Thursday 22 August 2013

နိုင်ငံတကာ ဆိုက်ဘာ တိုက်ပွဲနှင့် မြန်မာစစ်တလင်း

Photo: နိုင်ငံတကာ ဆိုက်ဘာတိုက်ပွဲနှင့် မြန်မာစစ်တလင်း
Thursday, August 22, 2013

နည်းပညာ ထွန်းကားလာနေသော ဤရာစုနှစ်တွင် ဆိုက်ဘာနည်းပညာ
များက အဆင့်မြင့် ရှုပ်ထွေးလာသည်။ ယခင်က စုံစမ်းထောက်လှမ်းမှု
များနှင့်မတူဘဲ ဆိုက်ဘာမှတစ်ဆင့် ထောက်လှမ်းနိုင်သောကြောင့် လူပုဂ္ဂိုလ်ဆိုင်ရာ၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး အရာရာတွင် အချက်အလက်တို့၏ လုံခြုံမှုက အရေးကြီးဆုံးဖြစ်လာသည်။

ပထမကမ္ဘာစစ်သည် ဥရောပအလယ်ပိုင်းတွင် စစ်ရေးမဟာမိတ်အုပ်စု
များအကြား အားပြိုင်မှု စတင်ခဲ့သည်။ အဆင့်နိမ့် ရိုးရာလက်နက်များဖြင့် လူအင်အားကို အဓိကသုံးပြီး ထိုက်ခိုက်ခဲ့ကြသည်။ လူပေါင်း ၁၆ သန်းကျော် သေဆုံးခဲ့ရပြီး သန်း ၂၀ ကျော် ဒဏ်ရာရရှိခဲ့၏။

ပထမကမ္ဘာစစ်အပေါ် အခြေခံပြီး ဥရောပမှာပင် စတင်အခြေတည်ဖြစ်ပေါ်
လာသော ဒုတိယကမ္ဘာစစ်တွင်လည်း ပို၍ကြီးမားလာသော စစ်အင်အား၊ ပို၍ခေတ်မီလာသော လက်နက်အင်အား၊ လူအင်အားတို့ဖြင့် တိုက်ခိုက်
အားပြိုင်ခဲ့ကြသည်။စစ်သားနှင့် အရပ်သား အပါအ၀င် လူပေါင်း သန်း ၆၀ သေဆုံးခဲ့ရသည်။ ယနေ့ခေတ်တွင် စစ်လက်နက်အင်အားပြိုင်မှုများ အမြင့်ဆုံးရောက်နေသော်လည်း နိုင်ငံတကာတွင် နည်းပညာနှင့် စီးပွားရေးအားပြိုင်မှုက ပိုမိုကျယ်ပြန့် အရေးပါလာသည်။ ခေတ်သစ်
နည်းပညာအားဖြင့် ထိုးနှက်တိုက်ခိုက်ကြသည့် ဆိုက်ဘာစစ် ခင်းလာကြသည်။ လွယ်ကူစွာ မမြင်နိုင်သည့် ဆိုက်ဘာလက်နက်များ သုံးလာကြသည်။

ထိုစစ်အတွင်းတွင် တစ်ဖက်ရန်သူ၏ ငွေကြေးအဆောက်အအုံ၊ ပင်မလျှပ်စစ်ရုံ၊ ရေကာတာ၊ စစ်ရေးအဆောက်အအုံ စသည်တို့ကို ကွန်ပျူတာ၊ အင်တာနက်များသုံးပြီး ထိုးဖောက်ဝင်ရောက် ထိန်းချုပ်ရန်၊ ဖျက်ဆီးရန် ကြိုးပမ်းခြင်း၊ အချက်အလက် ရယူစုဆောင်းခြင်းတို့ကို ပြု
လုပ်ပြီး ကွန်ပျူတာတွင်း အချက်အလက်များဖျက်ဆီးခြင်း၊ အဆင့်
ကွဲပြားသည့် ဗိုင်းရပ်စ်မျိုးမျိုး ပေးပို့ခြင်းတို့လည်း ပါဝင်သည်ဟု ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူ Synaptic Laboratories Limited ၏ အမှုဆောင် အဖွဲ့ဝင် Ron Kelson က ဆိုသည်။

ဆိုက်ဘာစစ်တွင် ရင်းနှီး မြှုပ်နှံမှုများ ၂၀၀၆ ခုနှစ်လောက်က စတင်ခဲ့ပြီး ယခုအခါ နိုင်ငံပေါင်း ၁၄၀ ကျော်တွင် ဆိုက်ဘာလက်နက်ထုတ်လုပ်သည့် စီမံချက်များ ရှိနေကြောင်း လေ့လာချက်အများအပြားက ဆိုသည်။ ဥပမာအားဖြင့် အမေရိကန်ကာကွယ်ရေး အဆင့်မြင့်သုတေသနအေဂျင်စီ (DARPA)က ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ဆိုက်ဘာဘတ်ဂျက် ၁ ဒသမ ၅၄ ဘီလီယံဒေါ်လာဖြင့် စစ်ရေးလိုအပ်ချက်နှင့် ကိုက်ညီအောင် ဆိုက်ဘာတိုက်ပွဲအတွက် အဓိကထား ပြင်ဆင်လုပ်ဆောင်မည်ဟု အရာရှိ
များက ပြောဆိုကြောင်း The Malta Independent တွင် ဖော်ပြထားသည်။

ဤသည်မှာ ဥပမာတစ်ခုမျှသာဖြစ်သည်။ ရုရှား၊ အစ္စရေး၊ တရုတ်တို့တွင် ဆိုက်ဘာစစ်အတွက် ပြင်ဆင်မှုများစွာ ရှိနေသည်။တိုတောင်းလှသော
အချိန်အတွင်းမှာပင် နည်းပညာက အံ့မခန်း တိုးတက်လာခဲ့သည်။ နည်းပညာအားဖြင့် လူပုဂ္ဂိုလ်တို့၏ ကိုယ်ရေးအချက်အလက်များ၊ စီးပွားရေးကုမ္ပဏီကြီးများ၏ အစီအမံများ၊ အစိုးရတို့၏ လျှို့ဝှက်ချက်များကို အဝေးမှရယူရန် ကြိုးစားလာကြသည်။

ကမ္ဘာအနှံ့ ပျံ့နှံ့လာနေသည့် ထိုဆိုက်ဘာစစ်သည် အစိုးရများ၊ ကုမ္ပဏီများ
အကြား လျှို့ဝှက်ချက်ရယူနိုင်ရေးကို အဓိကထားလာကြသည်။ ထိုမှ စီးပွားရေး၊ နိုင်ငံရေး လွှမ်းမိုးမှုကို တည်ဆောက်နိုင်သောကြောင့် ဖြစ်သည်။

လတ်တလော ဆိုက်ဘာစစ်ခင်းနေသည့်အထဲတွင် တရုတ်၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ၊ အိန္ဒိယ၊ သြစတြေးလျ၊ ရုရှား အစရှိသည့် နည်းပညာထွန်းကားသောနိုင်ငံများ အဓိက ပါဝင်နေသည်။ ယခင်ကာလ
များကဲ့သို့ နိုင်ငံအလိုက် စစ်ခင်းကြရာတွင် နယ်နိမိတ်တိတိကျကျ ကန့်သတ်ပါဝင်ကြခြင်းမဟုတ်တော့ဘဲ နိုင်ငံတကာ စီးပွားရေး ဆက်နွယ်ဖြန့်ကြက်နေသဖြင့် ဘောင်ခတ်ရန်ခက်ခဲနေသည်။ အခြား နိုင်ငံမှ ကုမ္ပဏီကို ယုံကြည်မှုမရှိသဖြင့် မိမိနိုင်ငံတွင်း အ၀င်မခံ၍လည်း မရပါ။

နိုင်ငံတကာ စီးပွားကုန်သွယ်မှု သဘောတူညီချက်များက ရှိနေသော
ကြောင့်ဖြစ်သည်။ ဈေးကွက်စီးပွားရေးမူများကို လက်ခံထားနေ
ရသောကြောင့်လည်းဖြစ်သည်။ကိုယ်တွင်းဝင်လာသော ရောဂါပိုးကို ခုခံကာကွယ်ရန် ကိုယ်ခံအားမြှင့်ရေး ကြိုးပမ်းကြတော့သည်။ ၎င်းမှာ ဆိုက်ဘာလုံခြုံရေးလုပ်ဆောင်မှုများပင်ဖြစ်သည်။

နိုင်ငံတကာအား တံခါးဖွင့်ပေးသော မြန်မာနိုင်ငံ၏ ဈေးကွက်ကို မကြာသေးမီက ၀င်ရောက်လာသော ဆက်သွယ်ရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံ
မှုတွင် တင်ဒါရရှိထားသော နော်ဝေးကုမ္ပဏီ Telenor နှင့်အတူ
မြန်မာဆက်သွယ်ရေးကုမ္ပဏီနှစ်ခုတို့က ဆက်သွယ်ရေးဆိုင်ရာ လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့် Huawei တရုတ်ကုမ္ပဏီကို ပစ္စည်းတင်သွင်းခွင့်ပေးရန် သြဂုတ်လဆန်းက ရွေးချယ်လိုက်သည်။

ထို Huawei ကုမ္ပဏီသည် တရုတ်နိုင်ငံအစိုးရ၏ ဆိုက်ဘာစစ်တွင် ပါရှိနေသည်ဟု အနောက်နိုင်ငံများအကြား သံသယရှိနေကြသည်။

Huawei သည် ၂၀၁၂ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ပစ္စည်းထုတ်
လုပ်သည့် ကုမ္ပဏီတစ်ခုအဖြစ် နိုင်ငံတကာကို ထိုးဖောက်လာသည်။ စတင်တည်ထောင်သူမှာ တရုတ်စစ်တပ်မှ အရာရှိဟောင်းတစ်ဦးဖြစ်သူ
Ren Zhengfei ဖြစ်ပြီး ပုဂ္ဂလိကကုမ္ပဏီအဖြစ် ၁၉၈၈ ခုနှစ်တွင် စတင်
ထူထောင်ခဲ့သည်။

ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ပေးခြင်း၊ ဆက်သွယ်ရေးဆိုင်ရာ စက်ပစ္စည်းနှင့် ၀န်ဆောင်မှုပေးခြင်းတို့ကို ပြုလုပ်သည်။ စတင်
တည်ထောင်ချိန်ကတည်းကပင် တရုတ်ပြည်တွင်းနှင့် ပြည်ပကို ၀န်ဆောင်မှုပေးခဲ့သည်။ ဆက်သွယ်ရေးကိရိယာများကို ထုတ်လုပ်ရောင်း
ချခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် Huawei ကုမ္ပဏီသည် နိုင်ငံပေါင်း ၁၄၀
ကျော်တွင် ၎င်းတို့၏ပစ္စည်းနှင့် ၀န်ဆောင်မှုများပေးနိုင်ခဲ့ပြီး အမြတ်ငွေ
ဒေါ်လာ သန်းသုံးထောင့်ခုနစ်ရာရှိခဲ့သည်။

တရုတ်အစိုးရနှင့် ဆက်နွှယ်နေခြင်း၊ ထူထောင်သူက တရုတ်စစ်ရေး
အင်ဂျင်နီယာဖြစ်နေခြင်းတို့ကြောင့် အနောက်နိုင်ငံများက နိုင်ငံတော်
လုံခြုံရေးအတွက် စိုးရိမ်ပြီး Huawei နှင့် မဆက်ဆံလိုကြပေ။
နိုင်ငံတော်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်နိုင်သည်ဟုပင် အမေရိကန်ထောက်လှမ်းရေးကော်မတီက ၂၀၁၂ ခုနှစ် အောက်တို
ဘာလက အစီရင်ခံ စာထုတ်ပြန်ခဲ့သည်။

Huawei နှင့်အတူ အခြားတရုတ်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ZTE Inc. ကိုလည်း အမည်နှင့်တကွ ဖော်ပြခဲ့သည်။တရုတ်အစိုးရနှင့် ပတ်သက်နေ
သည့် အဆိုပါကုမ္ပဏီကြီးနှစ်ခုက အမေရိကန်ကုမ္ပဏီများ၏ နည်းပညာ
အချက်အလက်များကို ခိုးယူပြီး အမေရိကန်နိုင်ငံသားများကိုလည်း သူလျှိုလုပ်ထောက်လှမ်းနေနိုင်သည်ဟု စွပ်စွဲထားသည်။ Huawei ကတော့ အခြေအမြစ်မရှိသည့် စွပ်စွဲချက်ဟုသာ တုံ့ပြန်ခဲ့သည်။

