Wednesday 19 February 2014

အမှားကျူးလွန်မိသော်လည်း အိမ်ထောင်ရေး မဖောက်ပြန်ခဲ့ဟု ဂီရော့ဒ်ဖြေရှင်း

Photo: အမှားကျူးလွန်မိသော်လည်း အိမ်ထောင်ရေး မဖောက်ပြန်ခဲ့ဟု ဂီရော့ဒ်ဖြေရှင်း
Wednesday, February 19, 2014

လုံးကြီးပေါက်လှ မော်ဒယ်လ်တစ်ဦးကို ဟိုတယ်ခန်းထဲ ခေါ်သွင်းခဲ့ကြောင်း ဂီရော့ဒ်က ဝန်ခံခဲ့သော်လည်း အဆိုပါ အမျိုးသမီးနှင့် ပျော်ပါးခဲ့ခြင်း မရှိဟု ၎င်းက ဆိုသည်။ ခရစ္စတယ်လ်ပဲလေ့စ်နှင့် ပွဲမကစားမီ ဖေဖော်ဝါရီလ (၂)ရက်နေ့ညက ဆီလီယာကေးကို အခန်းထဲ ခေါ်သွင်းခဲ့ကြောင်း သတင်းများကို ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူးက အစောပိုင်းတွင် ငြင်းဆိုနေခဲ့သည်။ သို့သော်လည်း ကေးက ဂီရော့ဒ်၏ အတွင်းခံဘောင်းဘီသာ ဝတ်ဆင်ထားသော ဟိုတယ်ခန်းထဲမှ ဓာတ်ပုံကို ထုတ်ဖော်ပြသလိုက်သည့်နောက် ၎င်း၏ ကေးနှင့် ပတ်သက်မိကြောင်း ဝန်ခံခဲ့ရသည်။ အာဆင်နယ် အသင်းသည် ယင်းဖြစ်ရပ်အတွက် ဂီရော့ဒ်ကို ဒဏ်ရိုက်ရန် စီစဉ်ထားပြီ ဖြစ်သည်။

မန်နေဂျာ အာစင်ဝင်းဂါး၏ ယခုရာသီ အဓိက အားထားနေသည့် ကစားသမား တစ်ဦးဖြစ်သော ဂီရော့ဒ်က Twitterမှတစ်ဆင့် မိသားစုနှင့် အာဆင်နယ် အသင်းကို တောင်းပန်ခဲ့ပြီးနောက် ယင်းဖြစ်စဉ်တွင် မိမိသည် အကောင်းစား ပီဇာမုန့်ကို မှာသာမှာယူပြီး မစားခဲ့သည့် သဘောမျိုး ရှင်းလင်းပြောဆိုခဲ့သည်။ ဂီရော့ဒ်က "မိသားစုကို ကျွန်တော် တောင်းပန်ခဲ့ပါတယ်။ ဒါဟာ တကယ့်ကို အစွမ်းကုန် အလေးအနက် သဘောထားမျိုးနဲ့ပါ။ ဟုတ်ပါတယ်။ ကျွန်တော် အမှားတစ်ခု လုပ်ခဲ့မိပါတယ်။ ဒါပေမဲ့ ကျွန်တော် အိမ်ထောင်ရေး ဖောက်ပြန်မှုတော့ လုံးဝမရှိခဲ့ဘူး။ ကိစ္စတိုင်းက ရှင်းလင်းပါတယ်"ဟု ပြောကြားခဲ့သည်။

ဝင်းဂါးကိုယ်တိုင်ကမူ ယင်းဖြစ်ရပ်အတွက် အသင်းက အရေးယူဆောင်ရွက်မည်ဟု အတည်ပြုထားသော်လည်း ကစားသမား၏ ပုဂ္ဂိုလ်ရေး အရှုပ်အထွေးတွင် ဝင်မပါလိုကြောင်း မှတ်ချက်ပေးထားသည်။

Soccer Myanmar
လုံးကြီးပေါက်လှ မော်ဒယ်လ်တစ်ဦးကို ဟိုတယ်ခန်းထဲ ခေါ်သွင်းခဲ့ကြောင်း ဂီရော့ဒ်က ဝန်ခံခဲ့သော်လည်း အဆိုပါ အမျိုးသမီးနှင့် ပျော်ပါးခဲ့ခြင်း မရှိဟု ၎င်းက ဆိုသည်။ ခရစ္စတယ်လ်ပဲလေ့စ်နှင့် ပွဲမကစားမီ ဖေဖော်ဝါရီလ (၂)ရက်နေ့ညက ဆီလီယာကေးကို အခန်းထဲ ခေါ်သွင်းခဲ့ကြောင်း သတင်းများကို ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူးက အစောပိုင်းတွင် ငြင်းဆိုနေခဲ့သည်။ သို့သော်လည်း ကေးက ဂီရော့ဒ်၏  အတွင်းခံဘောင်းဘီသာ ဝတ်ဆင်ထားသော ဟိုတယ်ခန်းထဲမှ ဓာတ်ပုံကို ထုတ်ဖော်ပြသလိုက် သည့်နောက် ၎င်း၏ ကေးနှင့် ပတ်သက်မိကြောင်း ဝန်ခံခဲ့ရသည်။ အာဆင်နယ် အသင်းသည် ယင်းဖြစ်ရပ် အတွက် ဂီရော့ဒ်ကို ဒဏ်ရိုက်ရန် စီစဉ်ထားပြီ ဖြစ်သည်။

မန်နေဂျာ အာစင်ဝင်းဂါး၏ ယခုရာသီ အဓိက အားထားနေသည့် ကစားသမား တစ်ဦးဖြစ်သော ဂီရော့ဒ်က Twitterမှတစ်ဆင့် မိသားစုနှင့် အာဆင်နယ် အသင်းကို တောင်းပန်ခဲ့ပြီးနောက် ယင်းဖြစ်စဉ်တွင် မိမိသည် အကောင်းစား ပီဇာမုန့်ကို မှာသာမှာယူပြီး မစားခဲ့သည့် သဘောမျိုး ရှင်းလင်းပြောဆိုခဲ့သည်။ ဂီရော့ဒ်က "မိသားစုကို ကျွန်တော် တောင်းပန်ခဲ့ပါတယ်။ ဒါဟာ တကယ့်ကို အစွမ်းကုန် အလေးအနက် သဘောထား မျိုးနဲ့ပါ။ ဟုတ်ပါတယ်။ ကျွန်တော် အမှားတစ်ခု လုပ်ခဲ့မိပါတယ်။ ဒါပေမဲ့ ကျွန်တော် အိမ်ထောင်ရေး ဖောက်ပြန်မှုတော့ လုံးဝမရှိခဲ့ဘူး။ ကိစ္စတိုင်းက ရှင်းလင်းပါတယ်"ဟု ပြောကြားခဲ့သည်။

ဝင်းဂါးကိုယ်တိုင်ကမူ ယင်းဖြစ်ရပ်အတွက် အသင်းက အရေးယူဆောင်ရွက်မည်ဟု အတည်ပြုထားသော် လည်း ကစားသမား၏ ပုဂ္ဂိုလ်ရေး အရှုပ်အထွေးတွင် ဝင်မပါလိုကြောင်း မှတ်ချက်ပေးထားသည်။

Soccer Myanmar

No comments:

Post a Comment