Thursday 22 August 2013

မန်ယူက ဘရာဇီးလ်လူငယ်ကစားသမားတစ်ဦးကို စာချုပ်ခေါ်ယူမည်

Photo: မန်ယူက ဘရာဇီးလ်လူငယ်ကစားသမားတစ်ဦးကို စာချုပ်ခေါ်ယူမည်
Thursday, August 22, 2013

မန်ချက်စတာ စီးတီးအသင်းက ပညာသင်ဆု စကောလားရှစ်တစ်ရပ်
ပေးအပ်ခဲ့သော်လည်း ဘရာဇီးလ် လူငယ် ကစားသမားလေး ဂါဘရီရယ်လ် ဖာနန်ဒိုက ၎င်းသည် မန်ချက်စတာ ယူနိုက်တက်သို့သာ သွားရောက်
မည်ဟု ပြောကြားလိုက်သည်။ အသက်(၁၆)နှစ်ရှိ ဖာနန်ဒိုသည် (၂၀၁၂)ခုနှစ်၊ မတ်လက ပေါ်တူဂီကလပ် စပို့တင်း လစ္စဘွန်း၏ လူငယ်အကယ်ဒမီမှ စီးတီးသို့ ကူးပြောင်းလာခဲ့သည်။ ၎င်းသည် စီးတီး၏ လူငယ် အကယ်ဒမီတွင် စိတ်လှုပ်ရှားလောက်စရာ လူငယ် ပါရမီရှင် ကွင်းလယ် တိုက်စစ်သမားလေး အဖြစ်နှင့် အောင်မြင်လာခဲ့သည်။

စီးတီးသည် ဖာနန်ဒိုကို အသင်းတွင် ဆက်လက် ထိန်းသိမ်းထားရန် ဆန္ဒရှိနေပြီး ၎င်းအတွက် ပညာသင်ဆု စကောလားရှစ်တစ်ရပ် ထောက်
ပံ့သွားရန် စီစဉ်ခဲ့သော်လည်း ဖာနန်ဒို ကိုယ်တိုင်ကမူ မန်ချက်စတာ မြို့ခံပြိုင်ဘက် ယူနိုက်တက်နှင့် ချိတ်ဆက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ Daily Mailက ဖာနန်ဒိုသည် ပြီးခဲ့သည့် သီတင်းပတ်က စတင်ကာ ယူနိုက်တက် လူငယ်အသင်းနှင့်အတူ လေ့ကျင့်နေပြီဟု ယုံကြည်
ရကြောင်း ဖော်ပြခဲ့သည်။ ပရိသတ်များက အင်္ဂလန် ချန်ပီယံ အသင်းသို့ ကူးပြောင်းမှုတွင် ဖာနန်ဒို အနေဖြင့် စီးတီး၏ ထုတ်ပယ်ခြင်း ခံရခြင်းဖြစ်စေ၊ ကိုယ်တိုင်က စီးတီး၏ ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့ခြင်းဖြစ်စေ တိတိကျကျ
ဖြေဆိုစေလိုကြောင်း Twitterတွင် မေးမြန်းရာ ဖာနန်ဒိုက "ကျွန်တော်
ငြင်းခဲ့တာပါ"ဟု တုံ့ပြန်ခဲ့သည်။

ယူနိုက်တက်သည် မကြာမီ ဖာနန်ဒိုကို လူငယ်အသင်းအတွက် စာချုပ်ကမ်း
လှမ်းဖွယ် ရှိနေပြီး ယင်းသည် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ်လက်ထက် ပထမဆုံး လူငယ်ကစားသမား ခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်လာနိုင်ကြောင်း သိရသည်။ ပေါ်တူဂီ ပတ်စ်ပို့တ် ကိုင်ဆောင်ထားသည့် ဘရာဇီးလ် လူငယ်လေးက (၁၅)လကြာ လေ့ကျင့်ခဲ့ပြီးနောက် စီးတီးကို စွန့်ခွာတော့
မည်ဟု ယခုလလယ်က ဝန်ခံ ပြောကြားခဲ့သည်။ အမည်ရင်း ဂါဘရီရယ်လ် ဖာနန်ဒို မိုရာရက်စ် ကာဆာရက်စ်ဒီ အယ်လ်မိုင်ဒါဖြစ်သော ဖာနန်ဒိုက "စီးတီး ပရိသတ်တွေရော၊ အသင်းရဲ့ တာဝန်ရှိ ဝန်ထမ်းတွေကိုပါ ကျွန်တော့်ကို ပံ့ပိုးပေးခဲ့တာတွေ၊ ကူညီပေးခဲ့တာတွေအတွက် ကျေးဇူး
တင်ကြောင်း ပြောခဲ့ချင်ပါတယ်"ဟု Twitterတွင် ရေးသား အသိပေး
ခဲ့သည်။

