Wednesday 2 July 2014

ရေစိုနေသည့် AIR CON အားကိုင်မိရာမှ ဓါတ်လိုက်သေဆုံး

၁.၇.၂၀၁၄ ရက်နေ့ ၁၄၀၅ အချိန် ဒဂုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရန်ကုန်ဆေးရုံကြီးတွင် အမျိုးသား တစ်ဦး ဓါတ်လိုက်သေဆုံးရောက်ရှိနေကြောင်း သတင်းအရသွားရောက်စစ်ဆေးရာ သေဆုံးသူမှာ လှိုင်သာယာမြို့နယ်နေ ပန်းရံအလုပ်လုပ်ကိုင်သူ မောင်ဝေလင်းအောင်ဖြစ်ပြီး ၀ဲလက်ဖ၀ါးနှင့်ဝဲလက်သန်း တို့တွင် အရေပြားပွန်းစုတ်ဒဏ်ရာ၊ ယာခြေသန်းတွင်ညိုမဲဒဏ်ရာများ ရရှိ ထားသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ရေချိုးခန်းအိမ်သာ ပြုပြင်ဆောက်လုပ်နေသော ပန်းရံအဖွဲ့တွင် လုပ်ကိုင်နေသူဖြစ်ကြောင်း၊ ၁၃၀၅ အချိန်ခန့်က အဆိုပါ နေအိမ်ရှိရေချိုးခန်းတွင် ပြူတင်းပေါက်တပ်ဆင်ရန်အတွက် ဆောက်ရွက်နေစဉ် ၎င်း၏နောက် ဘက်ရှိနံရံ တွင် တပ်ဆင်ထားသော မိုးရေစိုနေသည့် AIR CON အား လက်ဖြင့်ကိုင်မိရာမှ ဓါတ်လိုက်ကာ ဒဏ်ရာရရှိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ဒဂုံမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police 

No comments:

Post a Comment