Thursday 22 August 2013

အသင်းဖော် များနှင့်အတူ မိတ်ဆုံ စားပွဲ တက်ရောက်ခဲ့ သည့် ရွန်နီ

Photo: အသင်းဖော်များနှင့်အတူ မိတ်ဆုံစားပွဲ တက်ရောက်ခဲ့သည့် ရွန်နီ
Thursday, August 22, 2013

မန်ချက်စတာ ယူနိုက်တက် အသင်းသားများ အတူတကွ မိတ်ဆုံစားပွဲ တစ်ခုကို ပြုလုပ်ခဲ့ရာ အသင်းနှင့် ဆက်ဆံရေး မပြေမလည် ဖြစ်နေသည်ဟု သတင်းကြီးနေသည့် ဝိန်းရွန်နီက ဇနီးဖြစ်သူနှင့်အတူ စုံတွဲ တက်ရောက်
ခဲ့သည်ကို တွေ့ရသည်။ ချယ်လ်ဆီး အသင်းက စိတ်ဝင်စားနေသော ရွန်နီသည် ရာသီကြို လေ့ကျင့်ရေး အစီအစဉ်များတွင် အသင်းနှင့် ပူးပေါင်းခဲ့ခြင်း မရှိသော်လည်း ပရီးမီးယားလိဂ် ပွဲဦးထွက်အဖြစ် ဆွမ်ဆီးစီးတီးကို (၄-၁)ဖြင့် အနိုင်ယူခဲ့စဉ်က လူစားဝင် ကစားသွားခဲ့သည်။ အင်္ဂါနေ့ညက မန်နေဂျာ ဒေးဗစ်မိုယက်စ်ကိုယ်တိုင် ဦးဆောင် ကျင်းပခဲ့သော အသင်းသားများ မိတ်ဆုံညစာ စားပွဲတွင်မူ ရွန်နီသည် ဇနီးသည်
 ကောလင်းရွန်နီနှင့်အတူ ရောက်ရှိလာခဲ့သည်။ မန်ချက်စတာ မြို့တော်ခန်းမရှိ ဒင်းစ်ဂိတ်သို့ ရွန်နီနှင့် မိုယက်စ်တို့အပြင် အသင်းမှ နာမည်ကျော် ကစားသမား အများအပြားလည်း ချစ်သူများ၊ ဇနီးများနှင့်အတူ စုရုံးလာခဲ့သည်။

တွမ်ကလီဗာလေက ၎င်း၏ချစ်သူ ဂျော်ဂျီယာနာ ဒေါဆတ်ကို ခေါ်ဆောင်လာ
သလို ရော်ဘင်ဗန်ပါစီက ဇနီးသည် ဘူချရာ ဗန်ပါစီ၊ ရိုင်ယန်ဂစ်ကလည်း ဇနီးသည် စတေစီဂစ်တို့ကို အသီးသီး ပွဲထုတ်လာသည်။ နီမန်ယာ ဗီဒစ်သည် ဇနီးဖြစ်သူ အေနာ အိုင်ဗန်နိုဗစ်နှင့်အတူ ရောက်ရှိလာပြီး ဂျွန်နီအီဗန်စ်က လက်ထပ်ထားသည်မှာ လပိုင်းမျှသာ ရှိသေးသည့် ဟယ်လန် မက်ကောနဲလ်နှင့်အတူ ပွဲတက်ခဲ့သည်။ ခရစ်စမောလင်း၊ အက်ရှ်လေယန်းနှင့် ဖီးလ်ဂျုံးစ်တို့ကလည်း ၎င်းတို့၏ လက်တွဲဖော်
များနှင့်အတူ ရောက်ရှိလာခဲ့သည်ကို တွေ့ရသည်။ ဒေးဗစ်ဒီဂီယာ၊ ရှင်ဂျီကာဂါဝါ၊ အန်တိုနီယို ဗလန်စီယာ၊ ရီယိုဖာဒီနန်၊ ဒန်နီဝဲလ်ဘက်၊ ဝီလ်ဖရိုက်ဒ်ဇာဟာ၊ အလက်ဇန္ဒား ဘတ္တနာတို့မှာမူ အနှောင်အဖွဲ့ ကင်းကင်းနှင့်ပင် မိတ်ဆုံစားပွဲသို့ ရောက်ရှိလာသည်။

