Tuesday 27 August 2013

ကုလရုံး အမေရိကန်အစိုးရ ထောက်လှမ်းတာကို ကုလဝေဖန်

Photo: ကုလရုံး အမေရိကန်အစိုးရ ထောက်လှမ်းတာကို ကုလဝေဖန်
Tuesday, August 27, 2013

အမေရိကန်အစိုးရအနေနဲ့ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်ရုံးမှာ အသံဖမ်းကိရိယာတွေ လျို့ဝှက်ထားရှိတယ်ဆိုတဲ့ သတင်းတွေ
ထွက်ပေါ်ပြီးနောက် ကုလသမဂ္ဂက ကမ္ဘာ့နိုင်ငံအသီးသီးက သံတမန်တွေ အသုံးပြုတဲ့ ဌာနချုပ်အပေါ် လေးစားမှုပြုဖို့ တောင်းဆိုလိုက်ပါတယ်။

အမေရိကန် အစိုးရရဲ့ လျို့ဝှက်ချက်တွေကို ဖော်ထုတ်ခဲ့တဲ့ အမေရိကန်
ဗဟို ထောက်လှမ်းရေ အမှုထမ်းဟောင်း Edward Snowden
အမေရိကန် ဗဟိုထောက်လှမ်းရေး CIA အမှုထမ်းဟောင်း Edward Snowden ကနေ ဖော်ထုတ်လိုက်တဲ့ လျို့ဝှက်ချက်တွေအရ အမေရိကန်အစိုးရရဲ့ ထောက်လှမ်းမှုကို ကုလသမဂ္ဂ သိခဲ့ရတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ဌာနချုပ်ရုံးမှာ အသံဖမ်းကိရိယာတွေ လျို့ဝှက်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အမေရိကန်အစိုးရဌာနနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်
သွားမယ်လို့ ကုလသမဂ္ဂရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က ပြောပါတယ်။

နိုင်ငံတကာနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်ကို ကာကွယ်ဖို့
နိုင်ငံတိုင်းမှာ တာဝန်ရှိတယ်ဆိုတာ နိုင်ငံတကာ ဥပဒေမှာ ဖော်ပြ
ခဲ့ပြီးသားဖြစ်တဲ့အတွက် နိုင်ငံတိုင်း လိုက်နာမှု ပြုသင့်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အမေရိကန်အစိုးရဟာ ကုလသမဂ္ဂဌာနချုပ်ရုံးသာမက ဥရောပသမဂ္ဂ အီးယူရဲ့ ရုံးမှာပါ အသံဖမ်းကိရိယာတွေ လျို့ဝှက်ထားရှိတယ်ဆိုတာကို စီအိုင်အေ အမှုထမ်းဟောင်း Edward Snowden က ဖော်ထုတ်
လိုက်ပြီးနောက် အမေရိကန်အစိုးရအတွက် မျက်နှာပျက်စရာ ဖြစ်ခဲ့ပါတယ်။

ABC
အမေရိကန်အစိုးရအနေနဲ့ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်ရုံးမှာ အသံဖမ်းကိရိယာတွေ လျို့ဝှက် ထားရှိတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ပြီးနောက် ကုလသမဂ္ဂက ကမ္ဘာ့နိုင်ငံအသီးသီးက သံတမန်တွေ အသုံးပြု တဲ့ ဌာနချုပ်အပေါ် လေးစားမှုပြုဖို့ တောင်းဆိုလိုက်ပါတယ်။
အမေရိကန် အစိုးရရဲ့ လျို့ဝှက်ချက်တွေကို ဖော်ထုတ်ခဲ့တဲ့ အမေရိကန် ဗဟို ထောက်လှမ်းရေ အမှု ထမ်းဟောင်း Edward Snowden အမေရိကန် ဗဟိုထောက်လှမ်းရေး CIA အမှုထမ်းဟောင်း Edward Snowden ကနေ ဖော်ထုတ်လိုက်တဲ့ လျို့ဝှက်ချက်တွေအရ အမေရိကန်အစိုးရရဲ့ ထောက်လှမ်းမှုကို ကုလသမဂ္ဂ သိခဲ့ရတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ဌာနချုပ်ရုံးမှာ အသံဖမ်းကိရိယာတွေ လျို့ဝှက်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အမေရိကန်အစိုးရဌာနနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ ကုလသမဂ္ဂရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က ပြောပါတယ်။

နိုင်ငံတကာနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်ကို ကာကွယ်ဖို့ နိုင်ငံတိုင်းမှာ တာဝန်ရှိတယ် ဆိုတာ နိုင်ငံတကာ ဥပဒေမှာ ဖော်ပြခဲ့ပြီးသားဖြစ်တဲ့အတွက် နိုင်ငံတိုင်း လိုက်နာမှု ပြုသင့်တယ်လို့ ကုလ သမဂ္ဂ က ပြောပါတယ်။

အမေရိကန်အစိုးရဟာ ကုလသမဂ္ဂဌာနချုပ်ရုံးသာမက ဥရောပသမဂ္ဂ အီးယူရဲ့ ရုံးမှာပါ အသံဖမ်း ကိရိ ယာတွေ လျို့ဝှက်ထားရှိတယ်ဆိုတာကို စီအိုင်အေ အမှုထမ်းဟောင်း Edward Snowden က ဖော် ထုတ်လိုက်ပြီးနောက် အမေရိကန်အစိုးရအတွက် မျက်နှာပျက်စရာ ဖြစ်ခဲ့ပါတယ်။

ABC

No comments:

Post a Comment