Wednesday 19 February 2014

ကမ္ဘာ့ဘဏ်မှမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို နည်းပညာနှင့်ဥပဒေ သစ်ရေးဆွဲခြင်းများကူညီမည်

မန်မာနိုင်ငံ၏ဆက်သွယ်ရေး ကဏ္ဍ ယှဉ်ပြိုင်မှုအားကောင်းလာစရန်အတွက် ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့်နည်း ပညာဝန်ကြီးဌာနကို ကမ္ဘာ့ဘဏ်မှ နည်းပညာဆိုင်ရာနှင့်ဥပဒေသစ် ရးဆွဲခြင်းများ ကူညီပေးမည်ဖြစ် ကြောင်း ကမ္ဘာ့ဘဏ်(ရန်ကုန်)မှ သိရသည်။

''ဆက်သွယ်ရေးကဏ္ဍမှာ ပြုပြင်ပြောင်းလဲရေးအတွက် နည်း ဥပဒေတွေကို ပြင်ဆင်ရေးဆွဲဖို့လို အပ်လာပြီ။ အဓိက နည်းပညာပိုင်း ဆိုင်ရာအထောက်အပံ့တွေကိုကူညီ ပါမယ်''ဟု ကမ္ဘာ့ဘဏ်အုပ်စု (ရန်ကုန်)မှ ဆက် သွယ်ရေးကဏ္ဍ အထူးပြုတာဝန်ရှိသူကဆိုသည်။

ယခုအခါ မြန်မာနိုင်ငံတွင် MPT အပါအဝင် အော်ပရေတာ လေးခုကို ဆောင်ရွက်ခွင့်ပြုလိုက် ပြီဖြစ်သောကြောင့် အပြိုင်အဆိုင် ဝန်ဆောင်မှု ပြင်းထန်လာနိုင် သည်။ ထို့ကြောင့် အော်ပရေတာများကို ထိန်းချုပ်ရန် အတွက် Regulater ကောင်း လိုအပ်နေ သည်။ ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနအောက်တွင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းရှိသော ကြောင့် အခြားအော်ပရေတာ များနှင့်ယှဉ်လျှင် မညီမျှမှုများဖြစ် လာနိုင်သည့်အတွက် ယခုကဲ့သို့ အကူအညီပေးရခြင်းဖြစ်ကြောင်း သိရသည်။

''အော်ပရေတာက လေးခု ဖြစ်လာပြီ။ သူတို့လုပ်တဲ့ Policy Maker က အစိုးရပဲလုပ်မယ်ဆိုရင် ကျန်တဲ့ သူတွေအတွက် သာတူညီမျှ ဖြစ်မှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့က ဘယ်ဘက်ကိုမှ မမှီခိုတဲ့ Regulater ကောင်း ပေါ်ထွက်ဖို့အတွက် Post and Telecommunication Department ကို ၂ဝ၁၅ မှာ မြန်မာ့ ဆက်သွယ်ရေးကော်မရှင်ဖြစ်အောင် ကူညီသွားမယ်'' ဟု ၄င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ ကျေးလက် ဒေသဖွံ့ဖြိုးစေရေးအတွက် မိုဘိုင်း ဖုန်းဝန်ဆောင်မှုဆောင်ရွက်နိုင်ရန် အတွက် ကမ္ဘာ့ဘဏ်မှ ပရောဂျက် တစ်ခုရေးဆွဲပြီး ကူညီပေးသွားရန် ရှိကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်အုပ်စုအဖွဲ့ဝင် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ (IDA) က အမေရိကန်ဒေါ်လာ ၃၁ဒသမ ၅သန်းကို မြန်မာနိုင်ငံ၏ တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးစီမံကိန်းတွင် ကူညီသွားမည်ဖြစ်ကြောင်း ယခုလ ပထမပတ်တွင် သတင်းထုတ်ပြန် ထားသည်။

စီမံကိန်းတွင် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း(MPT) ပြုပြင် ပြောင်းလဲရေးကို ကူညီဆောင် ရွက်ရန်နှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း(MPT)ကို မူဝါဒနှင့်လုပ် ထုံးလုပ်နည်းများ ချမှတ်ဆောင် ရွက်နေသည့် အစိုးရပိုင် လုပ်ငန်း အဖြစ်မှ သီးခြားခွဲထွက်နိုင်ရေး ပြုပြင်ပြောင်းလဲပေးရန် ကူညီသွား မည်ဖြစ်ကြောင်း သိရသည်။

The Union Daily

No comments:

Post a Comment