Wednesday 19 February 2014

ကွင်းထဲဝင်ပြီး မစင်စွန့်ခဲ့သည့်ခွေးကြောင့် အလုပ်များသွားသည့် ဘောလုံးပွဲ

Photo: ကွင်းထဲဝင်ပြီး မစင်စွန့်ခဲ့သည့်ခွေးကြောင့် အလုပ်များသွားသည့် ဘောလုံးပွဲ
Wednesday, February 19, 2014

အဆိုပါခွေးသည် လိုက်ဖမ်းရန် ကြိုးပမ်းနေသူများကို ရှောင်တိမ်းပြေးလွှားရင်း ဘောလုံးကွင်းထဲတွင် ခပ်တည်တည်ပင် မစင်စွန့်သွားခဲ့

အာဂျင်တီးနား နိုင်ငံရှိ ဘောလုံးပွဲ တစ်ပွဲသည် ခွေးတစ်ကောင်၏ ညစ်တီးညစ်ပတ်နိုင်မှုကြောင့် အချိန်ခေတ္တ ဆိုင်းငံ့ခဲ့ရကြောင်း သိရသည်။ မျက်စိလည် လမ်းမှားပြီး ကွင်းထဲဝင်လာဟန်ရှိသော ခွေးတစ်ကောင်သည် ရိုဆာရီယိုစင်ထရယ်နှင့် ရေးဗားပလိတ်တို့ ကစားနေသော ပွဲစဉ်တွင် မြက်ခင်းပေါ် ကျူးကျော်ရောက်ရှိလာခဲ့သည်။ ဘောလုံးပွဲများတွင် တိရစ္ဆာန်လေးများ ကွင်းထဲဝင်ရှုပ်သဖြင့် ပွဲကို ခေတ္တရပ်ဆိုင်းရသည်မှာ ရံဖန်ရံခါ ကြုံရတတ်သော်လည်း ယခုကိစ္စမှာ အခြေအနေ ပိုမိုဆိုးရွားခဲ့သည်။ အဆိုပါခွေးသည် လိုက်ဖမ်းရန် ကြိုးပမ်းနေသူများကို ရှောင်တိမ်းပြေးလွှားရင်း ဘောလုံးကွင်းထဲတွင် ခပ်တည်တည်ပင် မစင်စွန့်သွားခဲ့သည်။

ကွင်း၏ ပင်နယ်တီ ဧရိယာ တစ်ဖက်ခြမ်းတွင် ခွေးက ထိုင်ချပြီး စိမ်ပြေနပြေ အလေးသွားခဲ့ခြင် ဖြစ်သည်။ ယင်းလုပ်ရပ်ကြောင့် ဘောလုံးသမားများ အနေဖြင့် အတော်လေး စိတ်တို ဒေါသထွက်နေဟန်လည်း တွေ့ရသည်။ ခွေးကို အကြိမ်အတော်များများ အားထုတ်ကြိုးပမ်းပြီးမှ လက်ရဖမ်းမိခဲ့ပြီး ကွင်းထဲမှ ဖယ်ထုတ်သွားရသည်။ ထို့နောက်ပိုင်းတွင်မူ ခွေးကချန်ထားခဲ့သည့် မနှစ်မြို့စရာ ကြွင်းကျန်ပစ္စည်းကို ရှင်းလင်းရင်း (၅)မိနစ်ကျော်မျှ အချိန်ကုန်သွားသေးသည်။ နှစ်သင်းလုံး စိတ်အနှောင့်အယှက် ဖြစ်ဖြစ်နှင့်ပင် ပွဲကို ဆက်ကစားခဲ့သည့်နောက် (၁)ဂိုးစီ သရေဖြင့် ပြီးဆုံးခဲ့သည်။

အဆိုပါခွေးအနေဖြင့် ကွင်းထဲသို့ မည်သို့မည်ပုံ ဝင်ရောက်လာကြောင်းနှင့် ရှေ့ဆုံးတန်းနားမှတစ်ဆင့် ကွင်းထဲရောက်ရှိလာသည်အထိ ကျူးကျော်ခွင့် ရသွားစေသည့် အကြောင်းရင်းတို့ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။