Huawei က ထုတ်လုပ်သော ပစ္စည်းများကို ကြိုးမဲ့ဆက်သွယ်ရေးတွင် အသုံးပြုပြီး တရုတ်အစိုးရက ထိုကုမ္ပဏီကို ငွေကြေးအထောက်အပံ့ များစွာပေးထားသည်ဟု အမေရိကန်အစီရင်ခံစာက ဆိုသည်။ အမေရိကန်နိုင်ငံတွင် တရုတ်အစိုးရထောက်ပံ့ထားသည့် ကုမ္ပဏီများကို လုပ်ပိုင်ခွင့်ပေးခြင်းသည် အမေရိကန်နိုင်ငံ၏ ဆက်သွယ်မှုများကို ကြားဖြတ် ဖမ်းယူနိုင်ခွင့်ပေးထားပြီး ဆိုက်ဘာတိုက်ခိုက်မှုများကို ခွင့်ပြုထားသလို အရေးပါသည့် အဆောက်အအုံများဖြစ်သည့် ဥပမာ ရေကာတာ၊ ပင်မလျှပ်စစ်ဓာတ်အားပေးရုံ စသည်တို့ကို တိုက်ခိုက်နိုင်သည့် အခြေအနေကို ဖန်တီးပေးထားသည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလတွင်းတွင် အမေရိကန်ရေတပ်လေ့ကျင့်ရေး
စခန်းရှိရာ အော်ရေဂွန်ပြည်နယ်အနီးရှိ လေအားသုံး လျှပ်စစ်ထုတ်လုပ်သည့် စီမံချက်တွင် ရင်းနှီးမြှုပ်နှံထားသော တရုတ်ကုမ္ပဏီတစ်ခုကို ထိုရင်းနှီးမြှုပ်နှံမှုမှ စွန့်ခွာရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မတီမှတစ်ဆင့် သမ္မတအိုဘားမားက အမိန့်ထုတ်ခဲ့သည်။

ထိုရေတပ်စခန်းတွင် မောင်းသူမဲ့လေယာဉ် လေ့ကျင့်မှုများ ရှိနေသည်။ အမေရိကန်သမ္မတက ယခုကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် ၀င်ရောက်
ပိတ်ဆို့မှုသည် နှစ်ပေါင်း၂၂ နှစ် တွင် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။

ကုမ္ပဏီတစ်ခုကို ပစ်မှတ်ထားပိတ်ဆို့ခြင်းမဟုတ်ဘဲ အေ ရိကန်၏ ဆက်သွယ်ရေးနှင့် အဓိကကျသော အဆောက်အအုံကို ကာကွယ်ရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်က ဆိုသည်။ သို့သော်လည်း Huawei ၏ ၀န်ထမ်းဟောင်းတစ်ဦးမှရရှိသည့် ရုံးတွင်းစာများအရ Huawei သည် တရုတ်စစ်တပ်တွင်းရှိ ဆိုက်ဘာစစ်ရေးဌာနအတွက် ၀န်ဆောင်မှုများပေးနေကြောင်းကို အမေရိကန်ထောက်လှမ်းရေး ကော်မတီက ထုတ်ဖော်ပြောဆိုသည်။

Huawei ကုမ္ပဏီသည် အလုပ်သမားအခွင့်အရေး၊ လာဘ်စားမှု၊ မူပိုင်ခွင့်ချိုးဖောက်မှု စသည့်အချက်များကို ကျူးလွန်ခဲ့ကြောင်းလည်း Huawei ကုမ္ပဏီ၏ လက်ရှိနှင့် ယခင်ဝန်ထမ်းများက စုံစမ်းရေးကော်မတီကို ပြောဆိုခဲ့ကြသည်။

ငွေကြေးဆိုင်ရာ ထုတ်ဖော်ကြေညာရမည်ဆိုသော ကန့်သတ်ချက်ရှိသည့် ဟောင်ကောင်နှင့် အမေရိကန်တို့တွင် Huawei ကုမ္ပဏီက ၎င်းတို့၏ ရှယ်ယာများကို ရောင်းချခြင်းမပြုပေ။ ကုမ္ပဏီ၏ ရှယ်ယာပိုင်ဆိုင်မှုများကိုလည်း တရားဝင်ဖော်ပြခြင်း မရှိပါ။ ထိုအချက်ကပင် တရုတ်အစိုးရက နောက်ကွယ်မှ အပြည့်အ၀ပံ့ပိုးနေသည်ဆိုသောသံသယ ပို၍ ခိုင်မာလာစေသည်။

အမေရိကန်ဈေးကွက်တွင် အပိတ်ပင်ခံထားရသော်လည်း တရုတ်ကုမ္ပဏီ Huawei သည် ဥရောပကို ထိုးဖောက်ဝင်ရောက်လာနေသည်။ ၂၀၀၄ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ဥရောပမှ ဟော်လန်ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆို ရင်းနှီးမြှုပ်နှံနိုင်ခဲ့ပြီးသည့် နောက် ၂၀၁၀ မှာပင် ထိပ်တန်း ကမ္ဘာ့ဆက်သွယ်ရေးကုမ္ပဏီကြီး ၅၀ အနက် ၄၅ ခုအတွက် Huawei က ၀န်ဆောင်မှုပေးနေပြီး အမေရိကန်ထုတ် Fortune မဂ္ဂဇင်းတွင်လည်း ကမ္ဘာ့ထိပ်တန်းအမြတ်အစွန်းရ အောင်မြင်သည့် ကုမ္ပဏီ ၅၀၀ စာရင်းတွင် ပထမဆုံးအကြိမ် ပါဝင်ခဲ့သည်။

ထိုသို့ ကမ္ဘာ့ဆိုက်ဘာဈေးကွက်ကို ဖြန့်ကြက်နိုင်လာသော Huawei မှ ထုတ်လုပ်သည့် စက်ကိရိယာသည် ပြင်ပမှ ဆိုက်ဘာကွန်ရက်တွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်အောင် ပုံစံချ ထုတ်လုပ်ထားသည်ဟု အမေရိကန်က ဆိုသည်။

Huawei ကမူ ၎င်းတို့၏ ထုတ်ကုန်များသည် ဆိုက်ဘာလုံခြုံမှုအပြည့်အ၀ရှိကြောင်း တုံ့ပြန်ခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့် ယင်းတို့၏ စီးပွားရေးလုပ်ငန်းကို စစ်ဆေးနိုင်ကြောင်း၊ စွပ်စွဲချက်များမှာ အခြေအမြစ်မရှိ ကြောင်း Huawei က ၂၀၁၁ ခုနှစ်တွင် စာရေးသားပေးပို့ခဲ့သည်။

အလားတူ အိန္ဒိယ ဆဲလ်လူလာဖုန်းဝန်ဆောင်မှုပေးနေသည့် Bharat Sanchar Nigam Limited (BSNL)ကလည်း ၂၀၀၅ ခုနှစ်က Huawei ၏ ကုန်ပစ္စည်းများကို လုံခြုံရေးဆိုင်ရာသံသယဖြင့် ပိတ်ပင်ခဲ့သည်။ ၂၀၁၀ တွင်မူ အိန္ဒိယ ဗဟိုစုံစမ်းထောက်လှမ်းရေးက Huawei နှင့်ပတ်သက်သော စာချုပ်နှင့် ဆက်သွယ်မှုအားလုံးကို ဖျက်သိမ်းရန် တိုက်တွန်းလာသည်။ နောက်ပိုင်းတွင် နိုင်ငံတကာလုံခြုံရေးအေဂျင်စီများ ဖြစ်သည့် ကနေဒါမှ Electronic Warfare Associates, အမေရိ ကန်အခြေစိုက် Infoguard နှင့် အစ္စရေးက ALTAL လုံခြုံရေးအကျိုးဆောင်တို့က စစ်ဆေးပြီး လုံခြုံစိတ်ချရကြောင်း ထောက်ခံမှသာလျှင် အိန္ဒိယကို တင်သွင်းခွင့်ပြုရန် ဆုံးဖြတ်ခဲ့သည်။

