Wednesday 19 February 2014

အော်စလို ငြိမ်းချမ်းရေးစင်တာမှ ပညာရှင် ဦးဆောင်၍ ‘ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲ’ ၈၈ ရုံး၌ပြုလုပ်

နော်ဝေနိုင်ငံအခြေစိုက် OSLO ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး အကျိုးပြုစင်တာမှ ပညာရှင်တစ်ဦးဖြစ် သည့် Mr.Harvard  Kleppa ဦးဆောင်၍ “ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲ” ကို ဖေဖော်ဝါရီ ၁၈ ရက်က ရန်ကုန်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးတွင် ပြုလုပ် ခဲ့သည်။


ဆွေးနွေးပွဲတွင် Mr.Harvard  Kleppa ကမြန်မာနိုင်ငံတွင်း ဒီမိုကရေစီပြောင်းလဲမှု အခြေအနေများထဲမှ အစိုးရနှင့် နိုင်ငံရေး အတိုက်အခံပါတီများ၊ လူမှုရေးအဖွဲ့အစည်းများကြား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လူ မျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုများကြား ပြောင်းလဲမှုဆိုင်ရာ အထောက်အပံ့ဖြစ်စေမည့် နည်းလမ်းများ ဆွေးနွေးခဲ့သည်။

Mr.Harvard  Kleppa သည် ဂျာနယ်လစ်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှစတင်ကာ OSLO ငြိမ်း ချမ်းရေးနှင့် လူ့အခွင့်အရေးစင်တာ နိုင်ငံတကာဆက်ဆံရေးဌာနတွင် ပြောင်းရွှေ့လုပ်ကိုင်ခဲ့ကြောင်း သိရ သည်။

Eleven Media Group

No comments:

Post a Comment