Wednesday 2 July 2014

အရှိန်မထိန်းနိုင်သည့်ယာဉ်မှ တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိပြီး ယာဉ်(၂)စီးကိုတိုက်မိခဲ့ရာ အတိုက်ခံရသည့်ယာဉ်(၁)စီးတိမ်းမှောက်

၁.၇.၂၀၁၄ရက်နေ့၁၀၄၅အချိန်ကမ္ဘာအေးဘုရားလမ်းအတိုင်းတောင်မှမြောက်သို့ တောင်ဥက္ကလာပမြို့န ယ်နေ ယာဉ်မောင်း ကိုဇော်မင်း (၃၅)နှစ် မောင်းနှင်လာသော ၅ဃ/---ဒိုင်နာအဖြူရောင် ကိုယ်ပိုင် ယာဉ်သည် မရမ်းကုန်မြို့နယ်၊ ရိပ်သာကားမှတ်တိုင်အနီးအရောက်၌ အရှိန်မထိန်းနိုင်ဘဲ တစ်ဘက် ယာဉ်ကြော သို့ရောက်ရှိကာ မျက်နှာချင်းဆိုင်မှမောင်းနှင်လာသော ၂စ/----ဇူးပစ်ကပ် အဖြူရောင် ကိုပိုင်ယာဉ်နှင့် 6G --- issanMarchအနက်ရောင်ကိုယ်ပိုင်ယာဉ်တို့အား တိုက်မိခဲ့ရာ ၂စ/---- ဇူးပစ်ကပ် ယာဉ်မှာ  အတိုက်ခံရသည့်အရှိန်ကြောင့် ဝဲဘက်လမ်းစပ်သို့ တိမ်မှောက်သွားခဲ့ပြီး တယ်လီဖုန်း တိုင်နှင့်ခြံ စည်းရိုး အုတ် တံတိုင်းတို့ကိုတိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့်ယာဉ်(၃)စီး၊ တယ်လီဖုန်းတိုင်နှင့်အုတ်တံတိုင်းတို့ပျက်စီး သွားခဲ့သဖြင့် ယာဉ် မဆင် မခြင်မောင်းနှင်သူ ယာဉ်မောင်း ကိုဇော်မင်းအား မရမ်းကုန်းမြို့မရဲစခန်းယာဉ်(ပ)၆၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police 

No comments:

Post a Comment