Planet Myanmar Network 
 မန်ချက်စတာ စီးတီးအသင်းက ပညာသင်ဆု စကောလားရှစ်တစ်ရပ် ပေးအပ်ခဲ့သော်လည်း ဘရာဇီးလ် လူငယ် ကစားသမားလေး ဂါဘရီရယ်လ် ဖာနန်ဒိုက ၎င်းသည် မန်ချက်စတာ ယူနိုက်တက်သို့သာ
သွားရောက်မည်ဟု ပြောကြားလိုက်သည်။ အသက်(၁၆)နှစ်ရှိ ဖာနန်ဒိုသည် (၂၀၁၂)ခုနှစ်၊ မတ်လက ပေါ်တူဂီကလပ် စပို့တင်း လစ္စဘွန်း၏ လူငယ်အကယ်ဒမီမှ စီးတီးသို့ ကူးပြောင်းလာခဲ့သည်။ ၎င်းသည် စီးတီး၏ လူငယ် အကယ်ဒမီတွင် စိတ်လှုပ်ရှားလောက်စရာ လူငယ် ပါရမီရှင် ကွင်းလယ် တိုက်စစ်သမားလေး အဖြစ်နှင့် အောင်မြင်လာခဲ့သည်။

စီးတီးသည် ဖာနန်ဒိုကို အသင်းတွင် ဆက်လက် ထိန်းသိမ်းထားရန် ဆန္ဒရှိနေပြီး ၎င်းအတွက် ပညာသင်ဆု စကောလားရှစ်တစ်ရပ် ထောက်ပံ့သွားရန် စီစဉ်ခဲ့သော်လည်း ဖာနန်ဒို ကိုယ်တိုင်ကမူ မန်ချက်စတာ မြို့ခံပြိုင်ဘက် ယူနိုက်တက်နှင့် ချိတ်ဆက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ Daily Mailက ဖာနန်ဒိုသည် ပြီးခဲ့သည့် သီတင်းပတ်က စတင်ကာ ယူနိုက်တက် လူငယ်အသင်းနှင့် အတူ လေ့ ကျင့်နေပြီဟု ယုံကြည်ရကြောင်း ဖော်ပြခဲ့သည်။ ပရိသတ်များက အင်္ဂလန်ချန်ပီယံအသင်းသို့ ကူးပြောင်းမှုတွင် ဖာနန်ဒို အနေဖြင့် စီးတီး၏ ထုတ်ပယ်ခြင်း ခံရခြင်းဖြစ်စေ၊ ကိုယ်တိုင်က စီးတီး၏ ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့ခြင်းဖြစ်စေ တိတိကျကျ ဖြေဆိုစေလိုကြောင်း Twitterတွင် မေးမြန်းရာ ဖာနန်ဒိုက "ကျွန်တော် ငြင်းခဲ့တာပါ"ဟု တုံ့ပြန်ခဲ့သည်။

ယူနိုက်တက်သည် မကြာမီ ဖာနန်ဒိုကို လူငယ်အသင်းအတွက် စာချုပ်ကမ်း လှမ်းဖွယ် ရှိနေပြီး ယင်းသည် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ်လက်ထက် ပထမဆုံး လူငယ်ကစားသမား ခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်လာနိုင်ကြောင်း သိရသည်။ ပေါ်တူဂီ ပတ်စ်ပို့တ် ကိုင်ဆောင်ထားသည့် ဘရာဇီးလ် လူငယ်လေးက (၁၅)လကြာ လေ့ကျင့်ခဲ့ပြီးနောက် စီးတီးကို စွန့်ခွာတော့မည်ဟု ယခုလလယ်က ဝန်ခံ ပြောကြားခဲ့သည်။ အမည်ရင်း ဂါဘရီရယ်လ် ဖာနန်ဒို မိုရာရက်စ် ကာဆာရက်စ်ဒီ အယ်လ်မိုင်ဒါဖြစ်သော ဖာနန်ဒိုက "စီးတီး ပရိသတ်တွေရော၊ အသင်းရဲ့ တာဝန်ရှိ ဝန်ထမ်းတွေကိုပါ ကျွန်တော့်ကို ပံ့ပိုးပေးခဲ့တာတွေ၊ ကူညီပေးခဲ့တာတွေအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ချင် ပါတယ်"ဟု Twitterတွင် ရေးသား အသိပေးခဲ့သည်။

Planet Myanmar Network

No comments:

Post a Comment