Wednesday 19 February 2014

မြန်မာနိုင်ငံ၏ ကျန်းမာရေးဖြစ်စဉ်တွင် ခြောက်ကြိမ်မြောက်အဖြစ် ရင်ချင်းဆက်အမြွှာအား မန္တလေးမြို့တွင်မွေးဖွား

Photo: မြန်မာနိုင်ငံ၏ ကျန်းမာရေးဖြစ်စဉ်တွင် ခြောက်ကြိမ်မြောက်အဖြစ် ရင်ချင်းဆက် အမြွှာအား မန္တလေးမြို့တွင်မွေးဖွား
Wednesday, February 19, 2014

မြန်မာနိုင်ငံ၏ ကျန်းမာရေးဖြစ်စဉ်တွင် ခြောက်ကြိမ်မြောက်အဖြစ် ရင်ချင်းဆက်အမြွှာအား မန္တလေးမြို့ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ခွဲစိတ်မွေးဖွားခဲ့ပြီးနောက် မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရင်ချင်းဆက်အမွှာအား မန္တလေး ဗဟိုအမျိုးသမီးဆေးရုံကြီး၌ ဖေဖော်ဝါရီ ၁၇ ရက် ည ၇ နာရီက ကလေးခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊ ကလေးအထူးကု ဆရာဝန်ကြီးများမှ ခွဲစိတ်မွေးဖွားပေးခဲ့ခြင်းဖြစ်ကြောင်း မန္တလေး ကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှ သိရသည်။

မြန်မာနိုင်ငံတွင် ခြောက်ကြိမ်မြောက်အဖြစ် မွေးဖွားခဲ့သည့် ရင်ချင်းဆက်အမြွှာကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်အတွင်းရှိ ဇေယျဝတီကျေးရွာမှ ဦးကျော်နိုင်+ဒေါ်အေးမြမွန်တို့၏ ဒုတိယမြောက်ကိုယ်ဝန်မှ မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကျွမ်းကျင်ဆရာဝန်ကြီးများ၏ ကနဦး စမ်းသပ်စစ်ဆေးမှုများအရ ရင်ချင်းဆက်အမြွှာ ဖြစ်နေသောကြောင့် ခွဲစိတ်မွေးဖွားရန်အတွက် မန္တလေး ဗဟိုအမျိုးသမီးဆေးရုံကြီးသို့ ယခုလ ၁၇ ရက် ညနေ ၆ နာရီ ၃၇ မိနစ်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် ရင်ချင်းဆက် အမြွှာကလေးနှစ်ဦးအား အောင်မြင်စွာဖြင့် ခွဲစိတ်မွေးဖွားနိုင်ခဲ့ပြီး ယခုအခါ မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ခေါ်ယူထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

