Thursday 22 August 2013

၅၀၀၀ တန် ငွေစက္ကူအတုအမှုတွင် ပါဝင်သူများကို စွဲချက်တင်

Photo: ၅၀၀၀ တန် ငွေစက္ကူအတုအမှုတွင် ပါဝင်သူများကို စွဲချက်တင်
Thursday, 22 August 2013

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရှင်းရှန်းဟိုတယ်တွင် ယခုနှစ်ဧပြီလ
 နောက်ဆုံးပတ်အတွင်းက ဖမ်းဆီးမိခဲ့သော ၅၀၀၀ တန် ငွေစက္ကူအတု သိန်း ၂၇၀ ကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသားနှစ်ဦးနှင့် တရုတ်နိုင်ငံသားနှစ်ဦးကို မြစ်ကြီးနား ခရိုင်တရားရုံးက စွဲချက်တင်
လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံသား တရားခံနှစ်ဦး၏ အကျိုးဆောင်
ရှေ့နေဖြစ်သူ ကချင်ရှေ့နေများအဖွဲ့ (Kachin Lawyers Group) ဥက္ကဋ္ဌ ဦးမုန်ဆိုင်းတူးက The Voice သို့ ပြောကြားသည်။

ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသော ဦးအောင်ကျော်လှိုင်၊ ဒေါ်ဘောမ်
ဆွမ်၊ ကျောင်ကျားရှုတ်နှင့် ရန်ဟုန်စိမ်းတို့လေးဦးကို ပုဒ်မ ၄၈၉ (ဂ) ဖြင့် သြဂုတ်လ ပထမပတ်တွင် စွဲချက်တင်ခဲ့ခြင်းဖြစ်ပြီး တရားခံများမှာ ၂၀၁၃ ခုနှစ် မေလမှ စတင်ကာ အမှုရင်ဆိုင်ခဲ့ရကြောင်း၊ တရားခံများအနေဖြင့် တရားရုံးတွင် ပြန်လည် ထုချေနေသည်မှာ ရုံးချိန်းနှစ်ချိန်းရှိပြီ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသား တရားခံနှစ်ဦးအနက်မှ ကျောင်ကျားရှုတ်ဆိုသူမှာ တရားရုံးတွင် ထွက်ဆိုဝန်ခံချက် တစ်ဝက်ပေးထားပြီး ဖြစ်ကြောင်း ရှေ့နေ ဦးမုန်ဆိုင်းတူးက ပြောဆိုသည်။

“ဒီနေ့က မြန်မာနိုင်ငံသား တရားခံနှစ်ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ စွဲထားတဲ့ ရုံးချိန်းကို လာတာပါ။ တရားလိုပြ သက်သေတွေမလာလို့ ဒီအတိုင်းပြန်ခဲ့ရတယ်။ အခုချိန်မှာတော့ အမှုနဲ့ပတ်သက်ပြီး စီရင်ချက်ကိုကျော်ပြီး ဘာမှပြောလို့ မရသေးပါဘူး” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံသား တရားခံနှစ်ဦးဖြစ်သူ ဦးအောင်ကျော်လှိုင်နှင့် ဒေါ်ဘော
မဆွမ်တို့နှစ်ဦးဖက်မှ တရားခံပြသက်သေ ၇ ဦးခန့် ထွက်ဆိုချက်ပေး
သွားမည် ဖြစ်ကြောင်း တရားခံနှစ်ဦး၏ အကျိုးဆောင်ရှေ့နေက
 ဖြည့်စွက် ပြောကြားသည်။

အဆိုပါ ၅၀၀၀ တန်အမှုတွင် ယင်းတရားခံ ၄ ဦးနှင့်အတူ ကေအိုင်အို အဖွဲ့အစည်းမှ အုပ်ချုပ်ရေး အရာရှိတစ်ဦးနှင့် ကေအိုင်အို နိုင်ငံခြားရေးဌာနမှ အရာရှိတစ်ဦးတို့လည်း ပါဝင်ပတ်သက်ခဲ့ပြီး ၎င်းတို့နှစ်ဦးကို ကေအိုင်အို တရားစီရင်ရေး ဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည့် အကြောင်း
 ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ငြိမ်းချမ်းရေး ဆွေးနွေး
ပွဲအတွက် မြစ်ကြီးနားမြို့သို့ ရောက်ရှိစဉ်က ပြောကြားခဲ့သည်။

The Voice Weekly
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရှင်းရှန်းဟိုတယ်တွင် ယခုနှစ်ဧပြီလ နောက်ဆုံးပတ်အတွင်းက ဖမ်းဆီးမိခဲ့သော ၅၀၀၀ တန် ငွေစက္ကူအတု သိန်း ၂၇၀ ကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသားနှစ်ဦးနှင့် တရုတ်နိုင်ငံသားနှစ်ဦးကို မြစ်ကြီးနား ခရိုင်တရားရုံးက စွဲချက်တင်လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံသား တရားခံနှစ်ဦး၏ အကျိုးဆောင်ရှေ့နေဖြစ်သူ ကချင်ရှေ့နေများအဖွဲ့ (Kachin Lawyers Group) ဥက္ကဋ္ဌ ဦးမုန်ဆိုင်းတူးက The Voice သို့ ပြောကြားသည်။

ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသော ဦးအောင်ကျော်လှိုင်၊ ဒေါ်ဘောမ်ဆွမ်၊ ကျောင်ကျားရှုတ်နှင့် ရန်ဟုန်စိမ်းတို့လေးဦးကို ပုဒ်မ ၄၈၉ (ဂ) ဖြင့် သြဂုတ်လ ပထမပတ်တွင် စွဲချက်တင်ခဲ့ခြင်းဖြစ်ပြီး တရားခံများမှာ ၂၀၁၃ ခုနှစ် မေလမှ စတင်ကာ အမှုရင်ဆိုင်ခဲ့ရကြောင်း၊ တရားခံများအနေဖြင့် တရားရုံးတွင် ပြန်လည် ထုချေနေသည်မှာ ရုံးချိန်းနှစ်ချိန်းရှိပြီ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသား တရားခံနှစ်ဦးအနက်မှ ကျောင်ကျားရှုတ်ဆိုသူမှာ တရားရုံးတွင် ထွက်ဆိုဝန်ခံချက် တစ်ဝက်ပေးထားပြီး ဖြစ်ကြောင်း ရှေ့နေ ဦးမုန်ဆိုင်းတူးက ပြောဆိုသည်။

“ဒီနေ့က မြန်မာနိုင်ငံသား တရားခံနှစ်ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ စွဲထားတဲ့ ရုံးချိန်းကို လာတာပါ။ တရားလိုပြ သက်သေတွေ မလာလို့ ဒီအတိုင်းပြန်ခဲ့ရတယ်။ အခုချိန်မှာတော့ အမှုနဲ့ပတ်သက်ပြီး စီရင်ချက်ကိုကျော်ပြီး ဘာမှပြောလို့ မရသေးပါဘူး” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံသား တရားခံနှစ်ဦးဖြစ်သူ ဦးအောင်ကျော်လှိုင်နှင့် ဒေါ်ဘောမဆွမ်တို့နှစ်ဦးဖက်မှ တရားခံပြသက်သေ ၇ ဦးခန့် ထွက်ဆိုချက်ပေးသွားမည် ဖြစ်ကြောင်း တရားခံနှစ်ဦး၏ အကျိုးဆောင်ရှေ့နေကဖြည့်စွက် ပြောကြားသည်။

အဆိုပါ ၅၀၀၀ တန်အမှုတွင် ယင်းတရားခံ ၄ ဦးနှင့်အတူ ကေအိုင်အို အဖွဲ့အစည်းမှ အုပ်ချုပ်ရေး အရာရှိတစ်ဦးနှင့် ကေအိုင်အို နိုင်ငံခြားရေးဌာနမှ အရာရှိတစ်ဦးတို့လည်း ပါဝင်ပတ်သက်ခဲ့ပြီး ၎င်းတို့နှစ်ဦးကို ကေအိုင်အို တရားစီရင်ရေး ဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည့် အကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် မြစ်ကြီးနားမြို့သို့ ရောက်ရှိစဉ်က ပြောကြားခဲ့သည်။
The Voice Weekly

No comments:

Post a Comment