မိုယက်စ်သည် ယူနိုက်တက်၏ ပထမဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက် ကိုင်တွယ်ဖြတ်သန်းမှုတွင် (၄-၁)ဖြင့် အနိုင်ရခဲ့သည့်နောက် ကျေနပ်
စရာ ဖြစ်လာခဲ့သည်။ ရွန်နီသည် အဆိုပါ ပွဲစဉ်တွင် မိနစ်ပိုင်းသာ ကစား
ဖူးပြီး သွင်းဂိုး(၂)ဂိုးကို ဖန်တီးပေးနိုင်ခဲ့သည်။ ၎င်းသည် အသင်းသားများ ဂိုးသွင်းပြီး အောင်ပွဲခံချိန်တွင် အတန်ငယ် ကင်းကွာနေဟန် ရှိသော်လည်း ဗန်ပါစီက ရွန်နီထံ သွားရောက် အောင်ပွဲခံ ဝေမျှခဲ့သည်ကိုလည်း
 တွေ့ရသည်။ ယခုကဲ့သို့ ပရီးမီးယားလိဂ် ချန်ပီယံ အသင်းသားများ စုံစုံညီညီ ရောက်ရှိလာချိန်တွင် ဖြတ်သွားဖြတ်လာ ပရိသတ် အချို့က ဖာဒီနန်နှင့် အချို့သော ကစားသမားများကို ခွင့်တောင်းကာ အမှတ်တရ ဓာတ်ပုံများ ရိုက်ယူခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network
မန်ချက်စတာ ယူနိုက်တက် အသင်းသားများ အတူတကွ မိတ်ဆုံစားပွဲ တစ်ခုကို ပြုလုပ်ခဲ့ရာ အသင်းနှင့် ဆက်ဆံရေး မပြေမလည် ဖြစ်နေသည်ဟု သတင်းကြီးနေသည့် ဝိန်းရွန်နီက ဇနီးဖြစ်သူနှင့်အတူ စုံတွဲ တက်ရောက် ခဲ့သည်ကို တွေ့ရသည်။ ချယ်လ်ဆီး အသင်းက စိတ်ဝင်စားနေသော ရွန်နီသည် ရာသီကြို လေ့ကျင့်ရေး အစီအစဉ်များတွင် အသင်းနှင့် ပူးပေါင်းခဲ့ခြင်း မရှိသော်လည်း ပရီးမီးယားလိဂ် ပွဲဦးထွက်အဖြစ် ဆွမ်ဆီးစီးတီးကို (၄-၁)ဖြင့် အနိုင်ယူခဲ့စဉ်က လူစားဝင် ကစားသွားခဲ့သည်။ အင်္ဂါနေ့ညက မန်နေဂျာ ဒေးဗစ်မိုယက်စ်ကိုယ်တိုင် ဦးဆောင် ကျင်းပခဲ့သော အသင်းသားများ မိတ်ဆုံညစာ စားပွဲတွင်မူ ရွန်နီသည် ဇနီးသည် ကောလင်းရွန်နီနှင့်အတူ ရောက်ရှိလာခဲ့သည်။ မန်ချက်စတာ မြို့တော်ခန်းမရှိ ဒင်းစ်ဂိတ်သို့ ရွန်နီနှင့် မိုယက်စ်တို့အပြင် အသင်းမှ နာမည်ကျော် ကစားသမား အများအပြားလည်း ချစ်သူများ၊ ဇနီးများနှင့်အတူ စုရုံးလာခဲ့သည်။

တွမ်ကလီဗာလေက ၎င်း၏ချစ်သူ ဂျော်ဂျီယာနာ ဒေါဆတ်ကို ခေါ်ဆောင်လာ သလို ရော်ဘင်ဗန်ပါစီက ဇနီးသည် ဘူချရာ ဗန်ပါစီ၊ ရိုင်ယန်ဂစ်ကလည်း ဇနီးသည် စတေစီဂစ်တို့ကို အသီးသီး ပွဲထုတ်လာသည်။ နီမန်ယာ ဗီဒစ်သည် ဇနီးဖြစ်သူ အေနာ အိုင်ဗန်နိုဗစ်နှင့်အတူ ရောက်ရှိလာပြီး ဂျွန်နီအီဗန်စ်က လက်ထပ်ထားသည်မှာ လပိုင်းမျှသာ ရှိသေးသည့် ဟယ်လန် မက်ကောနဲလ်နှင့်အတူ ပွဲတက်ခဲ့သည်။ ခရစ်စမောလင်း၊ အက်ရှ်လေယန်းနှင့် ဖီးလ်ဂျုံးစ်တို့ကလည်း ၎င်းတို့၏ လက်တွဲဖော် များနှင့်အတူ ရောက်ရှိ လာခဲ့သည်ကို တွေ့ရသည်။ ဒေးဗစ်ဒီဂီယာ၊ ရှင်ဂျီကာဂါဝါ၊ အန်တိုနီယို ဗလန်စီယာ၊ ရီယိုဖာဒီနန်၊ ဒန်နီဝဲလ်ဘက်၊ ဝီလ်ဖရိုက်ဒ်ဇာဟာ၊ အလက်ဇန္ဒား ဘတ္တနာတို့မှာမူ အနှောင်အဖွဲ့ ကင်းကင်းနှင့်ပင် မိတ်ဆုံစားပွဲသို့ ရောက်ရှိလာသည်။

မိုယက်စ်သည် ယူနိုက်တက်၏ ပထမဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက် ကိုင်တွယ်ဖြတ်သန်းမှုတွင် (၄-၁)ဖြင့် အနိုင်ရခဲ့သည့်နောက် ကျေနပ် စရာ ဖြစ်လာခဲ့သည်။ ရွန်နီသည် အဆိုပါ ပွဲစဉ်တွင် မိနစ်ပိုင်းသာ ကစား ဖူးပြီး သွင်းဂိုး(၂)ဂိုးကို ဖန်တီးပေးနိုင်ခဲ့သည်။ ၎င်းသည် အသင်းသားများ ဂိုးသွင်းပြီး အောင်ပွဲခံချိန်တွင် အတန်ငယ် ကင်းကွာနေဟန် ရှိသော်လည်း ဗန်ပါစီက ရွန်နီထံ သွားရောက် အောင်ပွဲခံ ဝေမျှ ခဲ့သည်ကို လည်း တွေ့ရသည်။ ယခုကဲ့သို့ ပရီးမီးယားလိဂ် ချန်ပီယံ အသင်းသားများ စုံစုံညီညီ ရောက်ရှိ လာချိန်တွင် ဖြတ်သွားဖြတ်လာ ပရိသတ် အချို့က ဖာဒီနန်နှင့် အချို့သော ကစားသမားများကို ခွင့်တောင်း ကာ အမှတ်တရ ဓာတ်ပုံများ ရိုက်ယူခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

No comments:

Post a Comment