နိုင်ငံတကာသံသယများ တိုးမြှင့်လာချိန်တွင် Huawei သည် အီရန်နိုင်ငံကို စောင့်ကြည့်ရေးနည်းပညာနှင့်အတူ ဆက သွယ်ရေးကိရိယာများကို အဓိကပံ့ပိုးပေးနေခဲ့ကြောင်း ၂၀၁၁ ခုနှစ်က ဝေါစထရိဂျာနယ်က ဖွင့်ချစွပ်စွဲခဲ့ပြန်သည်။ သက်သေပြနိုင်ခြင်းတော့ မရှိခဲ့ပေ။ အာဖဂန်နစ္စတန်တွင် တာလီဘန်များအတွက် ဆက်သွယ်ရေးကိရိယာများ လုပ်ဆောင်ပေးခဲ့ကြောင်း အိန္ဒိယက ၂၀၀၁ ခုနှစ်က စွပ်စွဲခဲ့ဖူးသော်လည်း ထိုအချက်ကိုလည်း သက်သေပြနိုင်ခြင်းမရှိခဲ့ပေ။

၂၀၁၂ ခုနှစ် မတ်လတွင်မူ သြစတြေးလျအစိုးရပိုင် NBN ကုမ္ပဏီက နိုင်ငံအနှံ့ ဆက်သွယ်ရေးကွန်ရက်တည်ဆောက်ရေးအတွက် တင်ဒါခေါ်ယူခဲ့ရာတွင် Huawei ကုမ္ပဏီကို လေလံဆွဲခွင့်မပေးခဲ့ပါ။ ၎င်းမှာလည်း သြစတြေးလျလုံခြုံမှုထောက်လှမ်းရေးအဖွဲ့၏ အကြံပြုချက်ကြောင့်ဖြစ်သည်ဟု ဆိုသည်။

ထို့နောက် လေးလအကြာ ဇူလိုင်လတွင် ကွန်ပျူတာလုံခြုံရေးကုမ္ပဏီဖြစ်သည့် Recruity Labs မှ ကျွမ်းကျင်သူများဖြစ်ကြသည့် Felix Lindner နှင့် Gregor Kopf တို့က Huawei ၏ ဆက်သွယ်ရေးစက်ပစ္စည်းများ လုံခြုံစိတ်ချရမှုမရှိဘဲ ဖောက်ထွင်းရလွယ်ကူကြောင်းနှင့် အဝေးမှ ထိုးဖောက်ထိန်းချုပ်နိုင်ကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ထုတ်ဖော်ပြောဆိုလိုက်သည်။ဆိုက်ဘာစစ်ကတော့ ခရီးဆက်နေဦးမည်ဖြစ်သည်။

အမေရိကန်နှင့် ဥရောပ၊ အာရှနိုင်ငံ အတော်များများက အစိုးရရုံးများ၊ ပုဂ္ဂလိကသတင်းမီဒီယာများ၊ အထင်ကရ နိုင်ငံရေးသမားများကို တရုတ်နိုင်ငံတွင် အခြေပြုထားသည့် ကွန်ပျူတာများမှ ဆိုက်ဘာထိုးဖောက်တိုက်ခိုက်မှုများရှိနေကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုမှုများ ရှိနေသည်။ စစ်အင်အား၊ လက်နက်အင်အား၊ လူအင်အားတို့ဖြင့် ထင်ထင်မြင်မြင် တိုက်ပွဲဆင်နွှဲခဲ့ကြသည့်ခေတ်ကို လွန်မြောက်လာချိန်တွင် ရှုပ်ထွေးသော ဆိုက်ဘာနည်းပညာများဖြင့် နိုင်ငံတကာတိုက်ပွဲများ စတင်နေပြီဟု ဆိုရပေမည်။

နိုင်ငံတကာ ဆိုက်ဘာစစ်တွင် ပါဝင်နေသော Huawei ကုမ္ပဏီ ခြေကုပ်ယူလာနေသည့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကွန်ရက်တွင် နိုင်ငံတော်လုံခြုံရေး၊ ပြည်တွင်းနှင့် နိုင်ငံတကာစီးပွားရေးကုမ္ပဏီများ၏ ဆက်သွယ်မှုလုံခြုံရေး၊ လူပုဂ္ဂိုလ်များ၏ ကိုယ်ပိုင်အချက်အလက်များ လုံခြုံရေးအတွက် မည်မျှကာကွယ်ပေးနိုင်မည်ကိုတော့ မသိရသေးပါ။ လွှတ်တော်တွင် ဆွေးနွေးနေသည်ဟုတော့ သိရသည်။

“လွှတ်တော်က ဆက်သွယ်ရေးဥပဒေကို ဆွေးနွေးနေပါတယ်။ လုံခြုံရေးအတွက် ကျွန်တော်တို့ တတ်နိုင်သလောက် ကာကွယ်သွားရမယ်။ တကယ်လို့ ကုမ္ပဏီတွေက ကျွန်တော်တို့နိုင်ငံရဲ့ လုံခြုံရေးအတွက် ခြိမ်းခြောက်လာရင်တော့ အဲဒီလိုယုံကြည်လို့ မရတဲ့ ကုမ္ပဏီတွေနဲ့ အလုပ်လုပ်ဖို့ မဖြစ်ပါဘူး။ ဒါကို ဆန့်ကျင်ရပါလိမ့်မယ်”ဟု လွှတ်တော်အမတ် ဦးမြင့်သိန်းက ပြောဆိုကြောင်း Asian News Network က သြဂုတ် ၁၄ ရက်၌ ဖော်ပြခဲ့သည်။

ကြီးမားလှသည့် အမေရိကန်ဈေးကွက်ကို ထိုးဖောက်၍မရသည့်အဆုံး ကျန်နိုင်ငံတကာဈေးကွက်ကို ပိုမိုအာရုံထားလာသော Huawei က Apple's iPhone and Samsung's Galaxy S4 တို့ကို အပြိုင်တိုက်မည့် Ascend P6 ကို ထုတ်မည်ဟု ကြေညာလိုက်သည်။ ဆိုက်ဘာလုံခြုံရေးကို ဦးစားပေးကြသော အနောက်ဈေးကွက်မှ ဆုတ်ခွာလာရသည့် Huawei သည် မြန်မာအပါအ၀င် အာရှနှင့် ကမ္ဘာ့တခြားနိုင်ငံများတွင်မူ ၎င်း၏ ဈေးချိုသည့် ထုတ်ကုန်များအတွက် ကော်ဇောနီခင်း ကြိုဆိုနေဦးမည်သာ ဖြစ်ပေသည်။

