Wednesday 19 February 2014

အဓိကအချက်သုံးချက်ပြည့်စုံမှသာ စတော့အိတ်ချိန်းအောင်မြင်စွာ လုပ်ဆောင်နိုင်မည်

စတော့အိတ်ချိန်း အောင်မြင် စွာပေါ်ပေါက်နိုင်ရန် အဓိကအချက် သုံးချက်ပြည့်စုံမှသာစတော့အိတ် ချိန်းအောင်မြင်နိုင်မည်ဖြစ်ကြောင်း စတော့ရှယ်ယာလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေးဆွေးနွေးပွဲတွင် Daiwa Institute of Research မှ Deputy Chairman Mr.Yu Suke Kawamura ကပြောသည်။
''ပထမဆုံးလိုအပ်ချက်ကတော့ ခိုင်မာတောင့်တင်းတဲ့ စတော့အိတ် ချိန်းနဲ့ သူ့ရဲ့ခိုင်မာတောင့်တင်းတဲ့ Reguation တွေရှိဖို့လိုပါတယ်။ နောက်တစ်ခုက စတော့အိတ်ချိန်းနဲ့ ပါဝင်ပတ်သက်တဲ့ ကုမ္ပဏီတွေကို ကြီးကြပ်ဖို့ စနစ်တကျ စီမံခန့်ခွဲနိုင် တဲ့အစိုးရရဲ့ စောင့်ကြည့်အဖွဲ့အစည်း ဖြစ်သော SEC ကို လျင်မြန်စွာဖွဲ့ စည်းပြီှး Sec Body ကို တောင့်တင်း အောင် ပြင်ဆင်ဖို့လိုအပ်တယ်။ခိုင်မာတောင့်တင်းတဲ့ Security ကုမ္ပဏီတွေပေါ်ပေါက်လာဖို့လည်း လိုအပ်ပါတယ်။ ဒီ သုံးခုပြည့်စုံမှ စတော့အိတ်ချိန်း အောင်မြင်အောင် လုပ်ဆောင် နိုင်မှာဖြစ်တယ်။ ဒီသုံး ခုထဲကတစ်ခုဖြစ်ဖြစ် အားနည်းနေ ရင်အောင်မြင်ဖို့မဖြစ်နိုင်ဘူး''ဟု ပြောသည်။

စတော့အိတ်ချိန်းတွင် ပါဝင် ဆောင်ရွက်မည့်ကုမ္ပဏီများနှင့် ကုမ္ပဏီများတွင် ဝင်ရောက်ရင်းနှီး လုပ်ကိုင်မည့်သူများ၏ အခန်း ကဏ္ဍမှာလည်း အရေးပါကြောင်း မြန်မာနိုင်ငံရှိ အလားအလာကောင်း သောကုမ္ပဏီ(၆ဝ)သို့ လည်းသွား ရောက်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း¤င်းကဆက်ပြောသည်။

စတော့အိတ်ချိန်းပေါ်ပေါက်ရန် လိုအပ်သည့်အချက်များ အောင်မြင် စွာအကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန် Daiwa ကုမ္ပဏီသာမကတိုကျို စတော့အိတ်ချိန်း၊ဂျပန်အစိုးရနှင့်ဂျပန် Service Agency စသည့်အဖွဲ့အစည်း များ၏ အကူအညီများ ရယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

''မတ်လကုန်လောက်ကိုတော့ နည်းဥပဒေထွက်လာဖို့လုပ်နေတယ်။ အဲဒီ နည်းဥပဒေ ထွက်လာပြီးရင် Security Exchange ကော်မရှင်ဆို ပြီးဖွဲ့မယ်။ အဲဒီကော်မရှင်အတွက် လိုတဲ့ အကြောင်းကြားချက်တွေ တစ်ခုချင်းထုတ်သွားရမယ်။ လိုင်စင် ပေးမယ်ဆိုဘယ်လိုစံတွေနဲ့ ပေးရ မယ်ဆိုတာကို အကြောင်းကြားချက် တွေနဲ့ထုတ်ရမယ်''ဟု Myanmar Security Exchange Centre ကုမ္ပဏီမှ Executive Director ဒေါ်တင်မေဦး ကပြောသည်။

The Union Daily

No comments:

Post a Comment