Planet Myanmar Network
အဆိုပါခွေးသည် လိုက်ဖမ်းရန် ကြိုးပမ်းနေသူများကို ရှောင်တိမ်းပြေးလွှားရင်း ဘောလုံးကွင်းထဲတွင် ခပ်တည်တည်ပင် မစင်စွန့်သွားခဲ့/

အာဂျင်တီးနား နိုင်ငံရှိ ဘောလုံးပွဲ တစ်ပွဲသည် ခွေးတစ်ကောင်၏ ညစ်တီးညစ်ပတ်နိုင်မှုကြောင့် အချိန်ခေတ္တ ဆိုင်းငံ့ခဲ့ရကြောင်း သိရသည်။ မျက်စိလည် လမ်းမှားပြီး ကွင်းထဲဝင်လာဟန်ရှိသော ခွေး တစ်ကောင်သည် ရိုဆာရီယိုစင်ထရယ်နှင့် ရေးဗားပလိတ်တို့ ကစားနေသော ပွဲစဉ်တွင် မြက်ခင်းပေါ် ကျူးကျော်ရောက်ရှိလာခဲ့သည်။ ဘောလုံးပွဲများတွင် တိရစ္ဆာန်လေးများ ကွင်းထဲဝင်ရှုပ်သဖြင့် ပွဲကို ခေတ္တရပ်ဆိုင်းရသည်မှာ ရံဖန်ရံခါ ကြုံရတတ်သော်လည်း ယခုကိစ္စမှာ အခြေအနေ ပိုမိုဆိုးရွားခဲ့သည်။ အဆိုပါခွေးသည် လိုက်ဖမ်းရန် ကြိုးပမ်းနေသူများကို ရှောင်တိမ်းပြေးလွှားရင်း ဘောလုံးကွင်းထဲတွင် ခပ်တည်တည်ပင် မစင်စွန့်သွားခဲ့သည်။

ကွင်း၏ ပင်နယ်တီ ဧရိယာ တစ်ဖက်ခြမ်းတွင် ခွေးက ထိုင်ချပြီး စိမ်ပြေနပြေ အလေးသွားခဲ့ခြင် ဖြစ်သည်။ ယင်းလုပ်ရပ်ကြောင့် ဘောလုံးသမားများ အနေဖြင့် အတော်လေး စိတ်တို ဒေါသထွက်နေဟန်လည်း တွေ့ရသည်။ ခွေးကို အကြိမ်အတော်များများ အားထုတ်ကြိုးပမ်းပြီးမှ လက်ရဖမ်းမိခဲ့ပြီး ကွင်းထဲမှ ဖယ်ထုတ်သွားရသည်။ ထို့နောက်ပိုင်းတွင်မူ ခွေးကချန်ထားခဲ့သည့် မနှစ်မြို့စရာ ကြွင်းကျန်ပစ္စည်းကို ရှင်းလင်း ရင်း (၅)မိနစ်ကျော်မျှ အချိန်ကုန်သွားသေးသည်။ နှစ်သင်းလုံး စိတ်အနှောင့်အယှက် ဖြစ်ဖြစ်နှင့် ပင် ပွဲကို ဆက်ကစားခဲ့သည့်နောက် (၁)ဂိုးစီ သရေဖြင့် ပြီးဆုံးခဲ့သည်။

အဆိုပါခွေးအနေဖြင့် ကွင်းထဲသို့ မည်သို့မည်ပုံ ဝင်ရောက်လာကြောင်းနှင့် ရှေ့ဆုံးတန်းနားမှတစ်ဆင့် ကွင်း ထဲရောက်ရှိလာသည်အထိ ကျူးကျော်ခွင့် ရသွားစေသည့် အကြောင်းရင်းတို့ကိုမူ ရှင်းရှင်းလင်းလင်း မသိ ရသေးချေ။

Planet Myanmar Network

No comments:

Post a Comment