Thursday 22 August 2013

ထိခိုက် ဒဏ်ရာများနှင့် အရိုးကျိုးခြင်း များကို အဆင့်မြင့် စက်များ သုံးကာ ကုသပေးတော့မည်

Photo: ထိခိုက်ဒဏ်ရာများနှင့် အရိုးကျိုးခြင်းများကို အဆင့်မြင့်စက်များသုံးကာ ကုသပေးတော့မည်
Thursday,  August 22, 2013

ထိခိုက် ဒဏ်ရာများနှင့် အရိုးကျိုးခြင်းများ ကို နိုင်ငံတကာတန်းတူ အဆင့်
မြင့်စက်ကိရိယာများသုံးကာ ကုသ ပေးနိုင်ပြီဖြစ်ကြောင်း ကြည့်မြင်တိုင် အရိုးရောဂါကုဆေးရုံမှ အရိုး အထူးကုခွဲစိတ်ဆရာဝန်ကြီး ပါ မောက္ခ
ဒေါက်တာဇော်ဝေစိုးက ပြောသည်။

ခေတ်မီစက်ကိရိယာများ ဟုဆိုရာတွင် ခွဲစိတ်ကုသနိုင်ရန် အရိုးအနေ
အထားကို သိရှိနိုင်သည့် Image Imtennifier (C-Arm) စက်လည်း
ပါဝင်ကာ နိုင်ငံတော် မှတိုးတက်သုံးစွဲလာသော ကျန်းမာရေးအသုံး
စရိတ်များအရ ခေတ် မီစက်ကိရိယာများကို ဝယ်ယူအသုံးပြုလာနိုင်
ခြင်းဖြစ်ကြောင်း သိရသည်။

''ဒီစက်ကိုအသုံးပြုခြင်းအား ဖြင့် အရိုးကိုမခွဲစိတ်ရဘဲ တည့် အောင်ပြုလုပ်ပြီး
ကျောက်ပတ်တီး ကို စီးနိုင်တယ်။ အရင်က အရိုးမ တည့်ရင် ပြန်မေ့ဆေး
ပေးပြီး ဓာတ်မှန်လဲ ပြန်ရိုက်တယ်။ အရိုးမတည့် တာကိုတွေ့ပြီးတော့မှ ဒုတိယ အကြိမ်မေ့ဆေးပေးပြီး ပြန်လည် တည့်မတ်ရတယ်။ ခွဲစိတ်ရတာ
တွေ လုပ်ခဲ့ရတယ်။ အခုမေ့ဆေး ဒါမှမဟုတ် ထုံဆေးတစ်ကြိမ်ပေး ပြီး အရိုးကြည့်တဲ့စက် (C-Arm) ကိုအသုံးပြုပြီးကုသရင် တစ်ကြိမ် တည်းနဲ့ အရိုးကိုတည့်မတ်အောင် ကုနိုင်တယ်''ဟုပြောသည်။

အရိုးကျိုးခြင်းများအတွက် ခွဲစိတ်ရာတွင် အဆိုပါစက်အသုံး ပြုခြင်းအားဖြင့် ကြီးမားစွာခွဲစိတ် ရခြင်းမရှိတော့ဘဲ သေးငယ်သည့် ခွဲစိတ်ကုသမှု၊
သွေးထွက်နည်းသည့် ခွဲစိတ်ကုသမှု၊ တိကျမှန်ကန်မြန် ဆန်သည့်ကုသ
မှုကို ပြုလုပ်လာ နိုင်ပြီဖြစ်ကြောင်း၊ နိုင်ငံတကာ အဆင့်မီသော အရိုးခွဲစိတ်
ကုသသည့် ကိရိယာပစ္စည်း AO-Instru-ment? AO-Technique များအ သုံးပြု၍ ခွဲစိတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

''အဆစ်တွေကို Key Hole အသုံးပြုပြီး ကြီးကြီးမားမား မခွဲ စိတ်ရဘဲ မှန်ပြောင်းကြည့်ကုသတဲ့ Arthroscopy နည်းနဲ့လဲ ကုသပေး နေပြီ။ အလားတူ အဆင့်မြင့်ကိ ရိယာတွေနဲ့ကုသမှုများကို နောင်လာမယ့်နှစ်တွေ
မှာ တိုင်းဒေသ ကြီး မြို့တော်တွေအထိ အဆင့် မြှင့်တိုးချဲ့ပြုလုပ်လာနိုင်ဖို့ စီစဉ် ဆောင်ရွက်နေပြီ''ဟုပြောသည်။

ဒူးဆစ်အစားထိုးခြင်း၊ တင် ပါးဆုံအဆစ်အစားထိုးခြင်းများ ပြုလုပ်နိုင်
သည့် ခွဲစိတ်ကိရိယာများကိုလည်း ဝယ်ယူဖြည့်တင်းထားပြီးဖြစ်ကြောင်း၊ အဆစ်အ တွင်းအစားထိုးသည့် အစားထိုး ပစ္စည်းများကို လူနာရှင်မှ ဝယ် ယူရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ယင်းအ ဆင့်မြင့်စက်များကို ရန်ကုန်ပြည် သူ့ဆေးရုံကြီး၊ မ/ဥက္ကလာပဆေး ရုံကြီး၊ သင်္ဃန်းကျွန်းဆေးရုံကြီး၊ ရန်ကုန်အရိုးရောဂါ
ကုဆေးရုံ (ကြည့်မြင်တိုင်)၊ မန္တလေး အရိုး ရောဂါကုဆေးရုံ၊ မန္တလေးပြည်သူ့ ဆေးရုံ၊ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီး၊ မကွေးဆေးတက္ကသိုလ် သင်ကြားရေးဆေးရုံကြီးများတွင် စတင်အသုံးပြုနေပြီဖြစ်သည်။

