Wednesday 19 February 2014

ဒါရိုက်တာဘဝသို့ ကူးပြောင်းရန် ကြံစည်နေသည့် ကိတ်မော့စ်

Photo: ဒါရိုက်တာဘဝသို့ ကူးပြောင်းရန် ကြံစည်နေသည့် ကိတ်မော့စ်
Wednesday, February 19, 2014

ကိတ်မော့စ်သည် ဇာတ်ညွှန်းရေးသားမှု သင်ခန်းစားများကို လေ့လာနေသလို ဟောလီးဝုဒ်တွင် ဒါရိုက်တာအဖြစ် ရပ်တည်ရန်အတွက် လိုအပ်သော ဆက်သွယ်ဆွေးနွေးမှုများလည်း စတင်နေပြီဟုသိရ

ကိတ်မော့စ်အနေဖြင့် မော်ဒယ်လ်ဘဝမှ ရုပ်ရှင်ဒါရိုက်တာဘဝသို့ ကူးပြောင်းရန် ခြေလှမ်းပြင်နေပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ ကိတ်နှင့် နီးစပ်သူများက ဗြိတိသျှ စူပါမော်ဒယ်လ် အနေဖြင့် လျှောက်လမ်းများနှင့် ရိုက်ကွင်းများကို ကျောခိုင်းကာ ကင်မရာများ၏ နောက်ကွယ်မှ စီစဉ်ညွှန်ကြားသူအဖြစ် ခံယူသွားရန် ကြံစည်နေပြီဟု ပြောဆိုခဲ့ကြသည်။ အသက်(၄၀)အရွယ်ရှိ ကိတ်သည် သူမ၏သက်တမ်း ထက်ဝက်ကို အောင်မြင်သော မော်ဒယ်လ်တစ်ဦးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်ပြခဲ့သူ ဖြစ်သည်။ ယခုအခါတွင်မူ သူမသည် ဇာတ်ညွှန်းရေးသားမှု သင်ခန်းစားများကို လေ့လာနေသလို ဟောလီးဝုဒ်တွင် ဒါရိုက်တာအဖြစ် ရပ်တည်ရန်အတွက် လိုအပ်သော ဆက်သွယ်ဆွေးနွေးမှုများလည်း စတင်နေပြီဟု သိရသည်။

ကိတ်၏ စိတ်ဝင်စားမှုကို ခင်ပွန်းဖြစ်သူ ဂျေမီဟင့်စ်ကလည်း အားပေးကူညီနေကြောင်း နီးစပ်သူများက ဆိုသည်။ ကိတ်၏ မိတ်ဆွေတစ်ဦးက "လောလောဆယ်တော့ ကိတ်က ဇာတ်ညွှန်းရေးသားနည်းတွေကို လေ့လာနေတယ်။ စူးစူးစိုက်စိုက် သင်ယူနေတာပါ။ ပြီးတော့ အဆင့်မြင့် မွမ်းမံသင်တန်းတွေ တက်ဖို့ထိ စိတ်ကူးနေတယ်။ ဟောလီးဝုဒ်က အဆက်အသွယ် တချို့နဲ့လည်း သူစကားပြောပြီးပြီ။ ကိတ်ကတော့ လန်ဒန်မှာ အခြေချနေရာကနေ လော့စ်အန်ဂျလိစ်ကို ကူးချင်နေတယ်။ ဒါဟာ သူ့ဘဝမှာ နောက်တစ်ဆင့် တက်လှမ်းမှုလို့လည်း ယူဆနေတယ်လေ"ဟု ပြောကြားခဲ့သည်။ လတ်တလောတွင်မူ ကိတ်အနေဖြင့် ဧပြီလတွင် ထုတ်ဝေမည့် Topshop၏ Collectionသစ်အတွက် ပါဝင်ဆောင်ရွက်ရင်း အလုပ်များနေကြောင်း သိရှိရသည်။

Planet Myanmar Network
ကိတ်မော့စ်သည် ဇာတ်ညွှန်းရေးသားမှု သင်ခန်းစားများကို လေ့လာနေသလို ဟောလီးဝုဒ်တွင် ဒါရိုက်တာ အဖြစ် ရပ်တည်ရန်အတွက် လိုအပ်သော ဆက်သွယ်ဆွေးနွေးမှုများလည်း စတင်နေပြီဟုသိ

ကိတ်မော့စ်အနေဖြင့် မော်ဒယ်လ်ဘဝမှ ရုပ်ရှင်ဒါရိုက်တာဘဝသို့ ကူးပြောင်းရန် ခြေလှမ်းပြင်နေပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ ကိတ်နှင့် နီးစပ်သူများက ဗြိတိသျှ စူပါမော်ဒယ်လ် အနေဖြင့် လျှောက် လမ်းများနှင့် ရိုက်ကွင်းများကို ကျောခိုင်းကာ ကင်မရာများ၏ နောက်ကွယ်မှ စီစဉ်ညွှန်ကြားသူအဖြစ် ခံယူသွားရန် ကြံစည်နေပြီဟု ပြောဆိုခဲ့ကြသည်။ အသက်(၄၀)အရွယ်ရှိ ကိတ်သည် သူမ၏သက်တမ်း ထက်ဝက်ကို အောင်မြင်သော မော်ဒယ်လ်တစ်ဦးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်ပြခဲ့သူ ဖြစ်သည်။ ယခုအခါ တွင် မူ သူမသည် ဇာတ်ညွှန်းရေးသားမှု သင်ခန်းစားများကို လေ့လာနေသလို ဟောလီးဝုဒ်တွင် ဒါရိုက်တာ အဖြစ် ရပ်တည်ရန်အတွက် လိုအပ်သော ဆက်သွယ်ဆွေးနွေးမှုများလည်း စတင်နေပြီဟု သိရသည်။

ကိတ်၏ စိတ်ဝင်စားမှုကို ခင်ပွန်းဖြစ်သူ ဂျေမီဟင့်စ်ကလည်း အားပေးကူညီနေကြောင်း နီးစပ်သူများက ဆိုသည်။ ကိတ်၏ မိတ်ဆွေတစ်ဦးက "လောလောဆယ်တော့ ကိတ်က ဇာတ်ညွှန်းရေးသားနည်းတွေကို လေ့ လာနေတယ်။ စူးစူးစိုက်စိုက် သင်ယူနေတာပါ။ ပြီးတော့ အဆင့်မြင့် မွမ်းမံသင်တန်းတွေ တက်ဖို့ထိ စိတ်ကူးနေတယ်။ ဟောလီးဝုဒ်က အဆက်အသွယ် တချို့နဲ့လည်း သူစကားပြောပြီးပြီ။ ကိတ်ကတော့ လန်ဒန်မှာ အခြေချနေရာကနေ လော့စ်အန်ဂျလိစ်ကို ကူးချင်နေတယ်။ ဒါဟာ သူ့ဘဝမှာ နောက်တစ်ဆင့် တက်လှမ်းမှုလို့လည်း ယူဆနေတယ်လေ"ဟု ပြောကြားခဲ့သည်။ လတ်တလောတွင်မူ ကိတ်အနေဖြင့် ဧပြီလ တွင် ထုတ်ဝေမည့် Topshop၏ Collectionသစ်အတွက် ပါဝင်ဆောင်ရွက်ရင်း အလုပ် များနေကြော င်း သိရှိရသည်။

Planet Myanmar Network

No comments:

Post a Comment