“ဆေးရုံကို ည ၇ နာရီ မိနစ် ၅၀ မှာရောက်ပြီး မွေးကင်းစကလေးများ အထူးကြပ်မတ် ကုသဆောင်မှာ လိုအပ်တဲ့ ဆေးဝါးစောင့်ရှောက်မှုတွေ ပေးထားပါတယ်။ ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေက ရင်ဘတ်ပိုင်းကနေ ၀မ်းဗိုက်ပိုင်းအထိ ဆက်စပ်နေတဲ့အပြင် ချက်တိုင်နေရာမှာက Omthalocele လို့ခေါ်တဲ့ အူအိတ်က ကလေးတွေရဲ့ ၀မ်းဗိုက်အပြင်ဘက်ပိုင်းကို ထွက်ကျနေပြီးတော့ သူတို့ရဲ့ မွေးရာပါအဖြစ် ပါရှိလာပါတယ်။ အဲဒီလို ပါလာတဲ့အတွက် လက်ရှိအချိန်မှာ နှစ်ဦးစလုံးကို အသက်ရှူစက် အကူအညီနဲ့ အသက်ရှူပေးထားပြီးတော့ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို သက်ဆိုင်ရာ ဆရာဝန်ကြီးတွေကနေ အနီးကပ်ပြုစု စောင့်ရှောက်မှုတွေ ပေးနေပါတယ်” ဟု မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စိုးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သည့် ရင်ချင်းဆက် အမြွှာများတွင် ၁၉၇၀ ပြည့်နှစ်နောက်ပိုင်းများ၌ မွေးဖွားခဲ့သည့် ရင်ချင်းဆက်အမြွှာများမှာ ၁၉၇၁ ခုနှစ်တွင် ရန်ကုန်မြို့၌ မနန်းစိုး၊ မနန်းစံ၊ ၁၉၉၃ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည့် အေးအေးငြိမ်း၊ အိအိငြိမ်း၊ ၂၀၀၉ ခုနှစ်တွင် ရန်ကုန်မြို့၌ စိုပြေလင်း၊ စိုပြေ၀င်း၊ ၂၀၁၁ ခုနှစ်တွင် ရန်ကုန်မြို့၌ အင်ကြင်းခိုင်၊ အင်ကြင်းလှိုင်၊ အဆိုပါနှစ်တွင်ပင် ရန်ကုန်မြို့၌ ရန်ကင်း၊ ရန်ရှင်းနှင့် ယခု ၂၀၁၄ ခုနှစ်တွင် မန္တလေးမြို့၌ ရင်ချင်းဆက်အမြွှာ ယောက်ျားလေးနှစ်ဦး (နာမည်မပေးရသေး) ကို ထပ်မံမွေးဖွားခဲ့ခြင်းဖြစ်သည်။ ကျန်းမာရေးဖြစ်စဉ်များတွင် ထူးခြားမှုများအဖြစ် ၂၀၀၂ ခုနှစ်တွင် မန္တလေးမြို့၌ တင်ပါးဆုံအရိုးကွင်းဆက်ဖြင့် မွေးဖွားလာခဲ့သည့် မိုးမမအောင်၊ မိုးပပအောင်နှင့် ၂၀၁၂ ခုနှစ်တွင် မန္တလေးမြို့၌ပင် တင်ချင်းဆက်အမြွှာနှစ်ဦးဖြစ်သည့် အောင်ခန့်ကျော်နှင့် အောင်မြတ်ကျော်တို့နှစ်ဦးအား အောင်မြင်စွာဖြင့် ခွဲစိတ်နိုင်ခဲ့ကြောင်း ကျန်းမာရေးဖြစ်စဉ် မှတ်တမ်းများအရ သိရသည်။

Eleven Media Group

ဖေဖော်ဝါရီ ၁၇ ရက်ညက မွေးဖွားခဲ့သော ရင်ချင်းဆက်အမြွှာအား တွေ့ရစဉ်
ဖေဖော်ဝါရီ ၁၇ ရက်ညက မွေးဖွားခဲ့သော ရင်ချင်းဆက်အမြွှာအား တွေ့ရစဉ်

မြန်မာနိုင်ငံ၏ ကျန်းမာရေးဖြစ်စဉ်တွင် ခြောက်ကြိမ်မြောက်အဖြစ် ရင်ချင်းဆက်အမြွှာအား မန္တလေးမြို့ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ခွဲစိတ်မွေးဖွားခဲ့ပြီးနောက် မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး၌ ဆေး ကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။


အဆိုပါ ရင်ချင်းဆက်အမွှာအား မန္တလေး ဗဟိုအမျိုးသမီးဆေးရုံကြီး၌ ဖေဖော်ဝါရီ ၁၇ ရက် ည ၇ နာရီက ကလေးခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊ ကလေးအထူးကု ဆရာဝန်ကြီးများမှ ခွဲစိတ်မွေး ဖွားပေးခဲ့ခြ င်းဖြစ်ကြောင်း မန္တလေး ကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှ သိရသည်။

မြန်မာနိုင်ငံတွင် ခြောက်ကြိမ်မြောက်အဖြစ် မွေးဖွားခဲ့သည့် ရင်ချင်းဆက်အမြွှာကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်အတွင်းရှိ ဇေယျဝတီကျေးရွာမှ ဦးကျော်နိုင်+ဒေါ်အေးမြမွန်တို့၏ ဒုတိယမြောက်ကိုယ်ဝန်မှ မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကျွမ်းကျင်ဆရာဝန်ကြီးများ၏ ကနဦး စမ်းသပ်စစ်ဆေးမှုများအရ ရင်ချင်းဆက်အမြွှာ ဖြစ်နေသောကြောင့် ခွဲစိတ်မွေးဖွားရန်အတွက် မန္တလေး ဗဟိုအမျိုးသမီးဆေးရုံကြီးသို့ ယခုလ ၁၇ ရက် ညနေ ၆ နာရီ ၃၇ မိနစ်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် ရင်ချင်းဆက် အမြွှာကလေးနှစ်ဦးအား အောင်မြင်စွာဖြင့် ခွဲစိတ်မွေးဖွားနိုင်ခဲ့ပြီး ယခုအခါ မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ခေါ်ယူထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