7Day News Journal
နည်းပညာ ထွန်းကားလာနေသော ဤရာစုနှစ်တွင် ဆိုက်ဘာနည်းပညာများက အဆင့်မြင့် ရှုပ်ထွေး လာသည်။ ယခင်က စုံစမ်းထောက်လှမ်းမှုများနှင့်မတူဘဲ ဆိုက်ဘာမှတစ်ဆင့် ထောက် လှမ်းနိုင်သောကြောင့် လူပုဂ္ဂိုလ်ဆိုင်ရာ၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး အရာရာတွင် အချက်အလက်တို့၏ လုံခြုံမှုက အရေးကြီးဆုံးဖြစ်လာသည်။

ပထမကမ္ဘာစစ်သည် ဥရောပအလယ်ပိုင်းတွင် စစ်ရေးမဟာမိတ်အုပ်စုများအကြား အားပြိုင်မှု စတင်ခဲ့သည်။ အဆင့်နိမ့် ရိုးရာလက်နက်များဖြင့် လူအင်အားကို အဓိကသုံးပြီး ထိုက်ခိုက်ခဲ့ကြသည်။ လူပေါင်း ၁၆ သန်းကျော် သေဆုံးခဲ့ရပြီး သန်း ၂၀ ကျော် ဒဏ်ရာရရှိခဲ့၏။

ပထမကမ္ဘာစစ်အပေါ် အခြေခံပြီး ဥရောပမှာပင် စတင်အခြေတည်ဖြစ်ပေါ်လာသော ဒုတိယကမ္ဘာစစ်တွင် လည်း ပို၍ကြီးမားလာသော စစ်အင်အား၊ ပို၍ခေတ်မီလာသော လက်နက်အင်အား၊ လူအင်အားတို့ဖြင့် တိုက်ခိုက် အားပြိုင်ခဲ့ကြသည်။စစ်သားနှင့် အရပ်သား အပါအ၀င် လူပေါင်း သန်း ၆၀ သေဆုံးခဲ့ရသည်။ ယနေ့ခေတ်တွင် စစ်လက်နက်အင်အားပြိုင်မှုများ အမြင့်ဆုံးရောက်နေသော်လည်း နိုင်ငံတကာတွင် နည်းပညာနှင့် စီးပွားရေးအားပြိုင်မှုက ပိုမိုကျယ်ပြန့် အရေးပါလာသည်။ ခေတ်သစ်နည်းပညာအားဖြင့် ထိုးနှက်တိုက်ခိုက်ကြသည့် ဆိုက်ဘာစစ် ခင်းလာကြသည်။ လွယ်ကူစွာ မမြင်နိုင်သည့် ဆိုက်ဘာ လက်နက် များ သုံးလာကြသည်။

ထိုစစ်အတွင်းတွင် တစ်ဖက်ရန်သူ၏ ငွေကြေးအဆောက်အအုံ၊ ပင်မလျှပ်စစ်ရုံ၊ ရေကာတာ၊ စစ်ရေး အဆောက်အအုံ စသည်တို့ကို ကွန်ပျူတာ၊ အင်တာနက်များသုံးပြီး ထိုးဖောက်ဝင်ရောက် ထိန်းချုပ်ရန်၊ ဖျက်ဆီးရန် ကြိုးပမ်းခြင်း၊ အချက်အလက် ရယူစုဆောင်းခြင်းတို့ကို ပြုလုပ်ပြီး ကွန်ပျူတာတွင်း အချက် အလက် များဖျက်ဆီးခြင်း၊ အဆင့်ကွဲပြားသည့် ဗိုင်းရပ်စ်မျိုးမျိုး ပေးပို့ခြင်းတို့လည်း ပါဝင်သည်ဟု ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူ Synaptic Laboratories Limited ၏ အမှုဆောင် အဖွဲ့ဝင် Ron Kelson က ဆိုသည်။

ဆိုက်ဘာစစ်တွင် ရင်းနှီး မြှုပ်နှံမှုများ ၂၀၀၆ ခုနှစ်လောက်က စတင်ခဲ့ပြီး ယခုအခါ နိုင်ငံပေါင်း ၁၄၀ ကျော်တွင် ဆိုက်ဘာလက်နက်ထုတ်လုပ်သည့် စီမံချက်များ ရှိနေကြောင်း လေ့လာချက်အများ အပြားက ဆိုသည်။ ဥပမာအားဖြင့် အမေရိကန်ကာကွယ်ရေး အဆင့်မြင့်သုတေသနအေဂျင်စီ (DARPA)က ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ဆိုက်ဘာဘတ်ဂျက် ၁ ဒသမ ၅၄ ဘီလီယံဒေါ်လာဖြင့် စစ်ရေးလိုအပ်ချက်နှင့် ကိုက်ညီအောင် ဆိုက်ဘာတိုက်ပွဲအတွက် အဓိကထား ပြင်ဆင်လုပ်ဆောင် မည်ဟု အရာရှိများက ပြောဆိုကြောင်း The Malta Independent တွင် ဖော်ပြထားသည်။

ဤသည်မှာ ဥပမာတစ်ခုမျှသာဖြစ်သည်။ ရုရှား၊ အစ္စရေး၊ တရုတ်တို့တွင် ဆိုက်ဘာစစ်အတွက် ပြင်ဆင်မှု များစွာ ရှိနေသည်။တိုတောင်းလှသောအချိန်အတွင်းမှာပင် နည်းပညာက အံ့မခန်း တိုးတက်လာခဲ့ သည်။ နည်းပညာအားဖြင့် လူပုဂ္ဂိုလ်တို့၏ ကိုယ်ရေးအချက်အလက်များ၊ စီးပွားရေးကုမ္ပဏီကြီးများ၏ အစီအမံများ၊ အစိုးရတို့၏ လျှို့ဝှက်ချက်များကို အဝေးမှရယူရန် ကြိုးစားလာကြသည်။

ကမ္ဘာအနှံ့ ပျံ့နှံ့လာနေသည့် ထိုဆိုက်ဘာစစ်သည် အစိုးရများ၊ ကုမ္ပဏီများအကြား လျှို့ဝှက်ချက် ရယူနိုင်ရေးကို အဓိကထားလာကြသည်။ ထိုမှ စီးပွားရေး၊ နိုင်ငံရေး လွှမ်းမိုးမှုကို တည်ဆောက်နို င်သောကြောင့် ဖြစ်သည်။

လတ်တလော ဆိုက်ဘာစစ်ခင်းနေသည့်အထဲတွင် တရုတ်၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ၊ အိန္ဒိယ၊ သြစတြေးလျ၊ ရုရှား အစရှိသည့် နည်းပညာထွန်းကားသောနိုင်ငံများ အဓိက ပါဝင်နေသည်။ ယခင်ကာလများကဲ့သို့ နိုင်ငံအလိုက် စစ်ခင်းကြရာတွင် နယ်နိမိတ်တိတိကျကျ ကန့်သတ်ပါဝင်ကြခြင်း မဟုတ်တော့ဘဲ နိုင်ငံတကာ စီးပွားရေး ဆက်နွယ်ဖြန့်ကြက်နေသဖြင့် ဘောင်ခတ်ရန်ခက်ခဲနေသည်။ အခြား နိုင်ငံမှ ကုမ္ပဏီကို ယုံကြည်မှုမရှိသဖြင့် မိမိနိုင်ငံတွင်း အ၀င်မခံ၍လည်း မရပါ။

နိုင်ငံတကာ စီးပွားကုန်သွယ်မှု သဘောတူညီချက်များက ရှိနေသောကြောင့်ဖြစ်သည်။ ဈေးကွက် စီးပွားရေးမူ များကို လက်ခံထားနေရသောကြောင့်လည်းဖြစ်သည်။ကိုယ်တွင်းဝင်လာသော ရောဂါပိုးကို ခုခံကာကွယ်ရန် ကိုယ်ခံအားမြှင့်ရေး ကြိုးပမ်းကြတော့သည်။ ၎င်းမှာ ဆိုက်ဘာလုံခြုံရေး လုပ်ဆောင်မှု များပင်ဖြစ်သည်။

နိုင်ငံတကာအား တံခါးဖွင့်ပေးသော မြန်မာနိုင်ငံ၏ ဈေးကွက်ကို မကြာသေးမီက ၀င်ရောက်လာသော ဆက်သွယ်ရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုတွင် တင်ဒါရရှိထားသော နော်ဝေးကုမ္ပဏီ Telenor နှင့် အတူ မြန်မာ ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုတို့က ဆက်သွယ်ရေးဆိုင်ရာ လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့် Huawei တရုတ်ကုမ္ပဏီကို ပစ္စည်းတင်သွင်းခွင့်ပေးရန် သြဂုတ်လဆန်းက ရွေးချယ်လိုက်သည်။

ထို Huawei ကုမ္ပဏီသည် တရုတ်နိုင်ငံအစိုးရ၏ ဆိုက်ဘာစစ်တွင် ပါရှိနေသည်ဟု အနောက်နိုင်ငံများ အကြား သံသယရှိနေကြသည်။

Huawei သည် ၂၀၁၂ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီတစ်ခု အဖြစ် နိုင်ငံ တကာကို ထိုးဖောက်လာသည်။ စတင်တည်ထောင်သူမှာ တရုတ်စစ်တပ်မှ အရာရှိဟောင်း တစ်ဦးဖြစ်သူ Ren Zhengfei ဖြစ်ပြီး ပုဂ္ဂလိကကုမ္ပဏီအဖြစ် ၁၉၈၈ ခုနှစ်တွင် စတင် ထူထောင်ခဲ့သည်။

ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ပေးခြင်း၊ ဆက်သွယ်ရေးဆိုင်ရာ စက်ပစ္စည်းနှင့် ၀န်ဆောင် မှုပေးခြင်း တို့ကို ပြုလုပ်သည်။ စတင်တည်ထောင်ချိန်ကတည်းကပင် တရုတ်ပြည်တွင်းနှင့် ပြည်ပကို ၀န်ဆောင်မှုပေးခဲ့သည်။ ဆက်သွယ်ရေးကိရိယာများကို ထုတ်လုပ်ရောင်းချခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် Huawei ကုမ္ပဏီသည် နိုင်ငံပေါင်း ၁၄၀ ကျော်တွင် ၎င်းတို့၏ပစ္စည်းနှင့် ၀န်ဆောင်မှုများပေးနိုင်ခဲ့ပြီး အမြတ်ငွေဒေါ်လာ သန်းသုံးထောင့်ခုနစ်ရာရှိခဲ့သည်။

တရုတ်အစိုးရနှင့် ဆက်နွှယ်နေခြင်း၊ ထူထောင်သူက တရုတ်စစ်ရေး အင်ဂျင်နီယာဖြစ်နေခြင်းတို့ကြောင့် အနောက်နိုင်ငံများက နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်ပြီး Huawei နှင့် မဆက်ဆံလို ကြပေ။ နိုင် ငံတော် လုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်နိုင်သည်ဟုပင် အမေရိကန်ထောက် လှမ်းရေးကော် မတီက ၂၀၁၂ ခုနှစ် အောက်တိုဘာလက အစီရင်ခံ စာထုတ်ပြန်ခဲ့သည်။

Huawei နှင့်အတူ အခြားတရုတ်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ZTE Inc. ကိုလည်း အမည်နှင့် တကွ ဖော်ပြခဲ့သည်။တရုတ်အစိုးရနှင့် ပတ်သက်နေသည့် အဆိုပါကုမ္ပဏီကြီးနှစ်ခုက အမေရိကန် ကုမ္ပဏီများ၏ နည်းပညာ အချက်အလက်များကို ခိုးယူပြီး အမေရိကန်နိုင်ငံသားများကိုလည်း သူလျှိုလုပ်ထောက် လှမ်းနေနိုင်သည်ဟု စွပ်စွဲထားသည်။ Huawei ကတော့ အခြေအမြစ်မရှိသည့် စွပ်စွဲချက်ဟုသာ တုံ့ပြန်ခဲ့သည်။

Huawei က ထုတ်လုပ်သော ပစ္စည်းများကို ကြိုးမဲ့ဆက်သွယ်ရေးတွင် အသုံးပြုပြီး တရုတ်အစိုးရက ထိုကုမ္ပဏီကို ငွေကြေးအထောက်အပံ့ များစွာပေးထားသည်ဟု အမေရိကန်အစီရင်ခံစာက ဆိုသည်။ အမေရိကန်နိုင်ငံတွင် တရုတ်အစိုးရထောက်ပံ့ထားသည့် ကုမ္ပဏီများကို လုပ်ပိုင်ခွင့်ပေးခြင်းသည် အမေရိကန်နိုင်ငံ၏ ဆက်သွယ်မှုများကို ကြားဖြတ် ဖမ်းယူနိုင်ခွင့်ပေးထားပြီး ဆိုက်ဘာတိုက်ခိုက်မှု များကို ခွင့်ပြုထားသလို အရေးပါသည့် အဆောက်အအုံများဖြစ်သည့် ဥပမာ ရေကာတာ၊ ပင်မလျှပ်စစ် ဓာတ်အားပေးရုံ စသည်တို့ကို တိုက်ခိုက်နိုင်သည့် အခြေအနေကို ဖန်တီးပေးထားသည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလတွင်းတွင် အမေရိကန်ရေတပ်လေ့ကျင့်ရေးစခန်းရှိရာ အော်ရေဂွန်ပြည်နယ် အနီးရှိ လေအားသုံး လျှပ်စစ်ထုတ်လုပ်သည့် စီမံချက်တွင် ရင်းနှီးမြှုပ်နှံထားသော တရုတ်ကုမ္ပဏီ တစ်ခုကို ထိုရင်းနှီးမြှုပ်နှံမှုမှ စွန့်ခွာရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မတီမှတစ်ဆင့် သမ္မတအိုဘားမားက အမိန့်ထုတ်ခဲ့သည်။

ထိုရေတပ်စခန်းတွင် မောင်းသူမဲ့လေယာဉ် လေ့ကျင့်မှုများ ရှိနေသည်။ အမေရိကန်သမ္မတက ယခုကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် ၀င်ရောက်ပိတ်ဆို့မှုသည် နှစ်ပေါင်း၂၂ နှစ် တွင် ပထမဆုံး အကြိမ်ပင်ဖြစ်သည်။

ကုမ္ပဏီတစ်ခုကို ပစ်မှတ်ထားပိတ်ဆို့ခြင်းမဟုတ်ဘဲ အေ ရိကန်၏ ဆက်သွယ်ရေးနှင့် အဓိကကျသော အဆောက်အအုံကို ကာကွယ်ရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်က ဆိုသည်။ သို့သော်လည်း Huawei ၏ ၀န်ထမ်းဟောင်းတစ်ဦးမှရရှိသည့် ရုံးတွင်းစာများအရ Huawei သည် တရုတ်စစ်တပ်တွင်းရှိ ဆိုက်ဘာစစ်ရေးဌာနအတွက် ၀န်ဆောင်မှုများပေးနေကြောင်းကို အမေရိ ကန်ထောက်လှမ်းရေး ကော်မတီက ထုတ်ဖော်ပြောဆိုသည်။

Huawei ကုမ္ပဏီသည် အလုပ်သမားအခွင့်အရေး၊ လာဘ်စားမှု၊ မူပိုင်ခွင့်ချိုးဖောက်မှု စသည့်အချက် များကို ကျူးလွန်ခဲ့ကြောင်းလည်း Huawei ကုမ္ပဏီ၏ လက်ရှိနှင့် ယခင်ဝန်ထမ်းများက စုံစမ်းရေးကော်မတီကို ပြောဆိုခဲ့ကြသည်။

ငွေကြေးဆိုင်ရာ ထုတ်ဖော်ကြေညာရမည်ဆိုသော ကန့်သတ်ချက်ရှိသည့် ဟောင်ကောင်နှင့် အမေရိကန် တို့တွင် Huawei ကုမ္ပဏီက ၎င်းတို့၏ ရှယ်ယာများကို ရောင်းချခြင်းမပြုပေ။ ကုမ္ပဏီ၏ ရှယ်ယာပိုင်ဆိုင်မှုများ ကိုလည်း တရားဝင်ဖော်ပြခြင်း မရှိပါ။ ထိုအချက်ကပင် တရုတ်အစိုးရက နောက် ကွယ် မှ အပြည့်အ၀ပံ့ပိုးနေသည်ဆိုသောသံသယ ပို၍ ခိုင်မာလာစေသည်။

အမေရိကန်ဈေးကွက်တွင် အပိတ်ပင်ခံထားရသော်လည်း တရုတ်ကုမ္ပဏီ Huawei သည် ဥရောပကို ထိုးဖောက်ဝင်ရောက်လာနေသည်။ ၂၀၀၄ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ဥရောပမှ ဟော်လန် ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆို ရင်းနှီးမြှုပ်နှံနိုင်ခဲ့ပြီးသည့် နောက် ၂၀၁၀ မှာပင် ထိပ်တန်း ကမ္ဘာ့ဆက်သွယ်ရေး ကုမ္ပဏီကြီး ၅၀ အနက် ၄၅ ခုအတွက် Huawei က ၀န်ဆောင်မှုပေးနေပြီး အမေရိကန်ထုတ် Fortune မဂ္ဂဇင်းတွင်လည်း ကမ္ဘာ့ထိပ်တန်းအမြတ်အစွန်းရ အောင်မြင်သည့် ကုမ္ပဏီ ၅၀၀ စာရင်းတွင် ပထမဆုံး အကြိမ် ပါဝင်ခဲ့သည်။

ထိုသို့ ကမ္ဘာ့ဆိုက်ဘာဈေးကွက်ကို ဖြန့်ကြက်နိုင်လာသော Huawei မှ ထုတ်လုပ်သည့် စက်ကိရိယာ သည် ပြင်ပမှ ဆိုက်ဘာကွန်ရက်တွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်အောင် ပုံစံချ ထုတ်လုပ်ထားသည်ဟု အမေရိကန်က ဆိုသည်။

Huawei ကမူ ၎င်းတို့၏ ထုတ်ကုန်များသည် ဆိုက်ဘာလုံခြုံမှုအပြည့်အ၀ရှိကြောင်း တုံ့ပြန်ခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့် ယင်းတို့၏ စီးပွားရေးလုပ်ငန်းကို စစ်ဆေးနိုင်ကြောင်း၊ စွပ်စွဲချက်များမှာ အခြေအမြစ်မရှိ ကြောင်း Huawei က ၂၀၁၁ ခုနှစ်တွင် စာရေးသားပေးပို့ခဲ့သည်။

အလားတူ အိန္ဒိယ ဆဲလ်လူလာဖုန်းဝန်ဆောင်မှုပေးနေသည့် Bharat Sanchar Nigam Limited (BSNL)ကလည်း ၂၀၀၅ ခုနှစ်က Huawei ၏ ကုန်ပစ္စည်းများကို လုံခြုံရေးဆိုင်ရာသံသယဖြင့် ပိတ်ပင်ခဲ့ သည်။ ၂၀၁၀ တွင်မူ အိန္ဒိယ ဗဟိုစုံစမ်းထောက်လှမ်းရေးက Huawei နှင့်ပတ်သက်သော စာချုပ်နှင့် ဆက်သွယ်မှုအားလုံးကို ဖျက်သိမ်းရန် တိုက်တွန်းလာသည်။ နောက်ပိုင်းတွင် နိုင်ငံတကာလုံခြုံရေးအေ ဂျင်စီများ ဖြစ်သည့် ကနေဒါမှ Electronic Warfare Associates, အမေရိ ကန်အခြေစိုက် Infoguard နှင့် အစ္စရေးက ALTAL လုံခြုံရေးအကျိုးဆောင်တို့က စစ်ဆေးပြီး လုံခြုံစိတ်ချ ရကြောင်း ထောက်ခံမှ သာလျှင် အိန္ဒိယကို တင်သွင်းခွင့်ပြုရန် ဆုံးဖြတ်ခဲ့သည်။

