Wednesday 2 July 2014

ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း (CESR) အတွဲ(၂) အစီရင်ခံစာ (မူကြမ်း) ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း (CESR) အတွဲ(၂)အစီရင်ခံစာ (မူကြမ်း)ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးဒေါက်တာမြင့်သိန်းနှင့် ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ (CESR) အမျိုးသားအကြံပေးပုဂ္ဂိုလ်များဖြစ်ကြသော ဆရာ ဦးသိန်းဦး၊ ဒေါက်တာမောင် သိန်း၊ ဦးမြင့်ဟန်နှင့် ဒေါက်တာဝင်းအောင်၊ အမျိုးသားကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသော ဒေါက်တာ သက် လွင်၊ ဒေါက်တာထူးထူးအောင်၊ ဒေါက်တာနွဲ့နွဲ့ဝင်းနှင့် ဦးတင်လှိုင်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ ပါမောက္ခချုပ် များနှင့် ပညာရေးကောလိပ် ကျောင်းအုပ်ကြီးများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ စက်မှုလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများမှကိုယ်စားလှယ်များ၊ ဆရာ ဆရာမများ၊ မိဘများနှင့်ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြော ကြားပြီး ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း (CESR) အမျိုးသား အကြံပေး ပုဂ္ဂိုလ် ဆရာကြီးဦးသိန်းဦးက အမှာစကားပြောကြားသည်။

ဆက်လက်၍(CESR)အတွင်းရေးမှူးက ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ် ငန်း (CESR) ပြည်တွင်း ပညာရှင်များနှင့် ပြည်ပပညာရှင်များတို့က သုတေသနပြုလုပ်၍ ပြုစုထားသော အတွဲ(၂) အသေးစိတ်လေ့လာ ဆန်းစစ်ခြင်း အစီရင်ခံစာ(မူကြမ်း)မှ အဓိကလေ့လာဆန်းစစ်တွေ့ရှိချက် များနှင့် ဦးစားပေးဆောင်ရွက် ရန် ထောက်ခံအကြံပြုချက်များကို ဆွေးနွေးတင်ပြပြီးနောက် အုပ်စု လိုက်ဆွေးနွေးခြင်း၊ ဆွေးနွေးပွဲရလဒ်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း များပြုလုပ်ခဲ့ကြသည်။

အလားတူ ညှိနှိုင်းဆွေးနွေးပွဲများကို ယခုနှစ်ဇွန် ၂၄ ရက်က တောင်ကြီးမြို့နှင့် မော်လမြိုင်မြို့များ၌ ကျင်းပရာတွင် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ဌာနဆိုင်ရာနှင့် အဖွဲ့အစည်း အသီးသီး ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar 

No comments:

Post a Comment