Thursday 22 August 2013

အမေရိကန် ရေတပ်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်ရန် တရုတ် စစ်သင်္ဘောများ ထွက်ခွာ

Photo: အမေရိကန် ရေတပ်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်ရန် တရုတ် စစ်သင်္ဘောများ ထွက်ခွာ
Thursday, August 22, 2013

တရုတ်ရေတပ် စစ်သင်္ဘော သုံးစင်းသည်  ဟာဝိုင်အီ ပင်လယ်ပြင်တွင် ရှာဖွေ ကယ်ဆယ်ရေး လေ့ကျင့်ခန်းများကို အမေရိကန် ရေတပ် နှင့်ပူးတွဲ
 လေ့ကျင့်ရန် ကင်ဒါအိုဆိပ်ကမ်းမှ သြဂုတ် ၂ဝရက်ကထွက်ခွာသွားကြောင်း 
အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

တရုတ်စစ် သင်္ဘောများသည် သြစတြေးလျနှင့် နယူးဇီလန် နိုင်ငံများသို့
လည်း အလားတူ စစ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ရန် ဆက်လက် သွားရောက်မည် ဖြစ်ကြောင်း သိရသည်။ တရုတ် ရေတပ်ဒုတိယ ဦးစီးချုပ် Xu Hong-meng က ၎င်းလေ့ကျင့်ရေး ခရီးစဉ်သည် စစ်ရေးဆိုင်ရာ သံတမန်နည်းလမ်း အရ အရေးပါသော စစ်ဆင်ရေးတစ်ရပ် ဖြစ်သည်ဟု သြဂုတ် ၂၁ ရက်တွင်ပြောကြားခဲ့သည်။

တရုတ်စစ် သင်္ဘောများ၏ အမေရိကန်သို့ သွားရောက် လေ့ကျင့်သည့် ခရီးစဉ်သည်  တရုတ် ကာကွယ်ရေး ဝန်ကြီး  ချန်ဝမ်ကွမ်က အမေရိကန် ကာကွယ်ရေး ဝန်ကြီး ချက်ဟေဂယ်လ် နှင့်တွေ့ ဆုံစဉ် နှစ်နိုင်ငံ ယုံကြည်မှု
 မြှင့်တင်ရေးအတွက် စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်
သွားရန်ဆန္ဒ ရှိကြောင်း ပြောဆိုခဲ့ပြီးနောက် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်
ကြောင်း သိရသည်။

ထို့အပြင် တရုတ်ရေတပ်သည် ၂ဝ၁၄ ခုနှစ်တွင် ပြုလုပ်မည် ဖြစ်သည့် Rim of the Pacific ဟုအမည်ရသည့် နိုင်ငံတကာ ရေကြောင်း စစ်ရေးလေ့
ကျင့်ခန်းတွင် ပထမဆုံးအကြိမ် ပါဝင်လေ့ကျင့် သွားမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ
တရုတ်ရေတပ် စစ်သင်္ဘော သုံးစင်းသည် ဟာဝိုင်အီ ပင်လယ်ပြင်တွင် ရှာဖွေ ကယ်ဆယ်ရေး လေ့ ကျင့်ခန်းများကို အမေရိကန် ရေတပ် နှင့်ပူးတွဲလေ့ကျင့်ရန် ကင်ဒါအိုဆိပ်ကမ်းမှ သြဂုတ် ၂ဝရက်က ထွက်ခွာသွားကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
တရုတ်စစ် သင်္ဘောများသည် သြစတြေးလျနှင့် နယူးဇီလန် နိုင်ငံများသို့လည်း အလားတူ စစ်ရေး လေ့ ကျင့်ခန်းများ ပြုလုပ်ရန် ဆက်လက် သွားရောက်မည် ဖြစ်ကြောင်း သိရသည်။ တရုတ် ရေတပ်ဒုတိယ ဦးစီးချုပ် Xu Hong-meng က ၎င်းလေ့ကျင့်ရေး ခရီးစဉ်သည် စစ်ရေးဆိုင်ရာ သံတမန်နည်းလမ်း အရ အရေးပါသော စစ်ဆင်ရေးတစ်ရပ် ဖြစ်သည်ဟု သြဂုတ် ၂၁ ရက်တွင်ပြောကြားခဲ့သည်။

တရုတ်စစ် သင်္ဘောများ၏ အမေရိကန်သို့ သွားရောက် လေ့ကျင့်သည့် ခရီးစဉ်သည် တရုတ် ကာကွယ်ရေး ဝန်ကြီး ချန်ဝမ်ကွမ်က အမေရိကန်ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်လ် နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံ ယုံကြည် မှု မြှင့်တင်ရေးအတွက် စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားရန်ဆန္ဒ ရှိကြောင်း ပြော ဆိုခဲ့ပြီးနောက် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တရုတ်ရေတပ်သည် ၂ဝ၁၄ ခုနှစ်တွင် ပြုလုပ်မည် ဖြစ်သည့် Rim of the Pacific ဟု အမည်ရ သည့် နိုင်ငံတကာ ရေကြောင်း စစ်ရေးလေ့ကျင့်ခန်းတွင် ပထမဆုံးအကြိမ် ပါဝင်လေ့ကျင့် သွားမည်ဖြစ်ကြောင်း သိရသည်။
မြ၀တီ

No comments:

Post a Comment