နိုင်ငံတကာသံသယများ တိုးမြှင့်လာချိန်တွင် Huawei သည် အီရန်နိုင်ငံကို စောင့်ကြည့်ရေး နည်းပညာနှင့် အတူ ဆက်သွယ်ရေးကိရိယာများကို အဓိကပံ့ပိုးပေးနေခဲ့ကြောင်း ၂၀၁၁ ခုနှစ်က ဝေါစထရိ ဂျာနယ်က ဖွင့်ချစွပ်စွဲခဲ့ပြန်သည်။ သက်သေပြနိုင်ခြင်းတော့ မရှိခဲ့ပေ။ အာဖဂန်နစ္စတန်တွင် တာလီဘန်များအတွက် ဆက်သွယ်ရေးကိရိယာများ လုပ်ဆောင်ပေးခဲ့ကြောင်း အိန္ဒိယက ၂၀၀၁ ခုနှစ်က စွပ်စွဲခဲ့ဖူးသော်လည်း ထိုအချက်ကိုလည်း သက်သေပြနိုင်ခြင်းမရှိခဲ့ပေ။

၂၀၁၂ ခုနှစ် မတ်လတွင်မူ သြစတြေးလျအစိုးရပိုင် NBN ကုမ္ပဏီက နိုင်ငံအနှံ့ ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရေးအတွက် တင်ဒါခေါ်ယူခဲ့ရာတွင် Huawei ကုမ္ပဏီကို လေလံဆွဲခွင့်မပေးခဲ့ပါ။ ၎င်းမှာလည်း သြစတြေးလျလုံခြုံမှုထောက်လှမ်းရေးအဖွဲ့၏ အကြံပြုချက်ကြောင့်ဖြစ်သည်ဟု ဆိုသည်။

ထို့နောက် လေးလအကြာ ဇူလိုင်လတွင် ကွန်ပျူတာလုံခြုံရေးကုမ္ပဏီဖြစ်သည့် Recruity Labs မှ ကျွမ်းကျင်သူများဖြစ်ကြသည့် Felix Lindner နှင့် Gregor Kopf တို့က Huawei ၏ ဆက်သွယ်ရေးစက်ပစ္စည်းများ လုံခြုံစိတ်ချရမှုမရှိဘဲ ဖောက်ထွင်းရလွယ်ကူကြောင်းနှင့် အဝေးမှ ထိုးဖောက် ထိန်းချုပ်နိုင်ကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ထုတ်ဖော်ပြောဆိုလိုက်သည်။ ဆိုက်ဘာစစ်ကတော့ ခရီးဆက်နေဦးမည်ဖြစ်သည်။

အမေရိကန်နှင့် ဥရောပ၊ အာရှနိုင်ငံ အတော်များများက အစိုးရရုံးများ၊ ပုဂ္ဂလိကသတင်းမီဒီယာများ၊ အထင်ကရ နိုင်ငံရေးသမားများကို တရုတ်နိုင်ငံတွင် အခြေပြုထားသည့် ကွန်ပျူတာများမှ ဆိုက်ဘာထိုးဖောက်တိုက်ခိုက်မှုများရှိနေကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုမှုများ ရှိနေသည်။ စစ်အင်အား၊ လက်နက်အင်အား၊ လူအင်အားတို့ဖြင့် ထင်ထင်မြင်မြင် တိုက်ပွဲဆင်နွှဲခဲ့ကြသည့်ခေတ်ကို လွန်မြောက်လာချိန်တွင် ရှုပ်ထွေးသော ဆိုက်ဘာနည်းပညာများဖြင့် နိုင်ငံတကာတိုက်ပွဲများ စတင်နေပြီဟု ဆိုရပေမည်။

နိုင်ငံတကာ ဆိုက်ဘာစစ်တွင် ပါဝင်နေသော Huawei ကုမ္ပဏီ ခြေကုပ်ယူလာနေသည့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကွန်ရက်တွင် နိုင်ငံတော်လုံခြုံရေး၊ ပြည်တွင်းနှင့် နိုင်ငံတကာစီးပွားရေးကုမ္ပဏီများ၏ ဆက်သွယ်မှုလုံခြုံရေး၊ လူပုဂ္ဂိုလ်များ၏ ကိုယ်ပိုင်အချက်အလက်များ လုံခြုံရေးအတွက် မည်မျှကာကွယ်ပေးနိုင်မည်ကိုတော့ မသိရသေးပါ။ လွှတ်တော်တွင် ဆွေးနွေးနေသည်ဟုတော့ သိရသည်။

“လွှတ်တော်က ဆက်သွယ်ရေးဥပဒေကို ဆွေးနွေးနေပါတယ်။ လုံခြုံရေးအတွက် ကျွန်တော်တို့ တတ်နိုင်သလောက် ကာကွယ်သွားရမယ်။ တကယ်လို့ ကုမ္ပဏီတွေက ကျွန်တော်တို့နိုင်ငံရဲ့ လုံခြုံရေး အတွက် ခြိမ်းခြောက်လာရင်တော့ အဲဒီလိုယုံကြည်လို့ မရတဲ့ ကုမ္ပဏီတွေနဲ့ အလုပ်လုပ်ဖို့ မဖြစ်ပါဘူး။ ဒါကို ဆန့်ကျင်ရပါလိမ့်မယ်”ဟု လွှတ်တော်အမတ် ဦးမြင့်သိန်းက ပြောဆိုကြောင်း Asian News Network က သြဂုတ် ၁၄ ရက်၌ ဖော်ပြခဲ့သည်။

ကြီးမားလှသည့် အမေရိကန်ဈေးကွက်ကို ထိုးဖောက်၍မရသည့်အဆုံး ကျန်နိုင်ငံတကာဈေးကွက်ကို ပိုမိုအာရုံထားလာသော Huawei က Apple's iPhone and Samsung's Galaxy S4 တို့ကို အပြိုင်တိုက် မည့် Ascend P6 ကို ထုတ်မည်ဟု ကြေညာလိုက်သည်။ ဆိုက်ဘာလုံခြုံရေးကို ဦးစားပေးကြသော အနောက်ဈေးကွက်မှ ဆုတ်ခွာလာရသည့် Huawei သည် မြန်မာအပါအ၀င် အာရှနှင့် ကမ္ဘာ့တခြားနိုင်ငံ များတွင်မူ ၎င်း၏ ဈေးချိုသည့် ထုတ်ကုန်များအတွက် ကော်ဇောနီခင်း ကြိုဆိုနေဦးမည်သာ ဖြစ်ပေသည်။

7Day News Journal

No comments:

Post a Comment