Thursday 22 August 2013

မန္တလေးတက္ကသိုလ် အမှတ် သတ်မှတ်ချက် ပြည့်မီသော ကျောင်းသား ဦးရေ ၃၀၀ သာ သင်ကြားမည်

Photo: မန္တလေးတက္ကသိုလ် အမှတ် သတ်မှတ်ချက် ပြည့်မီသော ကျောင်းသား
ဦးရေ ၃၀၀ သာ သင်ကြားမည်
Thursday, August 22, 2013

မန္တလေးတက္ကသိုလ်တွင် ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်
ဝင်တန်း စာမေးပွဲတွင် ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်အလိုက် အမှတ် သတ်မှတ်ချက်
ပြည့်မီသော ကျောင်းသူ၊ ကျောင်းသားဦးရေ ၃၀၀ ခန့်ကိုသာ လက်ခံ သင်ကြားပေးသွားမည် ဖြစ်ကြောင်း မန္တလေးတက္ကသိုလ် ဒုတိယ ပါမောက
္ခချုပ်ထံမှ စုံစမ်းသိရှိရသည်။

ပညာရေး ဝန်ကြီးဌာနက ဝိဇ္ဇာ၊ သိပ္ပံ၊ ဘာသာရပ်အလိုက်၊ ထူးချွန်သော
ကျောင်းသားများ ရွေးချယ်၍ အထူး လေ့ကျင့်ပြုစု ပျိုးထောင်ရေး အစီအစဉ်ဖြင့် လက်ရှိ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စ၍ ဘာသာရပ် တစ်ခုစီတွင် ထူးချွန် ကျောင်းသား ၁၅ ဦးစီ ရွေးချယ်၍ ရန်ကုန် တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်တို့တွင် ပထမနှစ် သင်တန်းမှ စတင် သင်ကြားသွားမည် ဖြစ်ကြောင်း မန္တလေးတက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“တခြား တက္ကသိုလ်တွေနှင့် ခွဲခြားပြီး အမှတ်စာရင်းကို တိုးမြှင့်လိုက်တာ မဟုတ်ဘူး။ ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ် တစ်ခုခုကိုပဲ လေးလေးနက်နက် စူးစိုက် လေ့လာလိုသူတွေအတွက် ရည်ရွယ်တာပါ” ဟု ၎င်းက ဆိုသည်။

တက္ကသိုလ်ဝင် စာမေးပွဲကို ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် နိုင်ငံခြား စာစစ်ဌာန တို့မှ အောင်မြင်သူ
များသည် ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်ရမည်ဖြစ်ပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေ
သကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်မှ အောင်မြင်သူများသည် မန္တလေးတက္ကသိုလ်တွင် တက်ရောက် သင်ကြားရမည် ဖြစ်ကြောင်း အဆိုပါတက္ကသိုလ် တာဝန်ရှိသူထံမှ သိရသည်။

The Voice Weekly
မန္တလေးတက္ကသိုလ်တွင် ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်အလိုက် အမှတ် သတ်မှတ်ချက်ပြည့်မီသော ကျောင်းသူ၊ ကျောင်းသားဦးရေ ၃၀၀ ခန့်ကိုသာ လက်ခံ သင်ကြားပေးသွားမည် ဖြစ်ကြောင်း မန္တလေးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်ထံမှ စုံစမ်းသိရှိရသည်။

ပညာရေး ဝန်ကြီးဌာနက ဝိဇ္ဇာ၊ သိပ္ပံ၊ ဘာသာရပ်အလိုက်၊ ထူးချွန်သော ကျောင်းသားများ ရွေးချယ်၍ အထူး လေ့ကျင့်ပြုစု ပျိုးထောင်ရေး အစီအစဉ်ဖြင့် လက်ရှိ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စ၍ ဘာသာရပ် တစ်ခုစီတွင် ထူးချွန် ကျောင်းသား ၁၅ ဦးစီ ရွေးချယ်၍ ရန်ကုန် တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်တို့တွင် ပထမနှစ် သင်တန်းမှ စတင် သင်ကြားသွားမည် ဖြစ်ကြောင်း မန္တလေးတက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“တခြား တက္ကသိုလ်တွေနှင့် ခွဲခြားပြီး အမှတ်စာရင်းကို တိုးမြှင့်လိုက်တာ မဟုတ်ဘူး။ ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ် တစ်ခုခုကိုပဲ လေးလေးနက်နက် စူးစိုက် လေ့လာလိုသူတွေအတွက် ရည်ရွယ်တာပါ” ဟု ၎င်းက ဆိုသည်။

တက္ကသိုလ်ဝင် စာမေးပွဲကို ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် နိုင်ငံခြား စာစစ်ဌာန တို့မှ အောင်မြင် သူများသည် ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်ရမည်ဖြစ်ပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် မှ အောင်မြင်သူများသည် မန္တလေးတက္ကသိုလ်တွင် တက်ရောက်သင်ကြား ရမည် ဖြစ်ကြောင်း အဆို ပါ တက္ကသိုလ် တာဝန်ရှိသူထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment