Wednesday 19 February 2014

Red Link ဝိုင်ဖိုင် ဧရိယာများ တွင် မြန်နှုန်းမြင့် လာစေရန် စီစဉ် ဆောင်ရွက်

Photo: Red Link ဝိုင်ဖိုင် ဧရိယာများ တွင် မြန်နှုန်းမြင့် လာစေရန် စီစဉ် ဆောင်ရွက်
Wednesday, February 19, 2014

ရန်ကုန်မြို့ရှိ အများပြည်သူများ ဖြတ်သန်းသွားလာလေ့ရှိသော Public ဧရိယာများ ဖြစ်သည့် ရွှေတိဂုံ စေတီတော်ရင်ပြင်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နိုင်ငံခြားဘာသာသင် တက္ကသိုလ်အစရှိသော နေရာများတွင် Red Link ကုမ္ပဏီမှ အခမဲ့ အင်တာနက် ဝိုင်ဖိုင် စနစ်များကို ဝန်ဆောင်မှု ပေးထားပြီး ယခုအခါ ပြည်သူများ အနေနှင့် အဆိုပါ ဝိုင်ဖိုင် ဧရိယာများ၌ မိုဘိုင်းလ်ဖုန်း သို့မဟုတ် ကွန်ပျူတာများဖြင့် အင်တာနက် အသုံးပြုရာ၌ ပိုမိုလျင်မြန်မှု ရှိလာစေရန် သက်ဆိုင်ရာ ကုမ္ပဏီမှ စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။

ထိုသို့ Red Link ကုမ္ပဏီမှ ဝန်ဆောင်မှု ပေးထားသော အခမဲ့ အင်တာနက် ဝိုင်ဖိုင်ဧရိယာများ အတွင်းတွင် လူတစ်ဦးလျှင် အနည်းဆုံး အင်တာနက်မြန်နှုန်း 512 Kbps ခန့် အသုံးပြုနိုင်ပြီး နောက်ပိုင်းတွင်လည်း ထပ်မံတိုးမြှင့်သွားရန် စီစဉ်ထားကြောင်း Red Link ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ''ကျွန်တော်တို့ အခမဲ့ ဝန်ဆောင်မှုပေး ထားတဲ့ နေရာ တစ်ခုချင်းစီက ထုတ်လွှင့် ပေးနေတဲ့ စုစုပေါင်း အင်တာနက်မြန်နှုန်းကို အဲဒီနေရာ ဝန်းကျင်မှာရှိတဲ့ လူ ၃ဝဝ သို့မဟုတ် ၄ဝဝ နီးပါးလောက်က မျှဝေပြီး သုံးစွဲတဲ့အခါမှာ တစ်ယောက် ကို အနည်းဆုံးမြန်နှုန်း 512 Kbps လောက်အထိ အသုံးပြုလာနိုင်အောင် စီစဉ်ဆောင်ရွက် ပေးထားပါတယ်။ ဒီလိုသုံးတဲ့အခါ စီးပွားရေးလုပ်ငန်း အတွက်မကဘဲ personal အတွက် အသုံးပြုတဲ့ လူတွေအဖို့ဆိုရင်လည်း အဲဒီလောက်နှုန်းက အသင့်အတင့် မြန်ဆန်မှုရှိပြီး လုံလောက်မှုရှိပါတယ်။

နောက်လည်း အဆင်သင့်သလို မြန်နှုန်းတိုးမြှင့် ပေးသွားဖို့ အစီအစဉ်တွေ ရှိပါတယ်'' ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ Red Link ကုမ္ပဏီသည် လက်ရှိ ရန်ကုန်မြို့၌ ဝန်ဆောင် မှု ပေးထားသော အခမဲ့အင်တာနက် ဝိုင်ဖိုင်ဧရိယာများအပြင် မန္တလေးမြို့ရှိ မဟာမုနိ ဘုရားကြီးနှင့် မန္တလေး ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တို့တွင်လည်း အခမဲ့ အင်တာနက် ဝိုင်ဖိုင်စနစ်များ တပ်ဆင်ပေး သွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ထို့အပြင် Red Link ကုမ္ပဏီမှ စီစဉ်ဆောင်ရွက် ပေးထားသော အင်တာနက်ဝိုင်ဖိုင် စနစ်များကို အသုံးပြုရာတွင် အဆင်မပြေမှုများ ရှိပါက ဖုန်း-ဝ၉-၈၆ဝ၃၅၃၅ နှင့် ဝ၁- ၅၄ဝ-၆၉၆ တို့သို့ ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း သိရသည်။

