Wednesday 2 July 2014

ဇာတ်သဘင်ကြေး ၁၀ သိန်းတောင်းတဲ့ ကော်မတီဝင်တွေ ရာထူးရပ်နားခံရ

ဇာတ်သဘင်တည်ထောင်ခွင့် အာမခံကြေးငွေ ကျပ် ၁၀ သိန်းပေးဖို့တောင်းတဲ့ ကော်မတီဝင်တွေကို ရာထူး ရပ်နားခဲ့တယ်လို့ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး(ဗဟို)က ထုတ်ပြန်လိုက်ပါတယ်။

ရာထူးက ရပ်နားခံရသူတွေ ကတော့ အတွင်းရေးမှူး ဦးကျော်ရွှေ၊ တွဲဘက် အတွင်းရေးမှူး ဦးအောင်ဇော် မင်းနဲ့ ဘဏ္ဍာရေးမှူး ဦးချစ်ကိုကိုတို့ ဖြစ်ပါတယ်။

အာမခံကြေး တင်ဖို့အတွက် ဇာတ်သဘင်တည်ထောင်သူ တွေက ကန့်ကွက်ခဲ့ ပေမယ့်လည်း သဘင် ပညာ ရှင်များ အစည်းအရုံးက အာမခံကြေး သွင်းမှ ကတ်ထုတ်ပေးမယ်လို့ ဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) ရဲ့ စည်းရုံးရေး နယ်မြေဖြစ်တဲ့ ပြည်နယ်နှင့် တိုင်းဒေ သ ကြီး ၁၂ ခုအနက် မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း တို့မှာသာ ဇာတ်သဘင် တည်ထောင်ခွင့် အာမ ခံကြေးတွေ ပေးသွင်းရတာဖြစ်ပြီး ဗဟိုက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေမှာ အာမခံကြေး ပေးသွင်း ရမယ်လို့ မပါဝင်ပါဘူးလို့ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ပန်တျာဦးမြကြည်က ပြောပြပါတယ်။

ဇာတ်သဘင် တည်ထောင်ဖို့ အာမခံကြေးငွေ ကျပ် ၁၀ သိန်းပေးသွင်းရတာကို သဘင် တည်ထောင် သူတွေ က ကန့်ကွက်ခဲ့တာကြောင့် သဘင်တည်ထောင်သူ တွေရဲ့ သဘောတူညီချက်နဲ့ အာမခံကြေးငွေကို ကျပ်ငါးသိန်းအဖြစ် ပြောင်းလဲ သတ်မှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

The Voice Weekly 

No comments:

Post a Comment