Wednesday 19 February 2014

ကျောက်ထုတ်လုပ်ငန်းများကြောင့် ချောင်းသာဒေသ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာ

ချောင်းသာဒေသတစ်လျှောက်တွင် တရားမဝင်ကျောက်ထုတ်လုပ်ငန်း များကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုများ အရှိန်မြင့်လာကြောင်း ဒေသခံများထံမှသိရသည်။


ချောင်းသာကမ်းခြေမှ ရွှေသောင်ယံမြို့နယ်သို့သွားသည့်လမ်း တစ်လျှောက်တွင် ကျောက်များ ထုတ် ယူနေခြင်းကြောင့်လမ်းမြေသား ထက်ဝက်ကျော်ပြိုကျပျက်စီးလျက်ရှိပြီး မကြာခင် လမ်းပျောက်မည့် အခြေအနေ ရှိကြောင်း ချောင်းသာဒေသခံတစ်ဦးဖြစ်သည့် ဦးမောင်ပုကပြောကြားသည်။

“ကမ်းခြေကကျောက်တွေကို စီးပွားဖြစ်ထုတ်ယူနေတော့ လှိုင်းလေတွေကို ကာကွယ်ပေးမယ့် ကျောက်ဆောင်တွေ နည်းလာတယ်၊ ဒီလိုကျောက်ဆောင်တွေကာရံထားမှ ဆူနာမီလိုရေလှိုင်းလာခဲ့ရင် ကာဆီးထားတဲ့ အတွက် အားပျော့ပျက်ပြယ်သွားနိုင်တယ်၊ အခုကျောက်ဆောင်တွေမရှိတော့ သဘာ ဝဘေး အန္တရယ်က ပိုပြီးဆိုးလာနိုင်တယ်”ဟုဆိုသည်။

ထိုသို့စည်းကမ်းမဲ့ကျောက်ထုတ်နေခြင်းကို သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှုးမှတစ်ဆင့် အဆင့်ဆင့် စာတင် တိုင်ကြားထားသော်လည်း ထူးခြားမှုမရှိပဲ တစ်နေ့တစ်ခြား ပိုဆိုးရွားလာကြောင်း ယင်းဒေသခံ များကပြောကြားသည်။

ယင်းအခြေအနေနှင့် ပတ်သတ်၍ ရွှေသောင်ယံမြို့နယ်ခွဲ၊ အထွေထွေအုပ်ချုပ်ရေးမှုး ဦးမျိုးမင်းဦးက ထိုလုပ်ငန်း များကို ကမ်းခြေနှင့် သဘာဝပတ်ဝန်းကျင်ထွေအုပ်က တရားဝင်လုပ်ကိုင်ခွင့် မချထားေ ပးကြော င်းနှင့် ထိုလုပ်ငန်းများကို သတိပေးခြင်းများပြုလုပ်နေပြီး လိုက်နာခြင်းမရှိပါက အရေးယူဆောင် ရွက် သွားမည်ဟုဆိုသည်။

ကိုထိုက်
မြန်မာ့ခေတ်

No comments:

Post a Comment