ အကျိုးတူးပူးပေါင်းဖို့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ဇွန်လ ၂၉ ရက်ကနေ ဇူလိုင်လ ၁၄ ရက်ထိ တင်ဒါခေါ်ထားပါတယ်။ ကနဦးမှာတော့ သုံးနှစ်လုပ်ကိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

“အခုလုပ်တဲ့ စနစ်က ရှေ့ပြေးပါ။ အောင်မြင်ရင်တော့ ဘူတာတိုင်းကို လုပ်ဖို့ရှိပါတယ်” မြန်မာမီးရထား ရုံးချုပ် တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ရထား လက်မှတ်တွေကို code နဲ့ ထိန်းချုပ်ထားမှာ ဖြစ်ပါတယ်။

လက်မှတ်ဈေးနှုန်း သတ်မှတ်ချက် အပေါ်မူတည်ပြီးတော့ တင်ဒါကို ဆုံးဖြတ်မှာ ဖြစ်ပေမယ့် လတ်တလော မှာတော့ လက်မှတ်ဈေးနှုန်းတွေ ပြောင်းလဲမှာ မဟုတ်ဘူးလို့ မြန်မာ့မီးရထား ရန်ကုန်ဘူတာကြီးက တိုင်း မန်နေ ဂျာ ဦးကျော်စိုးလင်းက ပြောပါတယ်။

လျှပ်စစ်လို အခြေခံအဆောက်အဦကိုတော့ မြန်မာ့မီးရထားက အထောက်အကူပြုမှာ ဖြစ်တယ်လို့ သူက ဆို ပါတယ်။
ရထားစီးခရီးသည် အများစုဟာ အခြေခံလူတန်းစားတွေ ဖြစ်တဲ့အတွက် သူတို့တွေအတွက် အဆင်ပြေမယ့် စနစ်ဖြစ်ဖို့ ဆောင်ရွက် ပေးသင့်တယ်လို့ ပထမဆုံး ကွန်ပျူတာစနစ်နဲ့ ရောင်းချမည် ဘူတာ ၁၅ ခုက တစ်ခုဖြစ်တဲ့ပုရွတ်ဆိတ်ကုန်း ဘူတာက ပုံမှန်ရ ထားစီးနင်းသူတစ်ဦးက ပြောပါတယ်။

မြန်မာ့မီးရထားအနေနဲ့ ဒီနှစ်ပိုင်းမှာ ရန်ကုန်မြို့ပတ် ဘူတာရုံတွေမှာ ခြံစည်းရိုးခတ်တာ၊ ဂုံးကျော်တံတား ပြုပြင်တည်ဆောက်တာတွေ ရှိပေမယ့် ဘူတာတချို့နဲ့ သံလမ်းပိုင်းတချို့မှာ မိုးသည်းထန်စွာရွာရင် ရေကျော်တယ်လို့ ဘူတာဝန်းကျင်မှာ နေထိုင်သူတွေနဲ့ ရထားစီး ခရီးသည်တွေက ပြောဆိုကြပါတယ်။

The Voice Weekly 

No comments:

Post a Comment