Tuesday 27 August 2013

အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းသည် အသင်းအဖွဲ့များအပေါ် အစိုးရက အလုံးစုံ ထိန်းချုပ်မည့် ဥပဒေ တစ်ခုသာဖြစ်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ထုတ်ပြန်

မြန်မာနိုင်ငံ၏ အသင်းအဖွဲ့ များဆိုင်ရာ ဥပဒေကြမ်းသည် နိုင်ငံတကာ လူ့အခွင့်ရေး အဆင့်အတန်းများနှင့် ကိုက်ညီခြင်း မရှိသည့်အပြင် အသင်းအဖွဲ့ များအပေါ် အစိုးရက အလုံးစုံ ထိန်းချုပ်ရန် ကြိုးစားထားသော ဥပဒေတစ်ခုသာ ဖြစ်သောကြောင့် ဂရုတစိုက် ပြန်လည်သုံးသပ် ရေးဆွဲခြင်း သို့မဟုတ် ပယ်ချခြင်း ပြုလုပ် သင့် သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က သြဂုတ် ၂၅ ရက်တွင် ပြောကြားသည်။
ယခုအတိုင်း အတည်ပြု ပြဋ္ဌာန်းလိုက်ပါက ဥပဒေသည် အဖွဲ့အစည်းများ အပေါ်တွင် အစိုးရ၏ အလွန် အမင်း စွက်ဖက်ဝင်ရောက်မှုကို ခွင့်ပြုလိုက်သလို ဖြစ်သွားမည့်အပြင် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် မြန် မာနိုင်ငံ ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိုပါ ဟန့်တားသွားစေ နိုင်သည်ဟုလည်း လူ့အခွင့် အရေး စောင့်ကြည့် အဖွဲ့က ဆိုသည်။

''ဒီဥပဒေကြမ်းက မြန်မာအစိုးရကို ဒီလိုအစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ ကို ငြင်းပယ်ဖို့ အခွင့်အရေး ကျယ်ကျယ်ပြန့်ပြန့် ပေးလိုက်တာပါပဲ။ ခွင့်ပြုချက် မရဘဲ လုပ်မယ်ဆိုရင်လည်း အဲလို အဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင်တွေနဲ့ ခေါင်းဆောင်တွေကို ထောင်ထဲကို လွယ်လွယ် ပို့လို့ရသွားမယ်။ ကြည့်ရတာတော့ ဒီလိုအရေးပါတဲ့ အပြောင်းအလဲ မျိုးမှာတောင် အစိုးရက လူမှုအဖွဲ့အစည်းတွေ အထူး သဖြင့်တော့ စောင့်ကြည့်လေ့ လာတဲ့ အဖွဲ့တွေ အပေါ်မှာ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားချင်ပုံရတယ်'' ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Phil Robertson က ပြောကြား သည်။

အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းပါ အခန်းအတော် များများသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး ကြေညာစာတမ်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းများကို ချိုးဖောက်နေသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောကြားသည်။

''အခု အကြိုတင်သွင်းလိုက်တဲ့ အသင်းအဖွဲ့ ဥပဒေဟာ အစိုးရကို ဝေဖန်တဲ့ အဖွဲ့အစည်းတွေကို မှတ်ပုံ တင်ခြင်းကနေ ပယ်ဖျက်ဖို့အတွက် အလွယ်တကူ အလွဲသုံးစား လုပ်နိုင်တဲ့ ဥပဒေပါပဲ။ အစိုးရ အနေနဲ့က လူမှုရေး အဖွဲ့အစည်း၊ အသင်းအဖွဲ့တွေကို အမျိုးသား ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို သွားနေတဲ့ နေ ရာ မှာ အဓိက အထောက်အပံ့အဖြစ် ရှုမြင်သင့်တာပါ။ အတားအဆီး အနေနဲ့ ရှုမြင်သင့်တာ မဟုတ်ပါဘူး'' ဟု Phil Robertson က ဆက်လက် ပြောကြားသည်။

ဥပဒေကြမ်းသည် အစိုးရ၏ လုပ်ရပ်များကို ထိခိုက်စေနိုင်မည်ဟု ထင်မြင်ရသည့် နိုင်ငံတကာ အဖွဲ့အစည်း များကို ကန့်သတ်ထားသည့် အခန်းများလည်း ပါဝင်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဆိုသည်။ နိုင်ငံတကာ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ အနေဖြင့် လုပ်ငန်းဆောင်ရွက်ရန် အတွက် အစိုးရ၀န်ကြီး ဌာနများနှင့် နားလည်မှု သဘောတူညီချက်များ ထိုးထားရမည် ဖြစ်သည်။ ထိုကဲ့သို့ မပြုလုပ်ထားပါက မှတ်ပုံတင်ခွင့် ရရှိမည် မဟုတ်ဘဲ လုပ်ငန်းဆောင်ရွက်ရန် အတွက်လည်း အခွင့်အရေး ရရှိမည် မဟုတ်ပေ။ ထို့ပြင် ထိုကဲ့သို့ မှတ်ပုံတင်ခိုင်းခြင်းသည် နိုင်ငံထဲတွင် လာလုပ်ကိုင်မည့် အဖွဲ့အစည်း အားလုံးကို ပိတ်ပင်ထားခြင်းလား။ အချိန်တိုသာ လာရောက် လုပ်ကိုင်မည့် အဖွဲ့အစည်း များအတွက် မည်သို့လုပ်ကိုင်မည်နည်း ဆိုသည့် အချက်နှင့် ပတ်သက်၍ မရှင်းလင်းထားပေ။

အဖွဲ့အစည်း အသီးသီးကလည်း ယခု ဥပဒေကြမ်းကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖော်ပြခဲ့ကြပြီး ဥပဒေ ကြမ်းပါ အခန်းကဏ္ဍများ ရေးဆွဲ ရာတွင် လူမှုအသင်း အဖွဲ့များနှင့် ဆွေးနွေးခြင်းများ မပြုလုပ်ဘဲ ရေးဆွဲခဲ့ သည့် အတွက်လည်း လက်မခံကြောင်း ဖော်ပြခဲ့ပြီး ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment