Wednesday 19 February 2014

ဘားကောင်စီမှာ အစိုးရကနေရာယူတာလုံးဝမသင့်တော်ပါဘူးဟု ဒေါ်အောင်ဆန်းစုကြည် ကပြော

Photo: ဘားကောင်စီမှာ အစိုးရကနေရာယူတာလုံးဝမသင့်တော်ပါဘူးဟု ဒေါ်အောင်ဆန်းစုကြည် ကပြော
Wednesday, February 19, 2014

မြန်မာနိုင်ငံမှရှေ့နေများနှင့် ဗြိတိန်နိုင်ငံအခြေစိုက်နိုင်ငံတကာ ရှေ့နေများကောင်စီမှ ကိုယ်စား လှယ်များသည်နိုင်ငံတကာကျင့် ထုံးများနှင့် ဒေသတွင်းဆိုင်ရာ ကိုင်တွယ်ဖြေရှင်မှုများခေါင်းစဉ် ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို နေပြည်တော်ရှိကုမုဒြာဟိုတယ် တွင် ဖေဖော်ဝါရီ (၁၃) ရက်မှ (၁၅) ရက်နေ့အထိကျင်းပခဲ့ ကြောင်း သိရသည်။

၎င်းဆွေးနွေးပွဲသို့တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်း ရေးကော်မတီဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်တက်ရောက်ခဲ့ကြောင်း သိရသည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေးကော်မတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က “ဘားကောင်စီဆိုတာလွတ်လပ်ရ မယ်၊အခုဆိုရင်ကျွန်မတို့အနေနဲ့ ဥပဒေစိုးမိုးရေးအတွက် စင်တာ တွေဖွင့်ဖို့ကြိုးစားနေပါတယ်။ အဲဒီစင်တာတွေမှာ အစိုးရကနေ အုပ်ထိန်းဖို့လုံးဝမလိုလားဘူးဆို တာ ကျွန်မတို့ပြောထားပါတယ်။ အဲဒီတော့ ဘားကောင်စီတွေမှာ လည်း အစိုးရအုပ်ချုပ်ရေးပိုင်းက နေပြီးတော့နေရာယူထားတယ်ဆို တာ လုံးဝမသင့်တော်ဘူးလို့ ကျွန်မကတော့မြင်တယ်။ ဒါကြောင့် ကျွန်မတို့လုံးဝအားမ ပေးပါဘူး။ ကျွန်မတို့ရဲ့ဥပဒေ ပညာရှင်များ၊ရှေ့နေကြီးများအနေ နဲ့လည်း ဒီဟာတွေကို တွန်းလှန် ကြပါလို့တိုက်တွန်းပါတယ်”ဟု ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနေရာအနှံက တရားရုံးတွေမှာ လေ့လာကွင်းဆင်း မှုအရပြဿနာတွေဟာ အတူတူပဲ ဖြစ်ကြောင်း၊ ဒါကြောင့်ထပ်ပြီး ကွင်းဆင်းလေ့လာတာတွေမလုပ် တော့ဖြစ်ကြောင်းလည်း ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တာ ၀န်ယူထားသည့်တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်းအေးချမ်းရေးကော် မတီနှင့် နိုင်ငံတကာရှေ့နေများ ကောင်စီတို့ပူးတွဲကျင်းပခဲ့ကြောင်း သိရသည်။

မျိုးကျော်
The Hot News Weekly
မြန်မာနိုင်ငံမှရှေ့နေများနှင့် ဗြိတိန်နိုင်ငံအခြေစိုက်နိုင်ငံတကာ ရှေ့နေများကောင်စီမှ ကိုယ်စားလှယ် များသည်နိုင်ငံတကာကျင့် ထုံးများနှင့် ဒေသတွင်းဆိုင်ရာ ကိုင်တွယ်ဖြေရှင်မှုများခေါင်းစဉ် ဖြင့် ဆွေးနွေးပွဲ တစ်ရပ် ကို နေပြည်တော်ရှိကုမုဒြာဟိုတယ် တွင် ဖေဖော်ဝါရီ (၁၃) ရက်မှ (၁၅) ရက်နေ့အထိကျင်းပခဲ့ ကြောင်း သိရသည်။


၎င်းဆွေးနွေးပွဲသို့တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်း ရေးကော်မတီဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည် တက်ရောက်ခဲ့ကြောင်း သိရသည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေးကော်မတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က “ဘားကောင်စီဆိုတာ လွတ်လပ်ရ မယ်၊အခုဆိုရင်ကျွန်မတို့အနေနဲ့ ဥပဒေစိုးမိုးရေးအတွက် စင်တာ တွေ ဖွင့်ဖို့ကြိုးစားနေပါတယ်။ အဲဒီစင်တာတွေမှာ အစိုးရကနေ အုပ်ထိန်းဖို့လုံးဝမလိုလားဘူးဆိုတာ ကျွန်မ တို့ပြောထားပါတယ်။ အဲဒီတော့ ဘားကောင်စီတွေမှာ လည်း အစိုးရအုပ်ချုပ်ရေးပိုင်းက နေပြီးတော့နေ ရာယူ ထားတယ်ဆို တာ လုံးဝမသင့်တော်ဘူးလို့ ကျွန်မကတော့မြင်တယ်။ ဒါကြောင့် ကျွန်မတို့လုံးဝအားမ ပေးပါဘူး။ ကျွန်မတို့ရဲ့ဥပဒေ ပညာရှင်များ၊ရှေ့နေကြီးများအနေ နဲ့လည်း ဒီဟာတွေကို တွန်းလှန် ကြပါလို့ တိုက်တွန်းပါတယ်”ဟု ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနေရာအနှံက တရားရုံးတွေမှာ လေ့လာကွင်းဆင်း မှုအရပြဿနာတွေဟာ အတူတူပဲ ဖြစ်ကြော င်း၊ ဒါကြောင့်ထပ်ပြီး ကွင်းဆင်းလေ့လာတာတွေမလုပ် တော့ဖြစ်ကြောင်းလည်း ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တာ ၀န်ယူထားသည့် တရား ဥပဒေ စိုးမိုး ရေးနှင့် တည်ငြိမ်းအေးချမ်းရေးကော် မတီနှင့် နိုင်ငံတကာရှေ့နေများ ကောင်စီတို့ပူးတွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မျိုးကျော်
The Hot News Weekly

No comments:

Post a Comment