မြ၀တီ
ရန်ကုန်မြို့ရှိ အများပြည်သူများ ဖြတ်သန်းသွားလာလေ့ရှိသော Public ဧရိယာများ ဖြစ်သည့် ရွှေတိဂုံ စေတီတော်ရင်ပြင်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နိုင်ငံခြားဘာသာသင် တက္ကသိုလ်အစရှိသော နေရာများတွင် Red Link ကုမ္ပဏီမှ အခမဲ့ အင်တာနက် ဝိုင်ဖိုင် စနစ်များကို ဝန်ဆောင်မှု ပေးထားပြီး ယခုအခါ ပြည်သူများ အနေနှင့် အဆိုပါ ဝိုင်ဖိုင် ဧရိယာများ၌ မိုဘိုင်းလ်ဖုန်း သို့မဟုတ် ကွန်ပျူတာများဖြင့် အင်တာနက် အသုံးပြုရာ၌ ပိုမိုလျင်မြန်မှု ရှိလာစေရန် သက်ဆိုင်ရာ ကုမ္ပဏီမှ စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။


ထိုသို့ Red Link ကုမ္ပဏီမှ ဝန်ဆောင်မှု ပေးထားသော အခမဲ့ အင်တာနက် ဝိုင်ဖိုင်ဧရိယာများ အတွင်းတွင် လူတစ်ဦးလျှင် အနည်းဆုံး အင်တာနက်မြန်နှုန်း 512 Kbps ခန့် အသုံးပြုနိုင်ပြီး နောက်ပိုင်းတွင်လည်း ထပ်မံတိုးမြှင့်သွားရန် စီစဉ်ထားကြောင်း Red Link ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ''ကျွန်တော်တို့ အခမဲ့ ဝန်ဆောင်မှုပေး ထားတဲ့ နေရာ တစ်ခုချင်းစီက ထုတ်လွှင့် ပေးနေတဲ့ စုစုပေါင်း အင်တာနက်မြန်နှုန်းကို အဲဒီနေရာ ဝန်းကျင်မှာရှိတဲ့ လူ ၃ဝဝ သို့မဟုတ် ၄ဝဝ နီးပါးလောက်က မျှဝေပြီး သုံးစွဲတဲ့အခါမှာ တစ်ယောက် ကို အနည်းဆုံးမြန်နှုန်း 512 Kbps လောက်အထိ အသုံးပြုလာနိုင်အောင် စီစဉ်ဆောင်ရွက် ပေးထားပါတယ်။ ဒီလိုသုံးတဲ့အခါ စီးပွားရေးလုပ်ငန်း အတွက်မကဘဲ personal အတွက် အသုံးပြုတဲ့ လူတွေအဖို့ဆိုရင်လည်း အဲဒီလောက်နှုန်းက အသင့်အတင့် မြန်ဆန်မှုရှိပြီး လုံလောက်မှု ရှိပါတယ်။

နောက်လည်း အဆင်သင့်သလို မြန်နှုန်းတိုးမြှင့် ပေးသွားဖို့ အစီအစဉ်တွေ ရှိပါတယ်'' ဟု ၎င်းက ဆက် လက်ပြော ကြားခဲ့သည်။ Red Link ကုမ္ပဏီသည် လက်ရှိ ရန်ကုန်မြို့၌ ဝန်ဆောင် မှု ပေးထားသော အခမဲ့ အင်တာနက် ဝိုင်ဖိုင်ဧရိယာများအပြင် မန္တလေးမြို့ရှိ မဟာမုနိ ဘုရားကြီးနှင့် မန္တလေး ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် တို့တွင်လည်း အခမဲ့ အင်တာနက် ဝိုင်ဖိုင်စနစ်များ တပ်ဆင်ပေး သွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ထို့အပြင် Red Link ကုမ္ပဏီမှ စီစဉ်ဆောင်ရွက် ပေးထားသော အင်တာနက်ဝိုင်ဖိုင် စနစ်များကို အသုံးပြုရာတွင် အဆင်မပြေမှုများ ရှိပါက ဖုန်း-ဝ၉-၈၆ဝ၃၅၃၅ နှင့် ဝ၁- ၅၄ဝ-၆၉၆ တို့သို့ ဆက်သွယ် အကြောင်း ကြားနိုင်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment