Thursday 22 August 2013

အာဆီယံ ယူ ၁၆ ဘောလုံးပွဲ မြဝတီ အခပေး ရုပ်သံတွင် ပြသမည်

အာဆီယံ ယူ ၁၆ ဘောလုံးပြိုင်ပွဲ၏ မြန်မာအသင်း ပွဲစဉ်များကို မူလက မြဝတီ အခမဲ့ ရုပ်သံလိုင်းမှ ပြသရန် စီစဉ်ထားသော်လည်း လက်ရှိ ပြသနေသည့် ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲများနှင့် အချိန် တိုက်ဆိုင်လျက် ရှိသောကြောင့် ပြသနိုင်ခြင်း မရှိဘဲ မြဝတီအခပေး ရုပ်သံလိုင်းတွင်သာ ပြသမည် ဖြစ်ကြောင်း မြဝတီ ရုပ်သံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည့် အာဆီယံ ယူ ၁၆ အမျိုးသား ဘောလုံးပြိုင်ပွဲ အဖွင့် ပွဲစဉ်တွင် ရှုံးနိမ့်ခဲ့သော မြန်မာအသင်း သည် အုပ်စု ဒုတိယမြောက်ပွဲစဉ်အဖြစ် အာရှဘောလုံး အင်အား ကြီး သြစတြေးလျ အသင်းနှင့် သြဂုတ်လ ၂၂ ရက်နေ့တွင် ပွဲကြပ် တစ်ပွဲ ထပ်မံ ယှဉ်ပြိုင် ရမည် ဖြစ်သည်။

အုပ်စု (က) ၏ အုပ်စုပတ်လည် အဖွင့်ပွဲစဉ်အဖြစ် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ သြစတြေးလျ အသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ သြစတြေးလျ အသင်းက လေးဂိုးပြတ် အနိုင်ရခဲ့ပြီး ဒုတိယ ပွဲစဉ်အဖြစ် အိမ်ရှင် မြန်မာနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ မြန်မာ အသင်းမှာလည်း လေး ဂိုးပြတ် ရှုံးနိမ့်ခဲ့သည်။

အဖွင့် ပွဲစဉ်တွင် ရှုံးနိမ့်ခဲ့သည့် မြန်မာအသင်း အနေနှင့် အုပ်စု ဒုတိယပွဲစဉ် အဖြစ် သြစတြေးလျ အသင်းနှင့် ကစားရမည်ဖြစ်ရာ နောက်တစ်ဆင့် တက်ရေး အနိမ့်ဆုံး သရေ ကစားနိုင်ရန် လိုအပ်လျက် ရှိသည်။ လက်ရှိတွင် အုပ်စု(က) ၏ အမှတ်အများဆုံး အသင်းများအဖြစ် သြစတြေးလျ နှင့် ဗီယက်နမ် အသင်းတို့က တစ်ပွဲကစားတစ်ပွဲနိုင်၊ သုံးမှတ်နှင့်အတူ ဂိုးကွာခြားချက်မရှိ ပွဲအမှတ်ပေးဇယား ဦးဆောင်ထားသည်။

မြန်မာအသင်း ပါဝင်သည့် အုပ်စု (က) တွင် သြစတြေးလျ၊ ဗီယက်နမ်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား အသင်းတို့ ပါဝင်ပြီး အုပ်စု(ခ)တွင် စင်ကာပူ၊ လာအို၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
The Voice Weekly

No comments:

Post a Comment