ရန်ကုန်တိုင်းဒေသကြီးအပိုင် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင် အကြားတွင်တည်ရှိသည့် ကိုးကိုးကျွန်းပေါ်တွင် တရုတ်ရေတပ် စခန်းနှင့် တရုတ်လေယာဉ်ပြေးလမ်းတစ်ခု တည်ဆောက်လျှက်ရှိကြောင်း အိန္ဒိယသတင်းစာတစ်စောင်က ဖော်ပြခဲ့ သည့် သတင်းမှာ မှားယွင်းနေပြီး မူလလေယာဉ်ပြေးလမ်းကို ပြန်လည်ပြုပြင်နေခြင်းသာဖြစ်သည်ဟု မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက တုံ့ပြန်လိုက်သည်။
``ကိုကိုးကျွန်းက ဘယ်သူမဆိုအလည်အပတ်သွားလို့ရပါတယ်။ အပျော်စီး သင်္ဘောတွေတောင်သွားလို့ရနေပါပြီ။ တရုတ်နဲ့ ပတ် သက် တဲ့ စီမံကိန်းဘာ တစ်ခုမှမရှိဘူး။ လူတိုင်းသိလို့ရတဲ့ကိစ္စပါ။ ကိုကိုးကျွန်းပေါ်မှာ လျှို့ဝှက် ထားစရာနေရာ ဘာမှမရှိဘူး။ ထင်ယောင် ထင်မှားဖြစ်အောင် ဘာလို့ လုပ်ကြတာလဲမသိဘူး´´ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက အ တည်ပြုပြော ကြား သည်။
7 days
No comments:
Post a Comment