“ဆေးရုံကို ည ၇ နာရီ မိနစ် ၅၀ မှာရောက်ပြီး မွေးကင်းစကလေးများ အထူးကြပ်မတ် ကုသဆောင်မှာ လိုအပ်တဲ့ ဆေးဝါးစောင့်ရှောက်မှုတွေ ပေးထားပါတယ်။ ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေက ရင်ဘတ်ပိုင်းကနေ ၀မ်းဗိုက်ပိုင်းအထိ ဆက်စပ်နေတဲ့အပြင် ချက်တိုင်နေရာမှာက Omthalocele လို့ခေါ်တဲ့ အူအိတ်က ကလေးတွေရဲ့ ၀မ်းဗိုက်အပြင်ဘက်ပိုင်းကို ထွက်ကျနေပြီးတော့ သူတို့ရဲ့ မွေးရာပါအဖြစ် ပါရှိလာပါတယ်။ အဲဒီလို ပါလာတဲ့အတွက် လက်ရှိအချိန်မှာ နှစ်ဦးစလုံးကို အသက်ရှူစက် အကူအညီနဲ့ အသက်ရှူပေးထားပြီးတော့ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို သက်ဆိုင်ရာ ဆရာဝန်ကြီးတွေကနေ အနီးကပ်ပြုစု စောင့်ရှောက်မှုတွေ ပေးနေပါတယ်” ဟု မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စိုးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သည့် ရင်ချင်းဆက် အမြွှာများတွင် ၁၉၇၀ ပြည့်နှစ်နောက်ပိုင်းများ၌ မွေးဖွားခဲ့ သည့် ရင်ချင်းဆက်အမြွှာများမှာ ၁၉၇၁ ခုနှစ်တွင် ရန်ကုန်မြို့၌ မနန်းစိုး၊ မနန်းစံ၊ ၁၉၉၃ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည့် အေးအေးငြိမ်း၊ အိအိငြိမ်း၊ ၂၀၀၉ ခုနှစ်တွင် ရန်ကုန်မြို့၌ စိုပြေလင်း၊ စိုပြေ၀င်း၊ ၂၀၁၁ ခုနှစ်တွင် ရန်ကုန်မြို့၌ အင်ကြင်းခိုင်၊ အင်ကြင်းလှိုင်၊ အဆိုပါနှစ်တွင်ပင် ရန်ကုန်မြို့၌ ရန်ကင်း၊ ရန်ရှင်းနှင့် ယခု ၂၀၁၄ ခုနှစ်တွင် မန္တလေးမြို့၌ ရင်ချင်းဆက်အမြွှာ ယောက်ျားလေးနှစ်ဦး (နာမည်မပေးရသေး) ကို ထပ်မံမွေးဖွားခဲ့ခြင်းဖြစ်သည်။ ကျန်းမာရေးဖြစ်စဉ်များတွင် ထူးခြားမှုများအဖြစ် ၂၀၀၂ ခုနှစ်တွင် မန္တလေးမြို့၌ တင်ပါးဆုံအရိုးကွင်းဆက်ဖြင့် မွေးဖွားလာခဲ့သည့် မိုးမမအောင်၊ မိုးပပအောင်နှင့် ၂၀၁၂ ခုနှစ်တွင် မန္တလေးမြို့၌ပင် တင်ချင်းဆက်အမြွှာနှစ်ဦးဖြစ်သည့် အောင်ခန့်ကျော်နှင့် အောင်မြတ်ကျော်တို့နှစ်ဦးအား အောင်မြင်စွာဖြင့် ခွဲစိတ်နိုင်ခဲ့ကြောင်း ကျန်းမာရေးဖြစ်စဉ် မှတ်တမ်းများအရ သိရသည်။

Eleven Media Group

No comments:

Post a Comment