Wednesday 2 July 2014

ဆွစ်ဇာလန်နှင့်ပွဲတွင် ပင်နယ်တီ အဆုံးအဖြတ် ခံယူရမည်ကို စိုးရိမ်ပူပန်ခဲ့ကြောင်း မက်ဆီဖွင့်ဟ

ပင်နယ်တီ အဆုံးအဖြတ် ခံယူရန် အနီးကပ်ဆုံး ဖြစ်ခဲ့ပြီးမှ ဆွစ်ဇာလန်ကို အနိုင်ရခဲ့သည့်ပွဲတွင် အာဂျင် တီးနားအသင်းပြိုင်ပွဲမှ ထွက်ခွာရမည်ကို အလွန်အမင်း တွေးတော စိတ်ပူမိခဲ့ကြောင်း အသင်းခေါ င်းဆောင် လီယွန်နယ် မက်ဆီက ဝန်ခံခဲ့သည်။


အာဂျင်တီးနားသည် ဆွစ်ဇာလန်နှင့် ဂိုးမရှိသရေသာ ကစားနိုင်ခဲ့သည့်နောက် အချိန်ပို မိနစ်(၃၀) ဆက်လက် ကစားခဲ့ရသည်။ အာဂျင်တီးနားသည် ဆွစ်ဇာလန် ခံစစ်ကို အချိန်ပို ပြီးဆုံးရန် (၂)မိနစ် အလိုထိ မဖောက်နိုင်ခဲ့ချေ။ ထို့နောက်တွင်မူ မက်ဆီ ဆွဲယူလာပြီး ခင်းပေးသည့် ဘောလုံးကို တောင်ပံသမား အိန်ဂျယ်ဒီမာရီယာက ကန်သွင်းနိုင်ခဲ့သဖြင့် အဖိုးတန် အနိုင်ဂိုးကို ရရှိကာ အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် တက်ရောက်ခဲ့သည်။

“ဘောလုံးကို ရလာတဲ့အချိန်မှာ ကျွန်တော်ကိုယ်တိုင် ကန်သွင်းဖို့ အခွင့်အလမ်း ရှိမရှိ စဉ်းစားနေတာပါ။ အဲဒီအချိန်မှာ ဒီမာရီယာ လွတ်နေတာတွေ့လို့ သူ့ဆီ ဘောလုံးလှမ်းထိုးပေးလိုက်တယ်။ နောက်တော့ ကျွန်တော်တို့ အောင်ပွဲခံခွင့် ရလိုက်တယ်”ဟု မက်ဆီက ဆိုသည်။ ယခုပွဲတွင် မက်ဆီကို ၎င်း၏ချစ်သူ အန်တိုနယ်လာ ရော့ကူဇိုနှင့် သားငယ် သီယာဂိုတို့လည်း လာရောက်အားပေးခဲ့ကြသည်။

မက်ဆီက “ဒီပွဲမှာ ကျွန်တော်တို့ တစ်သင်းလုံး စိတ်ပိုင်းဆိုင်ရာ တော်တော်လေး ဖိအားဝင်ခဲ့တယ်။ ကျွန်တော် တို့ အားထုတ်ထားသမျှ အရာမရောက်နိုင်ဘူး ဆိုတဲ့ အတွေးမျိုးက ခေါင်းထဲဝင်နေပြီ။ ဒါပေမဲ့ ကျွန်တော် တို့က ကံပိုကောင်းတဲ့အသင်း ဖြစ်ခဲ့ပြီး အဆုံးမှာတော့ နောက်တစ်ဆင့် တက်နိုင်ခဲ့တယ်”ဟု ဖွင့် ဟ ခဲ့ သည်။

၎င်းက “လူတိုင်းလိုပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း အရမ်းစိတ်လှုပ်ရှားခဲ့၊ စိတ်ပူခဲ့ရပါတယ်။ ကျွန်တော်တို့ အသင်းက ဘယ်လိုမှ ဂိုးသွင်းလို့ မရဘူး ဖြစ်နေတယ်လေ။ အမှားလေး တစ်ခုလောက်သာ ဖြစ်လိုက်တာနဲ့ ကျွန်တော်တို့အသင်း အိမ်ပြန်သွားရနိုင်တယ် ဆိုတာကို သဘောပေါက်ထားတယ်။ ပင်နယ်တီ အဆုံး အဖြတ် ခံယူဖို့ကို ကျွန်တော်တို့ လုံးဝ မလိုလားခဲ့ဘူး။ ဖြစ်နိုင်ရင် ပွဲကို အဲဒီမတိုင်ခင်မှာပဲ ရလဒ် ထွက်ပေါ်စေ ချင် တယ်လေ”ဟုလည်း မက်ဆီက ပြောကြားသွားသည်။

_Ref: Dailymail
7Day Daily

No comments:

Post a Comment