Yangon Media Group
ထိခိုက် ဒဏ်ရာများနှင့် အရိုးကျိုးခြင်းများ ကို နိုင်ငံတကာတန်းတူ အဆင့်မြင့်စက်ကိရိယာများသုံးကာ ကုသ ပေးနိုင်ပြီဖြစ်ကြောင်း ကြည့်မြင်တိုင် အရိုးရောဂါကုဆေးရုံမှ အရိုး အထူးကုခွဲစိတ်ဆရာဝန်ကြီး ပါ မောက္ခဒေါက်တာဇော်ဝေစိုးက ပြောသည်။
ခေတ်မီစက်ကိရိယာများ ဟုဆိုရာတွင် ခွဲစိတ်ကုသနိုင်ရန် အရိုးအနေအထားကို သိရှိနိုင်သည့် Image Imtennifier (C-Arm) စက်လည်းပါဝင်ကာ နိုင်ငံတော် မှတိုးတက်သုံးစွဲလာသော ကျန်းမာရေးအသုံး စရိတ်များအရ ခေတ် မီစက်ကိရိယာများကို ဝယ်ယူအသုံးပြုလာနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

''ဒီစက်ကိုအသုံးပြုခြင်းအား ဖြင့် အရိုးကိုမခွဲစိတ်ရဘဲ တည့် အောင်ပြုလုပ်ပြီး ကျောက်ပတ်တီးကို စီးနိုင် တယ်။ အရင်က အရိုးမ တည့်ရင် ပြန်မေ့ဆေးပေးပြီး ဓာတ်မှန်လဲ ပြန်ရိုက်တယ်။ အရိုးမတည့် တာကိုတွေ့ပြီးတော့မှ ဒုတိယ အကြိမ်မေ့ဆေးပေးပြီး ပြန်လည် တည့်မတ်ရတယ်။ ခွဲစိတ်ရတာတွေ လုပ်ခဲ့ရတယ်။ အခုမေ့ဆေး ဒါမှမဟုတ် ထုံဆေးတစ်ကြိမ်ပေးပြီး အရိုးကြည့်တဲ့စက် (C-Arm) ကို အသုံးပြုပြီးကုသရင် တစ်ကြိမ် တည်းနဲ့ အရိုးကိုတည့်မတ်အောင် ကုနိုင်တယ်''ဟုပြောသည်။

အရိုးကျိုးခြင်းများအတွက် ခွဲစိတ်ရာတွင် အဆိုပါစက်အသုံး ပြုခြင်းအားဖြင့် ကြီးမားစွာခွဲစိတ် ရခြင်း မရှိတော့ဘဲ သေးငယ်သည့် ခွဲစိတ်ကုသမှု၊ သွေးထွက်နည်းသည့် ခွဲစိတ်ကုသမှု၊ တိကျမှန်ကန်မြန် ဆန်သည့် ကုသမှုကို ပြုလုပ်လာ နိုင်ပြီဖြစ်ကြောင်း၊ နိုင်ငံတကာ အဆင့်မီသော အရိုးခွဲစိတ် ကုသသည့် ကိရိယာပစ္စည်း AO-Instru-ment? AO-Technique များအ သုံးပြု၍ ခွဲစိတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

''အဆစ်တွေကို Key Hole အသုံးပြုပြီး ကြီးကြီးမားမား မခွဲ စိတ်ရဘဲ မှန်ပြောင်းကြည့်ကုသတဲ့ Arthroscopy နည်းနဲ့လဲ ကုသပေး နေပြီ။ အလားတူ အဆင့်မြင့်ကိ ရိယာတွေနဲ့ကုသမှုများ ကို နောင်လာ မယ့်နှစ်တွေမှာ တိုင်းဒေသ ကြီး မြို့တော်တွေအထိ အဆင့် မြှင့်တိုးချဲ့ပြုလုပ်လာနိုင်ဖို့ စီစဉ် ဆောင်ရွက်နေပြီ''ဟုပြောသည်။

ဒူးဆစ်အစားထိုးခြင်း၊ တင် ပါးဆုံအဆစ်အစားထိုးခြင်းများ ပြုလုပ်နိုင်သည့် ခွဲစိတ်ကိရိယာများကိုလည်း ဝယ်ယူဖြည့်တင်းထားပြီးဖြစ်ကြောင်း၊ အဆစ်အတွင်းအစားထိုးသည့် အစားထိုးပစ္စည်းများကို လူနာရှင်မှ ဝယ် ယူရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ယင်းအ ဆင့်မြင့်စက်များကို ရန်ကုန်ပြည် သူ့ဆေးရုံကြီး၊ မ/ဥက္ကလာပဆေး ရုံကြီး၊ သင်္ဃန်းကျွန်းဆေးရုံကြီး၊ ရန်ကုန်အရိုးရောဂါကုဆေးရုံ (ကြည့်မြင်တိုင်)၊ မန္တလေး အရိုး ရောဂါကုဆေးရုံ၊ မန္တလေးပြည်သူ့ ဆေးရုံ၊ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီး၊ မကွေးဆေးတက္ကသိုလ် သင်ကြားရေးဆေးရုံကြီးများတွင် စတင်အသုံးပြုနေပြီဖြစ်သည်။
Yangon Media Group

No comments:

Post a Comment