Wednesday 19 February 2014

မွန်းတည့်နေဂျာနယ် တောင်းပန်ရန် တရားဥပဒေစိုးမိုးရေးကော်မတီ အတွင်းရေးမှူး တောင်းဆို

မွန်းတည့်နေဂျာနယ်တွင်ပါရှိသည့် သတင်းတစ်ပုဒ်တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဗြိတိန် စစ်တပ်မှ ကူညီမည်ဟူသော သတင်း၏ စာပိုဒ်(၃)၌ ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည် ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူးပြောဆိုသည်ဟု ဖော်ပြထားမှုကို တောင်းပန်ရန် သို့မဟုတ်ပါ က  ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်ရန် စီစဉ်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအ လုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောသည်။

ဖေဖော်ဝါရီ ၂၁ ရက်စွဲဖြင့် ဖြန့်ချိပြီးဖြစ်သည့် မွန်းတည့်နေဂျာနယ် အတွဲ ၁၊ အမှတ် ၁၀ ပါ သတင်းတွင် “မြန်မာ့တပ်မတော်အရာရှိများကို ဗြိတိန်နိုင်ငံတွင် လေ့လာရေးခရီးစဉ်များခေါ်ယူပြီး နားချနိုင်ရန်ကြိုးပမ်း မည်ဟုလည်း ဗြိတိန်စစ်တပ်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု ပြည်သူ့လွှတ်တော်တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး၏ ပြောကြားချက်အရ သိရသည်”ဟု ဖော် ပြထားသည်။

ကာယကံရှင်ဦးဝင်းမြင့်ကမူ ယင်းနှင့်စပ်လျဉ်း၍ မီဒီယာများသို့ ဖြေကြားခဲ့ခြင်းမရှိသကဲ့သို့ ဒေါ်အောင်ဆန်း စုကြည်နှင့် ဗြိတိန်တပ်မတော်အရာရှိတို့ ဖေဖော်ဝါရီ ၁၃ ရက်၌ တွေ့ဆုံပွဲကိုလည်း တက်ရောက် ခဲ့ ခြင်းလည်းမရှိဟု ဆိုသည်။

“ဒါကို ကျွန်တော် လုံးဝ မပြောခဲ့ဘူး”ဟု ဦးဝင်းမြင့်က မဇ္ဈိမကို ပြောသည်။

ထိုသို့ ဖြေကြားခဲ့ခြင်းမရှိပါဘဲ ရေးသားဖော်ပြခြင်းသည် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့၊ တစ်ပါတီကို ထိ ခိုက်စေလိုသည့် ရည်ရွယ်ချက်၊ ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်များ ရှိနေမည်လားဟူ၍ လည်း ဦးဝင်းမြင့်က မေးခွန်းထုတ်ခဲ့သည်။

သို့သော် မွန်းတည့်နေဂျာနယ် အယ်ဒီတာအဖွဲ့ဝင် ဦးအောင်သန့်ကမူ “ကျွန်တော်တို့သတင်းထဲမှာ အ တွင်းရေးမှူးပြောတယ်ဆိုတာ ထည့်ရေးထားတာ မဟုတ်ဘူး၊ ဗြိတိန်ဘက်က ပြောတာကို တည်ရေး ထားတာပါ၊ အတွင်းရေးမှူးပြောတယ်ဆိုတာကလည်း လေ့လာရေးခရီးစဉ် ဘာညာ အဲဒီအပိုဒ်ပဲပါတယ်။ အပိုဒ်(၃)ပေါ့။ အတွင်းရေးမှူးပြောတာက အဲဒီတစ်ပိုဒ်ထဲ ပြောတာခင်ဗျ၊ အတိုင်းအတာတစ်ခုနဲ့ ပြော တာပေါ့နော်၊ အပေါ်နှစ်ပိုဒ်ကတော့ ပြောတာမဟုတ်ပါဘူး”ဟု မဇ္ဈိမကို ပြောသည်။

ဆက်လက်ပြီး “အဲဒီပွဲ အတွင်းရေးမှူး မတက်ဘူးလား၊ အတွင်းရေးမှူးကို ဆက်သွယ်ပြီးမေးရမယ်၊ ကျွန် တော်တို့နဲ့ ဆရာဦးဝင်းမြင့် တိုက်ရိုက်ဆက်သွယ်ပြီး မေးတာ အဆင်ပြေတာပေါ့၊ ပြောတာကလည်း သ တင်းတချို့တွေက ထွက်လာတာ သိရတယ်ဆိုပြီး ရေးထားတာပါ။ ကျွန်တော်တို့ ပင်မရည်ရွယ်ချက်က တော့ အပေါ်က ဗြိတိန်ပြောတယ်ဆိုတဲ့ ရည်ရွယ်ချက်လောက်ပဲ ရေးတာပါ။ အပိုဒ် ၁၊ ၂ ကိုပဲ ရည်ရွယ် တာပါ၊ ကျန်တာ မရည်ရွယ်ပါဘူး၊ ပြည်တွင်း သတင်းအရင်းအမြစ်က နည်းနည်း လိုက်ရှာပြီးတော့ သိရ သည်ဆိုပြီးတော့ ရေးထားတာ”ဟု ဆိုသည်။

ထို့နောက် ဆက်လက်ရှင်းပြရာတွင်မူ ဦးအောင်သန့်က “အတွင်းရေးမှူးကို ဒဲ့ Quote မလုပ်ပါဘူး၊ ဆရာ ဦးဝင်းမြင့်နဲ့ ဆက်သွယ်ထားတာမရှိဘူး Background တွေအနေနဲ့ပဲ ယူထားတာ၊ ကော်မတီအတွင်းရေး မှူး ပြောကြားချက်အရ သိရသည်ဆိုတာက ကျွန်တော်တို့ သူပြောကြားချက်အရ သိရသည်ဆိုတာကိုပဲ ရေးထားတာ”ဟု ပြောခဲ့သည်။

မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြထားသည့် အဆိုပါသတင်းအပိုဒ်(၂)တွင် ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်ရေး ဗြိတိန်စစ်တပ်မှ ကူညီမည့်ကိစ္စများကို ပြောကြားခဲ့ခြင်းဖြစ်သည်ဟူ၍လည်းကောင်း၊ ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် လက်ရှိအနေအထားတွင် တပ်မတော်ကို ခေါင်းဆောင်မှုပေးနိုင်ရန်နှင့်ပတ်သက် ၍ ပေါ်လွင်ထင်ရှားစေရန် ဗြိတိန်စစ်တပ်က ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟုလည်း ဆိုသည်ဟူ၍ လည်းကောင်း ဖော်ပြထားသည်။

Mizzima - News in Burmese

No comments:

Post a Comment