Thursday 22 August 2013

တရားလွှတ်တော် ချုပ်ရုံးမှ မှားယွင်းစွာ ဆုံးဖြတ် သည်ဟု ယူဆသော အမှုအား ပြည်ထောင်စု အဆင့်သို့ တင်ပြ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ မှားယွင်းစွာဆုံးဖြတ်ခဲ့သည်ဟု ယူဆသော အမှုအား ပြည်ထောင်စု အ ဆင့်ဌာနများသို့ တင်ပြထားခြင်းကို တုံ့ပြန်မှုမရှိပါက ဆက်လက် စုံစမ်း တင်ပြသွား မည်ဖြစ်ကြောင်း အမှု ရင်ဆိုင်ခဲ့သူများက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတရားရုံးချုပ်မှ ချမှတ်လိုက်သော စီရင်ချက်အမိန့်နှင့် ဒီဂရီကိုကျေနပ်မှု မရှိ၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ် (နေပြည်တော်)သို့ အထူးမှုအမှတ် ၂၉၅ ဖြင့် လျှောက်ထားခဲ့ရာ တရားရုံး ချုပ်မှ မူလချမှတ်ခဲ့ခြင်းသည်သာ မှန် ကန်မှုရှိကြောင်း ထပ်မံဆုံးဖြတ်ခဲ့ သဖြင့် နစ်နာရကြောင်း အမှုရင်ဆိုင်သူ ဒေါ် ခင်စိန်ကြည်က ပြောသည်။

''စာချုပ်မှာ လက်မှတ်ရေးထိုးပြီး အမည်ပြောင်းထားတာကို မကြည့်ဘဲ လွဲမှားစွာ အမိန့်ချတယ်လို့ ယူဆပါ တယ်။ သက်ဆိုင်ရာမြေယာဌာနအရာရှိ လက်မှတ်ရေးထိုးပြီး အမည်ပြောင်း ထားတာကို မကြည့်ရှုဘဲ အမိန့်ချထား တယ်ဆိုတာ ထင်ရှားနေပါတယ်''ဟု ၄င်းက ဆိုသည်။

ဒေါပုံမြို့နယ် မြေတိုင်းရပ်ကွက်အမှတ် ၁၃၊ ဇေယျာသီရိရပ်ကွက်၊ မြေကွက်အမှတ် ၂/၃၂၁ ကို ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီ၏ တရားဝင်အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ၄၃၁၉/၉၈ ဖြင့် ချုပ်ဆိုနေထိုင် ခဲ့ခြင်းအပေါ် ပိုင်ဆိုင်လိုသည့် တရား ပြိုင်နှစ်ဦး၏ အမှုကို အထက်ပါအတိုင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယင်းကိစ္စကို နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ/ ကော်မရှင် အပါအဝင် သက်ဆိုင်ရာ ပြည် ထောင်စုအဆင့် ဝန်ကြီးဌာန ၁၁ ခုသို့ တင်ပြထားပြီးဖြစ်ကြောင်း၊ ယင်းတင်ပြမှုများ သည် ပြန်လည်တုံ့ပြန်မှုမရှိပါက သက်ဆိုင်ရာရုံးဌာနနှင့် ကော်မတီ၊ ကော်မရှင်များသို့ ဆက်လက် စုံစမ်းမေး မြန်းသွားမည်ဖြစ်ကြောင်း နစ်နာသူဟု ဆိုသူ ဒေါ်ခင်စိန်ကြည်က ထပ်လောင်း ပြောသည်။

''တုံ့ပြန်မှု ရှိမလာဘူးဆိုရင်တော့ လုပ်သင့်လုပ်ထိုက်တာတွေ ဆက်လုပ် သွားမှာပါ''ဟု ၄င်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ဒေါ်ခင် စိန်ကြည်အပါအဝင် နစ်နာသည် ဟု ပြောကြားသော မိသားစုများမှ သြဂုတ် လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၆ လမ်းရှိ MJN ရုံးခန်းတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အောင်ထက်(NYK)
Popular Myanmar News Journal

No comments:

Post a Comment