Wednesday 2 July 2014

ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုမှ ၇ဝရာခိုင်နှုန်း အခွန်ရှောင်နေ

ရန်ကုန်၊ ဇူလိုင် ၁- မြန်မာနိုင်ငံ၏ ပင် လယ်ရေကြောင်းနှင့် နယ်စပ်ကုန် သွယ်မှုကဏ္ဍ များမှ ၃ဝရာခိုင်နှုန်းခန့်သာ နိုင်ငံတော် အတွက် အခွန်ဆောင်နေပြီး ကျန် ၇ဝ ရာခိုင်နှုန်းမှာ အခွန်ရှောင်နေကြကြောင်း ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဗဟိုကော်မတီမှ သိရှိရ သည်။
မြန်မာနိုင်ငံ၏ကုန်သွယ်မှု တွင် ပင်လယ် ရေကြောင်းမှ ၈ဝရာခိုင်နှုန်းရှိပြီး ကျန်နယ်စပ် ကုန်သွယ်မှု ၂ဝရာခိုင်နှုန်းအနက် နယ်စပ် ကုန် သွယ် မှုမှ ၁၃ရာခိုင်နှုန်းသာ တရားဝင်လမ်း ကြောင်းဖြင့်သွားနေကြောင်း Mobile Teams ၏ နယ်စပ်ဂိတ်များ စစ်ဆေးချက်အရ သိရ သည်။

''တရားမဝင်နဲ့ ဝင်တာက အရမ်းများနေ သေးတယ်။ ဥပမာ မြဝတီဘက်ကတင် တစ် နှစ်ကို တစ်ဘီလီယံလောက် တရားမဝင် လမ်းကြောင်းနဲ့ သွားနေတယ်။ ပင်လယ်ရေ ကြောင်းဘက်က ကုန်သွယ်မှုများပေမယ့် တရားမဝင် ဘယ်လောက် ရှိတယ်ဆိုတာ မသိ နိုင်သေးဘူး။ သွားနေတာက အရမ်း နည်းနေ သေးတယ်''ဟု တရားမဝင်ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီရုံးလုပ်ငန်းကွပ် ကဲမှု တာဝန်ခံဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောသည်။

၂၀၁၂ ခုနှစ်မှစ၍ နယ်စပ်ဒေသများ တွင် လုပ်ငန်းလိုင်စင် ထုတ်ပေး လိုက်ခြင်း ကြောင့် ပါမစ်လိုင်စင်ကိုနယ်စပ်ရောက်မှ သာ လျှောက်ထားနိုင်ပြီး အစစ်အဆေး မရှိဘဲ နယ် စပ်အထိ ပစ္စည်းသယ်သွားနိုင်သဖြင့် နယ်စပ် ရောက် သည်နှင့် လိုင်စင်မလျှောက်ဘဲ တစ် ဖက်နိုင်ငံသို့ တိုက်ရိုက်ရောင်းချ မှုများရှိလာ ကြောင်း သိရသည်။

ထိုသို့တရားမဝင်ကုန်သွယ်မှုများကို ထိ ရောက်စွာထိန်းချုပ်နိုင်ရန်အတွက် တရား မဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟို ကော်မတီ(MobileTeams)အဖွဲ့ကို ၂၀၁၂ နိုဝင်ဘာ ၁ရက်တွင်  စတင်ဖွဲ့စည်းခဲ့ကာ စီမံ ချက်သုံးဆင့်သတ် မှတ်ဖော်ဆောင် ရွက်ခဲ့ခြင်း ဖြစ်သည်။

MobileTeams ၏ ပထမအဆင့်အနေ ဖြင့် နယ်စပ်ဝင်ပေါက်များနှင့် အဓိက ကျသော နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းများ၊ ဒုတိယ အနေဖြင့် ရန်ကုန်မြို့ရှိ ပြည်တွင်း ကမ်းရိုး တန်းသွား ရေယာဉ်များဆိုက်ကပ်သည့် ဆိပ် ကမ်းနှင့်မြို့ကြီးများရှိ တရားမဝင်တင်သွင်းသည့် ကုန်ပစ္စည်းသိုလှောင်သည့် သိုလှောင်ရုံများ သို့ စစ်ဆေးခြင်းတို့ကို လုပ်ဆောင်နေခြင်းဖြစ် သည်။ 

Yangon Media Group 

No comments:

Post a Comment