Wednesday 2 July 2014

ဆန်ကာတင် အလှမယ် ၂ဝ ရွှေဂုံတိုင်ကလေးပြုစုရေး ဂေဟာမှာ လုပ်အားပေးကြ

ပုဂံနဲ့ ပြင်ဦးလွင်ကနေ ရန်ကုန်ပြန်ရောက်လာကြတဲ့ Miss Universe Myanmar 2014 ပြိုင်ပွဲဝင် ဆန်ကာ တင် အလှမယ် ၂ဝဟာ ဇူလိုင် ၁ရက်နေ့မှာ ရွှေဂုံတိုင် ကလေးပြုစုရေးဌာနမှာ လုပ်အားပေးခဲ့ကြပါတယ်။ ပြီးတော့ အဲဒီဌာနက ကလေး ၁၃ယောက်နဲ့အတူ ပြည်သူ့ရင်ပြင်မှာ ကစားခဲ့ကြပါတယ်။

ကလေးတွေကို အာဟာရတိုက်ကျွေးပြီး ကစားကွင်းထဲ အလည်ခေါ်ခဲ့တဲ့ အလှမယ် သျှားထွဋ်အိနြေ္ဒက ပရဟိတအလုပ်တွေ အရင်ကတည်းကလုပ်ခဲ့တာကြောင့် အခုလို အလှမယ်တွေ စုစည်းပြီး လုပ်တော့ ပိုပြီး တက်ကြွတယ်လို့ ဆိုပါတယ်။ ဌာနမှာ ကောင်းကောင်းမွန်မွန်ပြုစုကြပေမယ့် ကလေးတွေဟာ မေတ္တာတရား လိုအပ်နေတာမို့ မေတ္တာလိုနေတဲ့ကလေးတွေကို မေတ္တာမျှပေးကြဖို့ တိုက်တွန်းပါသေးတယ်။

ဆန်ကာတင် အလှမယ် ၂ဝဟာ ပုဂံနဲ့ ပြင်ဦးလွင်ကို ၅ညအိပ်ခရီးသွားခဲ့ပြီး ဒီလိုခရီးတွေ အတူသွားခဲ့ တာကြောင့် အလှမယ် တစ်ယောက်ချင်းကို အနီးကပ်လေ့လာခွင့်ရသလို သင်စရာရှိတာ သင်ပေးလို့လည်း ရတာတယ်လို့ National Director မစိုးယုဝေက ပြောပါတယ်။ အလှမယ်အချင်းချင်းလည်း ရင်းနှီးခဲ့လို့ အကျိုးရှိတယ်လို့ ဆိုပါတယ်။

ဆန်ကာတင် အလှမယ်တွေဟာ ဇူလိုင် ၄ရက်နေ့ကျရင် ထိုင်းတောင်ပိုင်း ဖူးခက်ကမ်းခြေမြို့ကို သွား မှာဖြစ်ပြီး ဇူလိုင် ၁၆မှာတော့ ပြိုင်ပွဲအတွက် အစမ်းလေ့ကျင့်မှုတွေ စတင်မယ်လို့ ဆိုပါတယ်။ ခရီးစဉ်မှာ အမှတ်တရ လက်ဆောင်တွေကို ပြန်ရောင်းတာနဲ့ ရီဟာဆယ်လေ့ကျင့်ပွဲကို လက်မှတ်ရောင်းပြီး ရတဲ့ငွေကို ကချင်စစ်ပြေး ဒုက္ခသည်တွေဆီ လှူဒါန်းဖို့ စဉ်းစားထားတယ်လို့လည်း ပြောပါတယ်။

Kamayut Media 

ဆန်ကာတင် အလှမယ် ၂ဝ ရွှေဂုံတိုင်ကလေးပြုစုရေး ဂေဟာမှာ လုပ်အားပေးကြ
Wednesday, July 2, 2014

ပုဂံနဲ့ ပြင်ဦးလွင်ကနေ ရန်ကုန်ပြန်ရောက်လာကြတဲ့ Miss Universe Myanmar 2014 ပြိုင်ပွဲဝင် ဆန်ကာတင် အလှမယ် ၂ဝဟာ ဇူလိုင် ၁ရက်နေ့မှာ ရွှေဂုံတိုင် ကလေးပြုစုရေးဌာနမှာ လုပ်အားပေးခဲ့ကြပါတယ်။ ပြီးတော့ အဲဒီဌာနက ကလေး ၁၃ယောက်နဲ့အတူ ပြည်သူ့ရင်ပြင်မှာ ကစားခဲ့ကြပါတယ်။

ကလေးတွေကို အာဟာရတိုက်ကျွေးပြီး ကစားကွင်းထဲ အလည်ခေါ်ခဲ့တဲ့ အလှမယ် သျှားထွဋ်အိနြေ္ဒက ပရဟိတအလုပ်တွေ အရင်ကတည်းကလုပ်ခဲ့တာကြောင့် အခုလို အလှမယ်တွေ စုစည်းပြီး လုပ်တော့ ပိုပြီး တက်ကြွတယ်လို့ ဆိုပါတယ်။ ဌာနမှာ ကောင်းကောင်းမွန်မွန်ပြုစုကြပေမယ့် ကလေးတွေဟာ မေတ္တာတရားလိုအပ်နေတာမို့ မေတ္တာလိုနေတဲ့ကလေးတွေကို မေတ္တာမျှပေးကြဖို့ တိုက်တွန်းပါသေးတယ်။

ဆန်ကာတင် အလှမယ် ၂ဝဟာ ပုဂံနဲ့ ပြင်ဦးလွင်ကို ၅ညအိပ်ခရီးသွားခဲ့ပြီး ဒီလိုခရီးတွေ အတူသွားခဲ့တာကြောင့် အလှမယ် တစ်ယောက်ချင်းကို အနီးကပ်လေ့လာခွင့်ရသလို သင်စရာရှိတာ သင်ပေးလို့လည်းရတာတယ်လို့ National Director မစိုးယုဝေက ပြောပါတယ်။ အလှမယ်အချင်းချင်းလည်း ရင်းနှီးခဲ့လို့ အကျိုးရှိတယ်လို့ ဆိုပါတယ်။

ဆန်ကာတင် အလှမယ်တွေဟာ ဇူလိုင် ၄ရက်နေ့ကျရင် ထိုင်းတောင်ပိုင်း ဖူးခက်ကမ်းခြေမြို့ကို သွားမှာဖြစ်ပြီး ဇူလိုင် ၁၆မှာတော့ ပြိုင်ပွဲအတွက် အစမ်းလေ့ကျင့်မှုတွေ စတင်မယ်လို့ ဆိုပါတယ်။ ခရီးစဉ်မှာ အမှတ်တရ လက်ဆောင်တွေကို ပြန်ရောင်းတာနဲ့ ရီဟာဆယ်လေ့ကျင့်ပွဲကို လက်မှတ်ရောင်းပြီး ရတဲ့ငွေကို ကချင်စစ်ပြေး ဒုက္ခသည်တွေဆီ လှူဒါန်းဖို့ စဉ်းစားထားတယ်လို့လည်း ပြောပါတယ်။

Kamayut Media 

http://www.youtube.com/watch?v=PNSkyzAoGiI 

No comments:

Post a Comment